ဘရာဇီးအတွက် ခြေစွမ်းကောင်းပြပြီးနောက် ဘယ်နေရာမှာ ကစားချင်သလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ ဖရက်ဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ ဖရက်ဒ် ကတော့ အခုထက်ပိုပြီး တိုက််စစ်ပိုင်း လိုက်ပါ ကစားပေးချင်ကြောင်း သူ့ရဲ့ ဆန္ဒကို ပထမဆုံး အကြိမ်အဖြစ် ထုတ်ဖော် ပြောကြား သွားခဲ့လိုက််ပါတယ် ။

ဘရာဇီး လက်ရွေးစင် ဖရက်ဒ်ဟာ မ​နေ့နံနက်က ဥရုဂွေး အသင်းကို ရင်ဆိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပွဲထွက် ကစားခွင့်ရရှိခဲ့ပြီး မန်ချက်စတာမှာ ကစားပေးထားထက် ပိုပြီး ထူးကဲသာလွန်တဲ့ ကွင်းအတွင်းစွမ်းဆောင်ရည်တွေကို ပြသသွားနိုင်ခဲ့ပါတယ် ။

ဖရက်ဒ်ဟာ မန်ချက်စတာမှာ ကွင်းလယ် ခံစစ် နေရာမှာသာ အမြဲလို ကစားခွင့် ရရှိခဲ့ပေမဲ့ ဘရာဇီးမှာတော့ ခံစစ် ပိုလုံတဲ့ ဖာဘင်ဟို နဲ့ တွဲဖက် ကစားခွင့် ရရှိခဲ့ချိန် တိုက်စစ်ကို မကြာခန တက်ရောက် ကစားခွင့် ရရှိခဲ့ပြီး နေမာရဲ့ အဖွင့်ဂိုးကိုလည်း ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။

အဲ့ဒီပွဲမှာ နေမာဆီ ဖရက်ဒ်ရဲ့ ဘောလုံး ပေးပို့မှု စွမ်းရည်ကို ကြည့်ရှုခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေဟာ အတော်လေး အံ့အားသင့်ခဲ့ကြသလို ချီးကျူးမှုတွေလည်း လုပ်ခဲ့ကြပါသေးတယ် ။ အခုတော့ ဖရက်ဒ် ကိုယ်တိုင်က box to box ကစားချင်ကြောင်း ထုတ်ပြောလိုက်ပါပြီ ။

” ကျွန်တော်တို့တွေဟာ ဒုတိယမြောက် ကွင်းလယ်ခံစစ် ကစားသမား ဖြစ်သူရဲ့ အခန်းကဏ္ဍ အကြောင်းအရာကို အတော်လေး ပြောဖြစ်ကြပါတယ် ။ ဥရောပမှာတော့ ဒါကို ကျွန်တော်တို့တွေဟာ box to box ကစားတယ်လို့ ခေါ်ဆိုကြပါတယ် ”

” ဒီလို နေရာမှာ ခင်ဗျားဟာ ဘောလုံး ဆွဲယူတာ လုပ်ခွင့် ရရှိသလို တိုက်စစ်ကိုလည်း ပိုပြီး လိုက်ပါ ကစားခွင့် ရရှိတတ်ပါတယ် ။ အကယ်လို့ အသင်းဟာ တိုက်စစ်ပိုင်းမှာ ဘောလုံး ဆုံးရှုံးသွားပြီဆိုရင်တော့ ချက်ချင်း ပြန်လိုက်ဆယ်ဖို့ ခင်ဗျားဟာ အဲ့ဒီမှာ အသင့်ရှိနေရပါတယ် ”

” ကျွန်တော်တော့ အဲ့ဒီလို ကစားရတာမျိုးကို တကယ်ပဲ နှစ်သက်လှပါတယ် ။ အဲ့လိုကစားရတာ ပိုကြိုက်ပါတယ် ။ ကျွန်တော် အကြိုက်ဆုံး ကစားပုံကတော့ တက်နိုင်သလောက်် တိုက်စစ်ပိုင်းမှာ ပါဝင်ပတ်သက်ခွင့်ရတဲ့ ကစားပုံပါပဲ ” လို့ ဖရက်ဒ် က ပြောခဲ့လိုက် ပါတယ် ။

အဆိုပါ ပွဲစဥ် အတွင်း ဘရာဇီးဖက်မှ နေမာ ၊ ရာဖင်ဟာ (2ဂိုး) နဲ့ ဘာဘိုဆာ တို့ ဂိုးသွင်းပြီး 4 – 1 နဲ့ နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဖရက်ဒ် ကတော့ ဒီလို နိုင်ပွဲမှ သူ့ရဲ့ စွမ်းဆောင်ရည်အတွက် တကယ်ပဲ ကျေနပ် အားရမိကြောင်း ထပ်ဆင့် ပြောကြား သွားခဲ့လိုက်ပါတယ် ။

” နိုင်ပွဲအတွက် အရမ်းပျော်ပါတယ်၊ တကယ့်ကို ခမ်းနားတဲ့ ပွဲစဥ်ပါပဲ ။ ဒါက နိုင်ငံ့ အသင်းအတွက် ကျွန်တော် အကောင််းဆုံး ကစားပေးနိုင်ခဲ့တဲ့ ပွဲစဥ် တစ်ပွဲ ဖြစ်သွားခဲ့ရပါတယ် ။ ကျွန်တော် တိုက်စစ်ပိုင်းကို ပိုပြီး တက်ရောက် ကစားခွင့် ရရှိခဲ့တယ်လေ ”

” ခံစစ် ကစားရတဲ့အချိန်မှာလည်း ဘောလုံး အပျက်မခံပဲ ပြန်လည် ဖိအားပေး ကစားနိုင်ခဲ့ပါတယ် ။ ခံစစ်ကစားပုံလည်း ကောင်းခဲ့တာပေါ့ဗျာ ။ ဒါဟာ အားလုံး အတွက် ခမ်းနားတဲ့ ပွဲစဥ်တစ်ပွဲပါပဲ ။ ကျွန်တော် အရမ်းပျော်နေပါတယ် ” လို့ ဖရက်ဒ် က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar