ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အတွက် ခန့်မှန်းချက်များ

ဒီတပတ် မှာတော့ ဖိအားတွေအောက် ကို ရောက်နေကြတဲ့ အိုလေ ဂန်နာ ဆိုးရှား နဲ့ နူနို ဆန်းတိုစ့် တို့ ရင်ဆိုင် တွေ့ဆုံ ကြပါပြီ ။ ဒါတင် မကပါဘူး ။ လက်စတာ နဲ့ အာဆင်နယ် ၊ အဲဗာတန် နဲ့ ဝက်စ်ဟမ်း အသင်းတို့ရဲ့ ပွဲတွေ ကလည်း ပရိသတ်တွေ ကို ရင်ခုန် စိတ်လှုပ်ရှား စေဦးမှာပါ ။

ဒါကြောင့် ဒီတပတ် ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အတွက် Sky Sports က လူးဝစ် ဂျုံးစ် ရဲ့ သုံးသပ်ချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

 

၁ ။ လက်စတာ စီးတီး – အာဆင်နယ်

 

အာဆင်နယ် က ထိပ်သီး အသင်း တသင်းရဲ့ ပုံစံမျိုး နဲ့ ပြန် လာနေပါပြီ ။ သောကြာနေ့ တုန်းက ဗီလာ ကို အနိုင် ယူခဲ့တဲ့ သူတိ့ု ရဲ့ ကစားပုံက ဒါကို ပြသ ခဲ့ ပါတယ် ။

ဒါပေမယ့် ခုချိန်ထိတော့ အာဆင်နယ် အပေါ် အပြည့် အ၀ ယုံကြည်လို့ မရ သး ပါဘူး ။ ဂါဘရီရယ် ၊ ရမ်းစဒဲလ် နဲ့ ဘန်ဝှိုက် တို့ ရဲ့ အာဆင်နယ် ခံစစ် ကတော့ နောက်ပိုင်း ပွဲတွေ မှာ အတွဲ မိသထက် မိလာ ခဲ့ ပါပြီ ။

လက်စတာ ရဲ့ ပြိုင်ဘက် ဧရိယာ ထဲက ကစားပုံမှာ အားနည်းချက်တွေ ရှိပါ သေးတယ် ။ ဒါကြောင့် ဒီပွဲက ဂိုးများဖို့ အလားအလာ နည်းတဲ့ ပွဲ ဖြစ်လာမှာပါ ။

ခန့်မှန်းချက် – လက်စတာ ၀ – ၁ အာဆင်နယ်

၂ ။ လီဗာပူး – ဘရိုက်တန်

ဒီတပွဲတော့ လီဗာပူး ဘက်မှာ ကျွန်တော် မနေချင် ပါဘူး ။ ဘရိုက်တန် ရဲ့ ခံစစ် ကစားပုံ ကြောင့်ပါ ။ လီဗာပူး ကစားရ ကြပ်အောင် ဧရိယာထဲမှာ သူတို့ စုပြုံပိတ်ဆို့ ကစား ကြမှာ သေချာပါတယ် ။ လီဗာပူးက ပုံစံကောင်းတွေ ရပြီး နိုင်ပွဲတွေ ဆက်နေပေမယ့် ဒီတပွဲတော့ သူတို့ ခန ရပ်မယ့် ပွဲဖြစ်မယ်လို့ ထင်ပါတယ် ။

ခန့်မှန်းချက် လီဗာပူး ဝ-၀ ဘရိုက်တန်

၃ ။ မန်ချက်စတာ စီးတီး – ခရစ္စတယ် ပဲလေ့စ်

ဂျက်ဂရီလစ် နဲ့ ကန်ဆယ်လို တို့ရဲ့ စီးတီး ဘယ်တောင်ပံ က တော်တော်လေး အတွဲ မိနေပါပြီ ။ စီးတီးရဲ့ ကစားပုံကလည်း ပွဲတိုင်း အတွဲမိနေဆဲပါ ။ ဗီရာယာရဲ့ပဲလေ့စ်က စိတ်ဓါတ်မာကြောပြီး အသင်းလိုက် ကစားပုံ ရှိပါတယ် ။ ဒါပေမယ့် စီးတီးဆီက အမှတ်ခွဲယူဖို့ အတွက်တော့ မလုံလောက်ပါဘူး ။

ခန့်မှန်းချက် – မန်ချက်စတာစီးတီး ၂-၀ ပဲလေ့စ်

၄ ။ နယူးကာဆယ် – ချဲလ်ဆီး

ဒီပွဲမှာ ၂ သင်းစလုံး ဂိုးသွင်း နိုင်မယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် အနိုင် ရမယ့် အသင်းကိုတော့ ခက်ခက် ခဲခဲ ရွေးရမှာ မဟုတ်ပါဘူး ။ ချဲလ်ဆီး ဟာ ခုချိန် အထိ ကျွန်တော့ရဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် ရှိနေ ပါတယ် ။ အခုလည်း ဒါနဲ့ ထိုက်တန်မှုကို သူတို့ ထပ်ပြကြဦးမှာပါ ။

ခန့်မှန်းချက် – နယူးကာဆယ် ၁-၂ ချဲလ်ဆီး

၅ ။ တော့တင်ဟမ် ဟော့စပါး – မန်ချက်စတာ ယူနိုက်တက်

နည်းပြ ၂ ယောက်စလုံး ဖိအားတွေ နဲ့ပါ ။ ဒါပေမယ့် အိုလေဂန်နာ ဆိုးရှား က နည်းစနစ် မရှိပါဘူး ။ ကိန်း ၊ ဆွန်ဟောင်မင် နဲ့ အန်ဒွန်ဘီလီ တို့က ဒီနေ့ပွဲမှာ ယူနိုက်တက် ကစားသမားတွေ ကို ကောင်းကောင်း မွှေနှောက် နေဦးမှာပါ ။ ပေါ့ဘာမပါတာက ယူနိုက်တက် ကွင်းလယ်ကို အားလျော့စေမှာ အမှန်ပါပဲ ။

ယူနိုက်တက် ကစားသမားတွေ ဘယ်လောက်ရုန်းကန်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ သရေကျဖို့ များပါတယ် ။ နိုင်မယ်ဆိုရင်တော့ အိမ်ရှင်ပါပဲ ။

ခန့်မှန်းချက် – စပါး ၂-၁ မန်ယူနိုက်တက်

အခြား ပွဲစဉ် ခန့်မှန်းချက်များ –

 

၆ ။ ဘန်လေ ဝ-၀ ဘရန့်ဖိုဒ့်

 

၇ ။ ဝက်ဖိုဒ့် ၁-၁ ဆောက်သမ်တန်

 

၈ ။ နောဝှစ် ၁-၃ လိဒ် ယူနိုက်တက်

 

၉ ။ အက်စတွန်ဗီလာ ဝ-၂ ဝက်စ်ဟမ်း

 

၁၀ ။ ဝုဗ် ဝ-၀ အဲဗာတန်

 

SPORTS MYANMAR