‘ ပွဲမစခင်ထဲက ကျွန်တော်ပြောပါတယ် ‘ ဆိုးလ်ရှား ဘယ််တော့ ထုတ်ခံရမလဲဆိုတာ ပြောပြလိုက်ပြီး ယူနိုက်တက် ပရိသတ်တွေ မကြားချင်တဲ့စကား ပြောလိုက်တဲ့ ပေါလ် မာဆင်

မန်ချက်စတာ ယူနိုက်တက်နဲ့ လက်စတာစီးတီး အသင်းတို့ ကင်းပါဝါ ကွင်းထဲ ထိပ်တိုက် ရင်ဆိုင်ကြမယ့် ပွဲစဥ်မတိုင်မီမှာ ယူနိုက်တက် အပေါ် စိတ်ကုန်နေခဲ့တဲ့ အာဆင်နယ်် ဂန္တဝင် ပေါလ် မာဆင်က ယူနိုက်တက်တို့ ဒီပွဲမှာ ရှုံးနိမ့်ကြလိမ့်မယ်လို့ ကြိုတင် ခန့်မှန်းပေးခဲ့ပါသေးတယ် ။

ပေါလ် မာဆင်က ယူနိုက်တက်တို့ အဝေးကွင်းမှာ 2 – 1 နဲ့ ရှုံးနိမ့်ကြလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ လက်တွေ့မှာတော့ ရလဒ်က 4 – 2 အထိ ဖြစ်သွားခဲ့ရ ပါတယ် ။ အခုတော့ ပေါလ် မာဆင်က သူပြောထားခဲ့တဲ့ အတိုင်း ဖြစ််လာခဲ့ပြီလို့ ပြောသွားခဲ့လိုက်ပါတယ် ။

ဒါ့အပြင် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ပွဲကြပ်တွေ ဆက်တိုက် ကစားရမဲ့ နိုဝင်ဘာ ကာလကို ကျော်ဖြတ်နိုင်မှာ မဟုတ်ကြောင်း ၊ ကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ အမှတ််ပေးဖလားကို စိန်ခေါ်နိုင်လိမ့်ဦးမယ်လို့ ထင်ကြောင်း ပေါလ် မာဆင် က ဆက်လက် ပြောကြား သွားခဲ့လိုက်ပါတယ် ။

အဲ့ဒီနောက် ဆိုးလ်ရှားဟာ စိတ်ပျက်လက်ပျက် ဖြစ်နေလိမ့်မယ်လို့ ပေါလ် မာဆင်က ပြောကြားခဲ့လိုက်ပြီး ဒီလိုသာ ဆက်ဖြစ်နေဦးမယ်ဆိုရင် ရာသီ အကုန်မှာ အာဆင်နယ် အသင်းဟာ ယူနိုက်တက်ကို ကျော်ပြီး အမှတ်ပေး ဇယား ထိပ်သီး လေးသင်း စာရင်း ဝင်သွားလိမ့်မယ်လို့ ခန့်မှန်းခဲ့လိုက်ပါတယ် ။

” ဆိုးလ်ရှားဟာ စိတ်ပျက်လက်ပျက် ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ် ။ ပွဲမတိုင်ခင်ထဲက သူနိုဝင်ဘာကို ကျော်ဖြတ်နိုင်မလားလို့ ကျွန်တော် ပြောခဲ့ပါသေးတယ် ။ အကယ်လို့ ကျော်နိုင်ခဲ့ရင်တော့ ယူနိုက်တက်တို့ဟာ အမှတ််ပေး ဖလားဆုကို စိန်ခေါ်နိုင်ဦးမယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ ဆက်ကစားရမဲ့ ပွဲတွေက ကြပ်လွန်းလို့ပါပဲ ”

” လက်စတာနဲ့ ပွဲက အဲ့တာတွေရဲ့ အစဖြစ်ခဲ့ရပါတယ် ။ လက်စတာနဲ့ ပွဲက ခက်ခဲမှုတွေရဲ့ အစဖြစ်ခဲ့ပြီး သူတို့တွေလည်း 4 – 2 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် သွားခဲ့ကြပါတယ် ။ သူတို့ ဒီလို ရလဒ်နဲ့ ထိုက်တန်ခဲ့ကြပါတယ် ။ ဒါဟာ လက်စတာဖက်က စွတ်ကောင်းပြီး အနိုင်ရသွားတဲ့ ပွဲမျိုးတော့ မဟုတ်ခဲ့ရပါဘူး ”

” လက်စတာဟာ 1 – 0 နဲ့ ရှုံးနိမ့်နေခဲ့ပါတယ် ။ အဲ့ဒီနောက်် လက်စတာဟာ သူတင်ကိုယ်တင် ပြန်ကစားနိုင်ခဲ့ပြီး ဂိုးတွေ ပြန်သွင်းဖို့ နီးစပ်ခဲ့ပါတယ် ။ အဲ့ဒီနောက် သူတို့တွေဟာ တိုင်လီမန်း ၊ ဆိုယွန်ကူ တို့တွေရဲ့ သွင်းဂိုးတွေနဲ့ အတူ ပွဲစဥ်ကို ပြန်လည် ဦးဆောင်သွားနိုင်ခဲ့ကြပါတယ် ”

” ယူနိုက်တက်တို့ 2 – 1 နဲ့ ရှုံးနိမ့် နေခဲ့တဲ့ ပွဲမှာ ဆိုးလ်ရှားက မာတစ်ကို ထုတ်ပြီး တော်မီနေးကို ထည့်ခဲ့ ပါတယ် ။ ဒါ့အပြင် ဂိုးသွင်းခဲ့ပြီး အမြဲလို ခြိမ်းခြောက်နေခဲ့တဲ့ ဂရင်းဝုဒ် ကိုပါထုတ်ပြီး လင်ဂတ်ကို ထည့်သွင်းခဲ့ပါတယ် ။ အဲ့ဒီနောက် သူတို့ 2 – 2 ဖြစ်ခဲ့ကြပါသေးတယ် ”

” ဒါပေမဲ့ ပွဲပြန်စပြီး 15 စက္ကန့် အကြာမှာပဲ သူတို့ 3 – 2 နဲ့ ရှုံးသွားခဲ့ကြပြီး အဆုံးသတ်မှာတော့ ဒါကာက ဂိုးသွင်းရင််း အဆုံးအဖြတ် ပေးခဲ့လိုက်ပါတယ် ။ သူတို့…. ယူနိုက်တက် ရုန်းကန်နေတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ပွဲမစခင်ကလည်း လက်စတာ နိုင်လိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ပါသေးတယ် ”

 

” ကျွန်တော့် အတွက်တော့ ယူနိုက်တက်ဟာ ရုန်းကန်နေရတဲ့ အသင်းတစ်သင်းပါပဲ ။ အာဆင်နယ်ဟာ သူတို့တွေကို ကျော်ပြီး ထိပ်သီး လေးသင်းစာရင်း ဝင်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ် ။ ကျွန်တော့်ရဲ့ ဒီအတွေးကို ပြောင်းလဲသွားဖို့ မရှိပါဘူး ” လို့ ပေါလ် မာဆင် က ယူနိုက်တက် ပရိသတ်တွေ မကြားချင်တဲ့ စကားလုံးနဲ့ စကားဝိုင်းကို အဆုံးသတ်ခဲ့လိုက်ပါတယ် ။

#Sports_Myanmar