ဘာတိုမြူ ရဲ့ အဘယ်ကြောင့်ဆိုသော် . . . .

“ကျွန်တော်တို့ ( ဘာစီလိုနာမှာ ရှိနေတုန်းက ) လုပ်ခဲ့တဲ့ အပြောင်းအရွှေ့ အချို့ဟာ အောင်မြင်တဲ့ အပြောင်းအရွှေ့တွေ မဖြစ်ခဲ့ ပါဘူး ။ အသင်းကို လည်း ထိခိုက်စေခဲ့ ပါတယ် ။ ဒါပေမယ့် ဘောလုံးမှာ ဒါမျိုးတွေ က ဖြစ်တတ်ကြတာပါပဲ”

“အမ်ဘာပေ ကို ခေါ်ဖို့ ကိစ္စက စားပွဲပေါ် ရောက်လာတဲ့ အထိ နီးစပ်ခဲ့ ပါတယ် ။ ဒါပေမယ့် အဲ့ဒိ တုန်းက နည်းပြက ဒမ်ဘီလီ ကို ပိုကြိုက် ခဲ့ပါတယ် ၊ ဘာလို့လည်း ဆိုတော့ ကွင်းထဲမှာ ပြိုင်ဘက်တွေ ကို မွှေနှောက်ပြီး လမ်းကြောင်းဖွင့်ပေးမယ့် သူကို လိုအပ် လို့ပါပဲ”

“ကော်တင်ဟို က အင်နီယေစတာ ထွက်သွားတာကြောင့် ရောက်လာတာပါ ။ အဲ့ဒိတုန်းက သူဟာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကစားသမားပါ ။ ဒမ်ဘီလီ ကိုလည်း နေမာ ထွက်သွားလို့ ခေါ်ခဲ့တာပါ ။ သူတို့ ၂ ယောက်ကို ခေါ်လိုက်တုန်းက အားလုံးက လက်ခုပ်တီး ခဲ့ကြတာပါ ။ ဒါပေမယ့် မျှော်လင့်ထားသလို အမြဲတမ်း မဖြစ်လာတတ် ပါဘူး”

“ဂရစ်ဇ်မန်း ကို ကျတော့ နည်းပြက တောင်းဆိုခဲ့တာပါ ။ ပြင်သစ်သား ဟာ နှစ်တနှစ်ရဲ့ အကောင်းဆုံး ခေါ်ယူမှု ဖြစ်လာဖို့ ရည်ရွယ်ခဲ့ ပါတယ် ။ ဘာလို့လည်း ဆိုတော့ လူးဝစ် ဆွာရက် က ဒဏ်ရာတွေ နဲ့ လုံးပန်း နေရတာကြောင့်ပါ ။ ဂရစ်ဇ်မန်း က ဆွာရက် နဲ့ ကွဲပြားပါတယ် ၊ သူ့ရဲ့ စတိုင်က တမျိုးပါ ၊ အသင်းလိုက် ကစားတာကို ပိုပြီး အားသန်တဲ့သူပါ”

“မက်ဆီ ထွက်သွားတာက ပြဿနာကြီးပါပဲ ။ ၂၀၂၀ နွေရာသီ တုန်းက သူ ဆက်ရှိနေအောင် ကျွန်တော် အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရတာပါ ။ သူ ဆက်နေခဲ့ ပါတယ် ။ အခုတော့ သူ ဆက်နေချင်လျက် နဲ့ ထွက်ခဲ့ရ ပါတယ် ။ ချန်ပီယံလိဂ် ပြိုင်ဘက် တသင်းဆီကို မက်ဆီ ပြောင်းသွားတာမျိုး ဘယ်တော့မှ ကျွန်တော် ( ဆိုရင် ) အဖြစ်ခံမှာ မဟုတ်ပါဘူး”

“မက်ဆီ က ၂၀၂၀ ဇူလိုင်တုန်းက ၂ နှစ် စာချုပ်သစ် ချုပ်ဖို့ ကျွန်တော် နဲ့ သဘောတူထားခဲ့ တာပါ ။ အဲ့ဒိ နောက်မှာတော့ အားလုံး ပျက်ဆီးသွားခဲ့ ပါတယ် ။ ဘာလို့ ဒီလို ဖြစ်ရတာလဲ ဆိုတာ မက်ဆီ ကို ပဲ မေးကြည့်ရမှာပါ”

– Josep Maria Bartomeu ( former Barcelona President )

 

SM