မန်ချက်စတာ ယူနိုက်တက်မှာ ဘာတွေမှားယွင်းနေသလဲဆိုတာ လီဗာပူး ၊ ကလော့ပ် တို့နဲ့ ဥပမာပေး ထောက်ပြလိုက်တဲ့ ဂျေမီ ရက်ဒ်နပ်

လီဗာပူး အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း တစ်ဦး ဖြစ်သလို လက်ရှိ Sky Sports မှာ သတင်း သုံးသပ်သူ တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဂျေမီ ရက်ဒ်နပ် က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယာဂင် ကလော့ပ် ရဲ့ လီဗာပူး အသင်းလို ကြောက်ရွံ့စိတ် မဖြစ်ပေါ်စေဘူးလို့ သုံးသပ်သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင််းက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ လီဗာပူး အသင််းကို 5 ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြ ဆိုးလ်ရှားဟာ အထုတ်ခံရဖို့ ဖိအားတွေအောက် ကျရောက်သွားခဲ့ပေမဲ့ အသင်းရဲ့ တာဝန်ရှိသူတွေ သူ့ကို ဆက်လက် ထောက်ခံနေခဲ့တဲ့ အတွက် ရာထူးမြဲနေခဲ့ရပါတယ် ။

ဒါပေမဲ့ ဒီရာထူး ဘယ်လောက်အထိ ဆက်မြဲမလဲဆိုတာကို ယူနိုက်တက်တို့ ရှေ့ဆက် ကစားကြရမဲ့ တော့တင်ဟမ် ၊ အတ္တလန္တာ နဲ့ မန်စီးတီး အသင်းမှ ပွဲစဥ်တွေက အဆုံးအဖြတ်် ပေးသွားဖို့ ရှိနေပါတယ် ။ ဒါ့ကြောင့် ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ နိုင်ငံ့ ပွဲစဥ်တွေ မတိုင်မီ ဘာဖြစ်မလဲဆိုတာ သိရဖို့ ရှိနေပါပြီ ။

အခုတော့ ယူနိုက်တက်တို့ တော့တင်ဟမ် ဟော့ စပါး အသင််းနဲ့ ရင်ဆိုင်ကြမဲ့ ပွဲစဥ်မတိုင်မီမှာ ဂျေမီ ရက်ဒ်နပ် က နည်းစနစ် ကြွယ်ဝမှု တစ်ခုထဲက ဆိုးလ်ရှား နဲ့ ကလော့ပ်တို့ရဲ့ အကြားမှ အဓိက အကျဆုံး ခြားနားချက် မဟုတ်ကြောင်း ၊ လာမဲ့ပွဲစဥ်တွေမှာ ရှုံးခဲ့ရင် ဆိုးလ်ရှား ထုတ်ခံရလိမ့်မယ်လို့ ထင်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူတို့တွေဟာ အချိန်အနည်းငယ် ယူခဲ့လိုက်ကြပါပြီ ။ ဒါပေမဲ့ အဲ့ဒီ အချိန်အတွင်း သူတို့ တော့တင်ဟမ် ကို ရှုံးနိမ့်ခဲ့မယ် ၊ နှစ်ပွဲလောက် ရှုံးသွားမယ်ဆိုရင် ဆိုးလ်ရှားဟာ ဆက်နေနိုင်မှာ မဟုတ်တော့ပါဘူး ။ သူ့အတွက် ခက်ခဲနေပါလိမ့်မယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အိုလီ ဂန်နား ဆိုးလ်ရှား ဖြစ်နေလို့ပါပဲ ”

” သူဟာ အသင်းရဲ့ ပရိသတ်တွေ လေးစားသမှု ထားကြတဲ့ ကစားသမားဟောင်း တစ်ဦးပါပဲ ။ အဲ့တာကိုကြည့်ပြီး သူ့ဟာသူ ထွက်သွားမယ်ဆိုရင်လည်း ဒါက မှန်ကန်နေမှာ မဟုတ်သေးပါဘူး ။ အသင်းဟာ သူရောက်လာကတည််းက ငွေတွေ အများကြီး ထုတ်ပေးခဲ့တယ်လေ ။ အသင်းကို သူ အခုလို ထားခဲ့လို့ မဖြစ်နိုင်ပါဘူး ”

