မန်ယူနိုက်တက်ကို အနိုင်ယူဖို့အတွက် လီဗာပူးရဲ့ Game plan ကို ထုတ်ဖော်လိုက်တဲ့ အလက်ဇန်းဒါးအာနိုး

ထရန်အလက်ဇန်းဒါးအာနိုးက ယနေ့ည မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ပွဲစဉ်မှာ ရလဒ်ကောင်းအတွက် အဓိက ကျမယ့် Foundation ဟာ လက်ရှိမှာ အကောင်းဆုံး ပုံစံရနေတဲ့ တိုက်စစ်ပိုင်း မဟုတ်ဘဲ လီဗာပူးရဲ့ ခံစစ်ပိုင်း ဖြစ်တယ်လို့ ဆိုသွားပါတယ်။ လီဗာပူးဟာ ယနေ့ညမှာ မန်ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ သွားရောက် ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပြီး ကလော့ရဲ့ အသင်းဟာ လက်ရှိမှာ ပုံစံကောင်းကို ရရှိနေပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဝက်ဖို့ဒ်ကို ပရီးမီးယားလိဂ်မှာ ၅-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကြားရက်မှာ အက်သလက်တီကိုမက်ဒရစ်ကို ၃-၂ နဲ့ အနိုင်ရခဲ့ပြန်တာကြောင့် ယုံကြည်မှုပိုင်းက မြင့်မားနေပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ တိုက်စစ် အကောင်းဆုံး အသင်းတွေထဲမှာ ပါဝင်နေပေမယ့် အလက်ဇန်းဒါးအာနိုးက ယူနိုက်တက်နဲ့ ပွဲစဉ်မှာ လီဗာပူးရဲ့ ခံစစ်ပိုင်းက အဓိက ကျလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အင်္ဂလန် လက်ရွေးစင်က ခရစ်စတီယာနိုရော်နယ်ဒို ၊ မားကပ်ရပ်ဖို့ဒ် နဲ့ မေဆင်ဂရင်းဝုဒ် တို့ရဲ့ ခြိမ်းခြောက်မှုဟာ ကြီးမားတယ်လို့ အသိအမှတ် ပြုလိုက်ပြီး သူတို့ရဲ့ ခံစစ်ပိုင်းက ဒါတွေကို ချေဖျက်နိုင်ခဲ့မယ် ဆိုရင် လီဗာပူးရဲ့ တိုက်စစ်မှုးတွေဟာ ယူနိုက်တက်ရဲ့ ခံစစ် အားနည်းမှုကို အခွင့်ကောင်း ယူနိုင်လိမ့်မယ်လို့ ခံစားမိနေပါတယ်။

အလက်ဇန်းဒါးအာနိုးက “ပထမဦးဆုံး အနေနဲ့ ဒီပွဲမှာ ကောင်းမွန်တဲ့ ခံစစ်ကစားပုံ ရှိနေဖို့ အရေးကြီးပါတယ်။ သူတို့မှာ ထူးချွန်တဲ့ တိုက်စစ် ကစားသမားတွေ ရှိနေပြီး ကျွန်တော်တို့ဟာ သူတို့ကို ငြိမ်သက်အောင် ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်။ သူတို့မှာ နာမည်ကြီး ကစားသမားတွေ ရှိပါတယ်။ သူတို့ဟာ ကြားရက်မှာတုန်းက အရမ်းကောင်းတဲ့ တိုက်စစ်ကစားဟန်နဲ့ comeback လုပ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ယုံကြည်မှု ပြည့်ဝနေမှာပါ။

ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခံစစ် shape ဟာ ရလဒ်ကောင်း အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်အတွက် အဓိက foundation ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအပိုင်းကို အရင်မှန်ကန်အောင် လုပ်ပြီး နောက်တန်း ကနေ ကစားကွက် တည်ဆောက်ကာ သူတို့ရဲ့ အားနည်းချက်တွေကို တိုက်ခိုက် သွားရမှာ ဖြစ်ပါတယ်။

သူတို့ ဘယ်အပိုင်းမှာ အားနည်းတယ် ၊ သူတို့ကို ကျော်ဖြတ်နိုင်အောင် ကျွန်တော်တို့ ဘယ်လို လုပ်သွားနိုင်တယ် ဆိုတာကို analyse လုပ်ခဲ့ပါတယ်။ ဒါဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ နည်းစနစ်ပိုင်း ဆိုင်ရာမှာကော စိတ်ခံစားမှုပိုင်းမှာပါ မြင့်မား နေမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဒီပွဲကို ယုံကြည်မှု အပြည့်နဲ့ ယှဉ်ပြိုင်သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ မာနေး ဆာလား ဖာမီနို တို့ရဲ့ တိုက်စစ်အစွမ်းနဲ့ အတူ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော အသင်း အဖြစ် ရပ်တည်လျက် ရှိနေပါတယ်။ ဒါပေမယ့်လည်း ဗာဂျယ်ဗန်ဒိုက် ပြန်လာခြင်းဟာ လီဗာပူးရဲ့ ခံစစ်ကို ပြန်လည် မာကျောသွားစေခဲ့ပြီး ကလော့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် ၈ ပွဲမှာ ပေးဂိုး ၆ ဂိုးသာ ရှိထားခဲ့ပါတယ်။

 

ဆာလား ကတော့ ဒီရာသီ လီဗာပူး အတွက် ခြေစွမ်းအပြနိုင်ဆုံး ကစားသမား တစ်ဦး ဖြစ်ပြီး ကလပ် အတွက် ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၁၂ ဂိုးထိ သွင်းယူပေးထားခဲ့ပြီး အလက်ဇန်းဒါးအာနိုးက လီဗာပူးအသင်းရဲ့ ညာခြမ်းက သူ့ရဲ့ ပါတနာကို ချီးကျူး သွားခဲ့ပါတယ်။

ထရန့်က “သူဟာ ကိုယ့်ရဲ့ အရည်အသွေး ပိုမို တိုးတက်ဖို့ နဲ့ သူ့ရဲ့ game ပိုမို ကောင်းမွန်စေဖို့ အတွက် အများကြီး အာရုံစိုက် ကြိုးစားသူ ဖြစ်ပါတယ်။ ကျွန်တော်ဟာ သူနဲ့ ကွင်းတွင်း ကွင်းပြင်ပ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက် ထားနိုင်သူပါ။ ဆာလားဟာ ကိုယ့်ကိုကိုယ်ကော ကိုယ့်မိသားစုပါ ဂုဏ်ယူရအောင် လုပ်ထားနိုင်ပါတယ်။ သူ ဒီရာသီမှာ ဒီပုံစံအတိုင်း ဆက်လုပ်နိုင်ဖို့ ကျွန်တော် မျှော်လင့်မိပါတယ်။” လို့ ပြောလိုက်ပါတယ်။

SM