မန်ယူနိုက်တက် vs အတ္တလန်တာ ၊ ချဲလ်ဆီး vs မယ်မို တို့ရဲ့ UCL ပွဲစဉ်တွေနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို ခန့်မှန်းလိုက်တဲ့ အိုဝင်

ချန်ပီယံလိဂ်
မန်ယူနိုက်တက် Vs အတ္တလန်တာ
ဒါဟာ ယူနိုက်တက်ရဲ့ ရာသီကို အဆုံးအဖြတ် ပွဲစဉ်လိုမျိုး ခံစားရပါတယ်။ ယူနိုက်တက်ရဲ့ form ဟာ သိပ်ပြီး ကောင်းမွန်ခြင်း မရှိဖြစ်နေပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်က လက်စတာကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဆိုးရှားအတွက် ဒီပွဲမှာ ဖိအားတွေ အတော်များလာခဲ့ပါတယ်။ ကျွန်တော်ကတော့ အိုးထရပ်ဖို့ဒ်မှာ အရမ်းကောင်းတဲ့ atmosphere ကို မြင်တွေ့ရဖို့ မျှော်လင့်ထားပြီး အတ္တလန်တာဟာ ဒါကို ဖြေရှင်းနိုင်ရန် ရုန်းကန်ရလိမ့်မယ်လို့ ထင်မိပါတယ်။ ဒါဟာ ဂိုးပြတ် နိုင်ပွဲ ဖြစ်လာမှာ မဟုတ်ပေမယ့် ယူနိုက်တက်တို့ ၂-၁ နဲ့ အနိုင်ရသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။

ချဲလ်ဆီး vs မယ်မို
နောက်ဆုံး အုပ်စုပွဲစဉ်မှာ ဂျူဗင်တပ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးဟာ ဒီပွဲကို အနိုင်ရဖို့ အလိုရှိနေမှာပါ။ မယ်မိုဟာ ဒီအုပ်စုမှာ အမှတ်မရသေးသလို သွင်းဂိုးလည်း မရှိသေးပါဘူး။ ဒီပွဲအပြီးမှာလည်း ပြောင်းလဲမှု ရှိလိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ကျွန်တော် ကတော့ သောမတ်တူချယ်ရဲ့ အသင်းပဲ ၂-၀ နဲ့ အနိုင်ရသွားမယ်လို့ ရွေးချယ်ချင်ပါတယ်။

ယူရိုပါလိဂ်
ဆဲတစ် vs ဖီရန်ဗာရိုစီ
အကယ်၍ ဆဲတစ်တို့ ဒီအုပ်စုကနေ တက်ရောက်ဖို့ အတွက် မျှော်လင့်ချက် ရှိချင်သေးတယ် ဆိုရင် ဒီပွဲမှာ အနိုင် ၃ မှတ် ရယူသွားဖို့ လိုအပ်ပါတယ်။ ဆဲတစ်ပက်ရဲ့ ထုံးစံအတိုင်းပဲ ပရိတ်သတ်တွေရဲ့ အားပေးမှုကတော့ ပြင်းထန်နေမှာပါ။ ကစားသမားတွေ ကလည်း ဒါကို တုန့်ပြန်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ကတော့ ဆဲတစ်တို့ ၂-၁ နဲ့ နိုင်မယ်လို့ ခန့်မှန်းပါတယ်။

စပါးတပ်မော်စကို vs လက်စတာ
မန်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပွဲဟာ လက်စတာရဲ့ ရာသီကို လှုပ်နှိုးလိုက်သလို ဖြစ်ရမှာပါ။ လက်စတာဟာ ယူနိုက်တက်နဲ့ ပွဲမတိုင်မီ ဒီရာသီ တာထွက် သိပ်မကောင်း ဖြစ်နေခဲ့ပြီး ဒီနိုင်ပွဲဟာ သူတို့ကို ကြီးမားတဲ့ အင်အား ဖြစ်စေလောက်ပါတယ်။ မော်စကိုကို သွားကစားရမယ့် ပွဲစဉ်ကလည်း လက်စတာ အတွက် လွယ်ကူနေမှာတော့ မဟုတ်ပါဘူး။ ကျွန်တော် ကတော့ လက်စတာတို့ ၁-၁ သာ ကစားနိုင်လိမ့်မယ်လို့ tip ပေးချင်ပါတယ်။

ရိန်းဂျား vs ဘရွန်ဘီ
ယူရိုပါလိဂ်မှာတော့ ရိန်းဂျား အတွက် စိတ်ပျက်စရာ တာထွက် ဖြစ်ခဲ့ပါတယ။် ဒါပေမယ့် ရိန်းဂျားဟာ ဘရွမ်ဘီနဲ့ ထိပ်တိုက် တွေ့ဆုံရမယ့် ပွဲစဉ် ၂ ပွဲမှာ ရမှတ် ၆ မှတ်ကို ပစ်မှတ်ထားနေမှာပါ။ ကျွန်တော် ကတော့ ရိန်းဂျားတို့ Ibrox မှာ ၂ ဂိုး ၁ ဂိုးနဲ့ ပွတ်ကာသီကာ နိုင်သွားလိမ့်မယ်လို့ အကြိုက်ပေးမိပါတယ်။

ဝက်ဟမ်း vs KRC ဂန့်
ဝက်ဟမ်းဟာ ပြည်တွင်းမှာကော ပြည်ပမှာပါ ဒီရာသီ အစ တာထွက်ကောင်းမွန်ခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ ၂ ပွဲ ကစား ၆ မှတ် ရရှိထားခဲ့ပြီး ဒီပွဲကိုသာ အနိုင်ရခဲ့မယ် ဆိုရင် နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် လက်တကမ်း အလိုကို ရောက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ ဒီပွဲမှာ ဝက်ဟမ်းရဲ့ နိုင်ပွဲကလွဲပြီး ဘာကိုမှ မမြင်မိပါဘူး။ ကျွန်တော် ကတော့ ဟမ်းမားတို့ ၂-၀ နဲ့ နိုင်မယ်လို့ ရွေးချယ်ပါတယ်။

SM