‘ မက်ဆီဟာ ဘောလုံးရဲ့ နတ်ဘုရားပါ ‘ လို့ အမွှမ်းတင်လိုက်ပြီး လက်ရွေးစင် အသင်းဖော်ရဲ့ ကောင်းကွက်တွေကို ပြောပြလိုက်တဲ့ စပါးနောက်ခံလူ ရိုမဲရိုး

တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ နောက်ခံလူ ခရစ္စတီယံ ရိုမဲရိုး အတွက်တော့ ပြီးခဲ့တဲ့ နွေတုန်းက အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ ကိုပါ အမေရိက ဖလား ဆွတ်ခူး နိုင်ခဲ့ခြင်းက ကစားသမား ဘဝရဲ့ ပထမဦးဆုံး ဆုဖလား အောင်မြင်မှု ရရှိခြင်း ဖြစ်သွားခဲ့ရပါတယ် ။

ခရစ္စတီယံ ရိုမဲရိုးဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အတ္တလန္တာ အသင်းအတွက် ပုံစံကောင်းတွေကို ပြသရင်း စီးရီးအေ ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းထဲ ပါဝင် နိုင်သူ ဖြစ်ခဲ့ရပါတယ် ။ ဒါ့ကြောင့် သူဟာ အာဂျင်တီးနား အတွက် ကိုပါ အမေရိက ပြိုင်ပွဲမှာ ပွဲတိုင်း ကစားပေးခဲ့ရတာပဲ ဖြစ်ပါတယ် ။

ကိုပါ အမေရိက ပြိုင်ပွဲမှာလည်း သူဟာ ဂိုးသမား မာတီနက်ဇ် နည်းတူ အသင်းရဲ့ ခံစစ်ကို အတော်လေး လုံခြုံမှု ပေးနိုင်ခဲ့ခြင်းက အာဂျင်တိုင်းသားတွေကို အောင်မြင်မှု ရရှိစေရေးမှာ အရေးပါခဲ့ပါတယ် ။ သူဟာ ကိုပါ အမေရိက ပြိုင်ပွဲမှာလည်း အကောင်းဆုံး အသင်း စာရင်းထဲ ပါဝင််ခဲ့ပါသေးတယ် ။

အခုတော့ ဒီရာသီ အတွင်း အတ္တလန္တာ ကနေ တောတင်ဟမ် ဟော့ စပါး အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ခရစ္စတီယံ ရိုမဲရိုး က အာဂျင်တီးနား နဲ့ အတူ ဆုဖလား ဆွတ်ခူးနိုင်ခြင်းက တုနှိုင်းမရတဲ့ ခံစားချက် ဖြစ်စေကြောင်း ဖွင့်ဟလိုက်ပြီး လက်ရွေးစင် အသင်းဖော်ဖြစ်သူ မက်ဆီကို ဘောလုံးရဲ့ နတ်ဘုရားလို့ အမွှမ်းတင်ခဲ့လိုက်ပါတယ် ။

” နိုင်ငံ့ အသင်းနဲ့ ဆုဖလားတွေ ဆွတ်ခူးခြင်း ဆိုတာက တုနှိုင်းမရတဲ့ အရာတစ်ခုပါ ။ ပြီးခဲ့တဲ့ နွေတုန်းက ကိုပါ အမေရိက ဖလား ဆွတ်ခူးနိုင်ခြင်းက ကစားသမား ဘဝရဲ့ အကောင်းဆုံး အခိုက်အတန့် ဖြစ်ခဲ့ရပါတယ် ။ နိုင်ငံ့ အသင်းအတွက် ကစားပေးရတာကို ကျွန်တော် ချစ်မြတ််နိုးလှပါတယ် ”

” မက်ဆီနဲ့ အတူ တွဲဖက်ကစားရတာကတော့ တကယ့်ကို စစ်မှန်တဲ့ ပျော်ရွှင်မှုပါပဲ ။ ကျွန်တော် သူ့ကို ကစားသမား တစ်ဦးအဖြစ်ပဲ သိရှိခဲ့တာပါ ။ သူဟာ ​ဘောလုံး လောကရဲ့ နတ်ဘုရား ပါပဲ ။ သူ့ကို အသင်းဖော် အဖြစ် ၊ တစ်နိုင်ငံတည်းသားအဖြစ် ပိုင်ဆိုင်ရတာ စစ်မှန်လွန်းတဲ့ အထူး အခွင့်အရေး တစ်ရပ်ပါပဲ ”

” သူဟာ လူငယ် ကစားသမားတွေ ၊ အသင်းဖော်တွေကို အမြဲတမ်း ကူညီပေးသူ ဖြစ်နေခဲ့ ပါတယ် ။ ကျွန်တော် သူ့ကို လက်ရွေးစင် အသင်းမှာ ပထမဆုံး မြင်တွေ့ခဲ့စဥ်တုန်းက အနေအထိုင် အေးဆေးပြီး ၊ အရမ်းကို ဆာလောင်နေတတ်တဲ့ ကစားသမား ဖြစ်နေတာ သတိထားမိခဲ့ပါသေးတယ် ”

” ကျွန်တော့် အတွက်တော့ သူဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ပါပဲ ။ သူနဲ့ အတူ အသင်း တစ်သင်းထဲမှာ တွဲဖက် ကစားရခြင်းက အမြဲတမ်း ပျော်ရွှင်စရာတွေကိုပဲ ဖြစ်ပေါ်စေခဲ့ရ ပါတယ် ” လို့ ရိုမဲရိုး က လက်ရွေးစင် အသင််းဖော် ဖြစ်သူကို အမွှမ်းတင် ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီတစ်ပါတ်မှာတော့ ရိုမဲရိုးရဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းဟာ အိမ်ကွင်းမှာ ခရစ္စတီယာနို ရော်နယ်ဒို ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဧည့်ခံ ကစား သွားရဖို့ ရှိနေပါတယ် ။ ဒီလို ပွဲစဥ်မျိုး မတိုင်မီ မက်ဆီကို အကောင်းဆုံးလို့ ပြောခြင်းက ရော်နယ်ဒို အပေါ် ဘယ်လို သက်ရောက်စေမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

#Sports_Myanmar