ဘယ်အသင်းတွေက ကမ္ဘာ့အကောင်းဆုံးလဲဆိုတာကို အဆင့်သတ်မှတ်ပေးလိုက်တဲ့ စူပါကွန်ပျူတာ (အသင်း 20)

စူပါ ကွန်ပျူတာ ဖြစ်တဲ့ Five Thirty Eight က ဒီတစ်ကြိမ််မှာတော့ ဘောလုံး အသင်းတွေရဲ့ Soccer Power Index ကို အခြေခံပြီး အဆင့် သတ်မှတ်ပေးလိုက်ရာမှာ မန်ချက်စတာ အခြေစိုက် အသင်းတွေ ဖြစ်ကြတဲ့ မန်စီးတီး နဲ့ ယူနိုက်တက် တို့ဟာ အဆင့်ကျသွားခဲ့ကြပါတယ် ။

Soccer Power Index (SPI) ဆိုတာ စူပါ ကွန်ပျူတာရဲ့ ခန့်မှန်းတွက်ချက်မှုတွေကို အတက်နိုင်ဆုံး နီးစပ်အောင် ထောက််ပံ့ပေးတဲ့ အချက်အလက်သာ ဖြစ်ပြီး အသင်းရဲ့ အင်အား တောင့်တင်းမှု ၊ တိုက်စစ် နဲ့ ခံစစ်ပိုင်း ကစားပုံ rating တွေကို ထည့်သွင်း တွက်ချက်ပေးတာပဲ ဖြစ်ပါတယ် ။

တိုက်စစ်ပိုင်း ကစားပုံ rating ဆိုတာက အသင်း တစ်သင််း ပွဲစဥ် ကစားတဲ့ အခါမှာ ဂိုးဘယ်လောက် ရသင့်သလဲ ၊ ပွဲပြီးသွားတဲ့ အခါမှာရော ဂိုးဘယ်လောက် ရရှိသွားသလဲ ဆိုတဲ့ ခြားနားချက်အပေါ် မူတည်ပြီး အဆင့် သတ်မှတ်ပေးခြင်းပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ခံစစ်ပိုင်း rating ကလည်း အလားတူပဲ ဖြစ်ပါတယ် ။ အကယ်လို့ အသင်း တစ်သင်းဟာ တစ်ဂိုးမျှသာ ပေးသင့်တဲ့ ပွဲစဥ်မျိုးမှာ နှစ်ဂိုး ပေးခဲ့ရရင် သူ့ရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည် ကျဆင်းသွားမှာ ဖြစ်ပြီး Power Index လည်း လျော့ကျသွားမှာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် အသင်း တစ်သင်း ပွဲစဥ် အနည်းငယ် ကစားပြီးချိန်မှာ စူပါ ကွန်ပျူတာဟာ သူတို့ရဲ့ ပျမ်းမျှစွမ်းဆောင််ရည် တွေကို ထုတ်ယူပြီး ဒီလိုသာ ဆက်ကစားဖြစ်ခဲ့ရင် ရာသီအကုန်မှာ အမှတ် ဘယ်လောက်ထိ ရနိုင်မလဲဆိုတာကို အလိုအလျှောက် တွက်ချက်ပေးတာပဲ ဖြစ်ပါတယ် ။

အကယ်လို့ ရလဒ် ဆိုးရွားလွန်းနေတဲ့ အသင်းတစ်သင်းဟာ နောက်ပိုင်း ပွဲစဥ်တွေမှာ 4 ဂိုးပြတ် ၊ 5 ဂိုးပြတ်တွေချည််း နိုင်ပွဲဆက်ခဲ့ရင် (သို့) ရလဒ်တွေ ကောင်းမွန်လာခဲ့ရင် စူပါ ကွန်ပျူတာမှာလည်း သူ့ရဲ့ အဆင့် သတ်မှတ်ချက် ၊ rating တွေဟာ အလိုအလျောက် ထောင်တက်လာမှာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် လက်ရှိ ဘောလုံး ရာသီမှာ ရလဒ်တွေ ဆက်တိုက်် ကျဆင်းနေခဲ့သလို လက်စတာ ၊ လီဗာပူး နဲ့ ပွဲစဥ် နှစ်ပွဲမှာပဲ 9 ဂိုး အထိ ပေးခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဆင့်သတ်မှတ်ချက်တွေဟာ စူပါကွန််ပျူတာထဲမှာ အလိုအလျှောက် ကျဆင်းသွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီး အသင်းဟာလည်း 9 ပွဲ ကစားပြီး အမှတ် 20 သာ ရယူထားနိုင်မှု ၊ သွင်းဂိုး 20 မျှသာ သွင်းယူထားနိုင်ခဲ့မှုတွေကြောင့် အဆင့်ကျသွားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ မန်စီးတီးဟာ အင်အား တောင့်တင်းမှု အပိုင်းမှာ ဆက်လက် အားကောင်းဆဲ ဖြစ်နေတဲ့ အတွက် တစ်ဆင့်သာ ကျခဲ့ရပါတယ် ။

 

 

ဒီအဆင့် သတ်မှတ်ချက်မှာတော့ ဂျာမန်ဘီလူးကြီး ဘိုင်ယန် မြူးနစ် ကတော့ မန်စီးတီးကို ကျော်ပြီး အဆင့် တစ် နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ထိပ်သီး 5 သင်း စာရင်းမှာတော့ ပရီးမီးယားလိဂ် ထိပ်သီးတွေ ဖြစ်ကြတဲ့ မန်စီးတီး ၊ လီဗာပူး နဲ့ ချဲလ်ဆီး အသင််းတွေ ပါဝင်နေခဲ့ကြပါတယ် ။

ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ SPI 80.9 မျှသာ ရယူထားနိုင်ခဲ့မှုနဲ့ အတူ အဆင့် 13 နေရာထိ ကျဆင်းသွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ စူပါ ကွန်ပျူတာ မှ တွက်ချက်ဖော်ပြပေးလိုက်တဲ့ အကောင်းဆုံးအသင်းတွေရဲ့ အဆင့်တွေကို အစဥ်လိုက် ဖော်ပြပေးလိုက်ပါတယ် ။

 

(1) ဘိုင်ယန်မြူးနစ်
(2) မန်စီးတီး
(3) လီဗာပူး
(4) အေဂျက်ဇ်
(5) ချဲလ်ဆီး
(6) ရီးယဲ မက်ဒရစ်
(7) အက်သလက်တီကို မက်ဒရစ်
(😎 ဘာစီလိုနာ
(9) PSG
(10) RB လက်ပ်ဇစ်
(11) အင်တာမီလန်
(12) ဘိုရုရှား ဒေါ့မွန်
(13) မန်ချက်စတာ ယူနိုက်တက်
(14) နာပိုလီ
(15) RB ဆဲလ်ဘတ်
(16) ဂျူဗင်တပ်
(17) ပေါ်တို
(18) ဆီဗီလာ
(19) ရီးယဲ ဆိုစီဒတ်
(20) အတ်တလန်တာ

#Sports_Myanmar