” သူတို့ဟာ ခမ်းနားတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ အခြားအသင်းတွေနဲ့ မိုင်ပေါင်းများစွာ ဝေးကွာနေဆဲပါပဲ ။ လူတွေ အားလုံးက စီမံကိန်း တစ်ခု ရှိနေရမယ် ၊ နည်းစနစ်တစ်ခု ရှိနေရမယ်ဆိုပြီး ပြောဆိုနေခဲ့ကြပါတယ် ။ နည်းပြတစ်ဦး အနေနဲ့ ခင်ဗျား ရနိုင်တဲ့ အကောင်းဆုံး နည်းစနစ်က ကစားသမားတွေ ခင်ဗျားတို့ အတွက် ကစားပေးရေးပါပဲ ”

” လီဗာပူး အသင်းက အဲ့တာကို ပိုင်ဆိုင်ထားခဲ့ပါတယ် ။ နည်းပြ အတွက်ဆို သူတို့ ဘာမဆို လုပ်ပေးကြမှာ ပါပဲ ။ သူတို့ ပြေးမယ် ၊ လိုက်မယ် ၊ အလျင်လိုစွာ ကစားပေးကြမယ် ။ ဒါတွေကို လုပ်ပြနေကြဦးမှာပါပဲ ။ အဲ့ဒီလိုလုပ်ပေးဖို့ ဆိုတာက နည်းစနစ်ပိုင်းနဲ့ ဘာမှကို မဆိုင်ပါဘူး ။ ဒါကို လုပ်ပြဖို့ နည်းစနစ် မလိုပါဘူး ”

” အကယ်လို့ မင်း နောက်ပြန် မလိုက်ရင် နောက်ပွဲတော့ အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းကနေ ထွက်ခွာရလိမ့်မယ် ဆိုတာမျိုးက ကစားသမားတွေကို အကောင်းဆုံး ကစားစေခြင်း မဟုတ်ပဲ ကြောက်စိတ် ထည့်သွင်းနေခြင်းပဲ ဖြစ်သွားပါလိမ့်မယ် ။ ကြောက်ကြောက်နဲ့ ကစားရရင် အမှားတွေ ဖြစ်လာမှာပါပဲ ”

” အခု မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ အဲ့ဒီလို မကစားကြဘူးလို့ ခံစားနေရပါတယ် ။ ဒါဟာ သူတို့ရဲ့ ဘဝပဲ ၊ သူတို့ရဲ့ နေရာပဲ ဆိုတဲ့ စိတ်ဓါတ် ခံယူချက်တွေနဲ့ ကစားနေကြတယ်လို့ကို မခံစားရပါဘူး ။ အခုလို ပြောရခြင်းက လီဗာပူး နဲ့ ဇွတ်တွေ ခိုင်းနှိုင်းပြဖို့ ကြိုးစားနေတာတော့ မဟုတ်ရပါဘူး ”

” လီဗာပူး ကစားသမားတွေက ကလော့ပ်ကို ကြောက်ရွံ့ကြပါတယ် ။ အဲ့တာက ကောင်းမွန်သော ကြောက်ရွံ့ခြင်းပါ ။ ဒါ့ကြောင့် သူတို့ ရလဒ်တွေ ကောင်းနေခဲ့ရတာလေ ။ ဒါပေမဲ့ အိုလီရဲ့ လက်အောက်မှာတော့ ကစားသမားတွေက နည်းပြကို ကြောက်ရွံ့ပုံ ပေါ်မနေကြပါဘူး ”

” ခင်ဗျားရဲ့ ကစားသမားတွေကို ပွဲစဥ်တွေ ကစားစေတဲ့အခါ ကြောက်စိတ်တွေ ထည့်သွင်းပေးနိုင်ဖို့ လိုအပ်ပါတယ်် ။ အဲ့ဒီလို လုပ်ပြဖို့ နည်းစနစ်ပိုင်းတွေ ဘာတွေညာတွေ မလိုအပ်ပါဘူး ” လို့ ဂျေမီ ရက်ဒ်နပ်က လီဗာပူး၊ ကလော့ပ် တို့နဲ့ နှိုင်းယှဥ် ​ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar