ပရီးမီးယားလိဂ်ပွဲစဉ် ၈ အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်များ

၁) ဝက်ဖို့ဒ် vs လီဗာပူး
မန်ချက်စတာစီးတီးနဲ့ စိတ်လှုပ်ရှားဖွယ် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ကလော့ရဲ့ အသင်းသားတွေဟာ international break ကနေ ကောင်းမွန်တဲ့ စိတ်ဓာတ်တွေနဲ့ ပြန်လာမယ် ဆိုတာ သေချာပါတယ်။ မိုဆာလားဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ပြီး စီးတီးနဲ့ပွဲစဉ်က သွင်းဂိုးကတော့ တကယ့်ကို လက်ဖျားခါလောက်ပါတယ်။ သူ့ရဲ့ အင်အား မြန်နှုန်း နဲ့ တည်ငြိမ်စွာ အဆုံးသတ်မှုတွေဟာ တကယ့်ကို ကမ္ဘာ့အဆင့်ပါပဲ။ ဆာလား ကြည့်ရတာ ပွဲတိုင်း ဂိုးသွင်းနိုင်မယ့် ပုံစံပါပဲ။

ဝက်ဖို့ဒ်ဟာ လိဒ်ကို ရှုံးခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ခြေစွမ်းဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ မူးနော့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာကို ကျွန်တော် အံ့သြနေဆဲပါ။ ဒီကလပ်ဟာ လုပ်ဆောင်ပုံဟာ အခြားကလပ်တွေနဲ့ ကွဲပြားတယ် ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ရာနေရီကို ပရီးမီးယားလိဂ်မှာ ပြန်တွေ့ရတဲ့ အတွက် အံ့အားမိနေဆဲပါ။ သူဟာ နည်းပြကောင်း တစ်ဦးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒါဟာ သူ့အတွက် ကြီးမားတဲ့ တောင်းဆိုမှု ဖြစ်ပါတယ်။ ပထမပွဲစဉ်မှာတင် သူ့အတွက် ခက်ခဲလှတဲ့ စမ်းသပ်မှုက စောင့်ကြိုနေပြီး ကျွန်တော် ကတော့ လီဗာပူးဟာ ဝက်ဖို့ဒ် အတွက် တောင့်တင်းလွန်းနေပြီး ၂-၀ နဲ့ နိုင်သွားလိမ့်မယ်လို့ ထင်ပါတယ်။

၂) လက်စတာ vs မန်ယူနိုက်တက်
လက်စတာ ကတော့ ခက်ခဲတဲ့ ပွဲစဉ်တွေ တောက်လျှောက် ကစားခဲ့ရပါတယ်။ သူတို့ဟာ သြဂုတ်လနောက်ပိုင်း လိဂ်ပြိုင်ပွဲမှာ နိုင်ပွဲ ပျောက်နေခဲ့ပါတယ်။ ဆိုးဆိုးရွားရွား ကစားနေတာ မဟုတ်ပေမယ့် ပေးဂိုးတွေ တအား များလွန်းနေတဲ့ အပြင် အဓိက တိုက်စစ်မှုး ဗာဒီရဲ့ သွင်းဂိုးတွေ အပေါ် တအား မှီခိုနေရပါတယ်။ သူတို့ရဲ့ form ဟာ အတက်ဘက်ကို ပြန်ရောက်လာမှာ ဖြစ်ပေမယ့် ဒီပွဲတော့ မဟုတ်နိုင်ပါဘူး။

ယူနိုက်တက်ဟာ ဗီလာကို ရှုံးကာ အဲဗာတန်ကို သရေကျသွားလိမ့်မယ်လို့ ကျွန်တော် မမြင်မိခဲ့ပါဘူး။ ဒါ့ကြောင့် ဖိအားတွေဟာ အိုလီ့ အပေါ် ကျရောက်လာခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက် ကလည်း ပုံစံကောင်း ပျောက်နေခဲ့ကာ ဆိုးရှားအနေနဲ့ ၎င်းနဲ့ ခရစ်စတီယာနို ဆီက အကောင်းဆုံး ပုံစံကို ရှာဖွေသွားဖို့ လိုအပ်နေပါတယ်။ ဖိအားတွေ ကျရောက်လာခဲ့တဲ့ အခါ အိုလီဟာ အမြဲတမ်း ရလဒ်ကောင်းတွေ ရယူနိုင်လေ့ ရှိပါတယ်။

လက်စတာဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း ယူနိုက်တက်ကို အိမ်ကွင်းမှာ နိုင်ထားခဲ့ခြင်း မရှိပါဘူး။ ဒါ့ကြောင့် ဒီပွဲဟာ ယူနိုက်တက်နဲ့ သင့်တော်တဲ့ ပွဲစဉ် ဖြစ်နေပါတယ်။ ခံစစ်မှာ ဒဏ်ရာပြသနာတွေ ရှိနေပေမယ့် ကျွန်တော် ကတော့ ယူနိုက်တက်တို့ ၂-၁ နဲ့ ကပ်နိုင်သွားလိမ့်မယ်လို့ ထင်ပါတယ်။

၃) မန်စီးတီး Vs ဘန်လေ
စီးတီးဟာ အန်ဖီးမှာ ကစားခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန်အများစုမှာ တအားကောင်းခဲ့ပါတယ်။ ပဲရစ်မှာတုန်းကလိုပဲ စီးတီးဟာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ရှုံးခဲ့ရသလိုမျိုးပါ။ စီးတီးဟာ အားလုံး ကျော်ဖြတ်ရမယ့် အသင်းအဖြစ် ရှိနေဆဲ ဖြစ်ပြီး သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ ဂိုးသွင်းကောင်းသူ တစ်ဦးသာ ရှိနေမယ် ဆိုရင် ရပ်တန့်လို့ ရနိုင်မှာ မဟုတ်ပါဘူး။

ဘန်လေရဲ့ ကစားပုံဟာ တစ်ဖြည်းဖြည်း တိုးတက်လာခဲ့ပေမယ့် လိဂ်ပြိုင်ပွဲမှာ နိုင်ပွဲပျောက်နေဆဲပါ။ ရှောင်ဒိုက်ဟာ နောက်ဆုံးပွဲစဉ်မှာ နော့ရစ်ချ်ကို အနိုင်ကစားဖို့ ပစ်မှတ်ထားခဲ့ပေမယ့်လည်း ဝ-၀ ဆိုတဲ့ ရလဒ်ဟာ အကူအညီ မဖြစ်ခဲ့ပါဘူး။ ကျွန်တော် ကတော့ ဒီပွဲမှာ နိုင်မယ့် အသင်းတစ်သင်းကိုပဲ မြင်မိပါတယ်။ စီးတီးဟာ အိမ်ကွင်းမှာ သူတို့ အနိုင်ရသင့်တဲ့ အသင်းတွေကို အမြဲတမ်း အနိုင်ယူလေ့ရှိပါတယ်။ ကျွန်တော် ကတော့ စီးတီးတို့ ၃-၀ နဲ့ သက်တောင့်သက်သာ နိုင်သွားမယ်လို့ ခန့်မှန်းပါတယ်။

၄) ဘရန့်ဖို့ဒ် vs ချဲလ်ဆီး
ဝက်ဟမ်းကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ ဘရန့်ဖို့ဒ်ကတော့ တကယ့်ကို ချီးကျူးစရာပါပဲ။ သူတို့ရဲ့ ဒီရာသီ တာထွက်အပေါ် ကျွန်တော် အံ့အားသင့်နေဆဲ ဖြစ်ပါတယ်။ သူတို့ဟာ လူတွေရဲ့ အာရုံစိုက်မှုကနေ လွတ်ကင်းနေပါတယ်။ သောမတ်ဖရန့်ဟာ သူ့အသင်းကို စုစည်းမှု ရှိအောင် လုပ်နိုင်ခဲ့ပြီး ပွဲတိုင်းမှာ အန္တရာယ် ပေးနိုင်တဲ့ ပုံစံကို တည်ဆောက်ထားပါတယ်။ သူတို့ဟာ ပေးဂိုး ၆ ဂိုးသာ ရှိထားခဲ့ပြီး ၃ ဂိုးက လီဗာပူးနဲ့ပွဲမှာ ဖြစ်ပါတယ်။ ဒီပွဲကတော့ the Bees တို့အတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခုပါ။

စီးတီးနဲ့ ဂျူဗီ တို့ကို ဆက်တိုက် ရှုံးခဲ့ပြီးနောက် ချဲလ်ဆီးဟာ ဆောက်သမ်တန်ကို အနိုင်ယူကာ ပြန်လည် ရုန်းထွက်ခဲ့ပါတယ်။ နိုင်ငံတကာ ပွဲစဉ်ကာလဟာ ချဲလ်ဆီး အတွက် အချိန်ကောင်းဖြစ်ပြီး သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရဖို့ အတွက် ပြန်လည် အားမွေးခွင့်ရခဲ့ပါတယ်။ ဒါဟာ the Blues တို့အတွက် လွယ်ကူတဲ့ ပွဲစဉ်တော့ မဟုတ်ပေမယ့် ချဲလ်ဆီးဟာ ဘရန့်ဖို့ဒ် အတွက် တအား တောင့်တင်းလွန်းတယ်လို့ ထင်ပါတယ်။ ချဲလ်ဆီးတို့ ၂-၀ နဲ့ နိုင်မယ်လို့ ကျွန်တော် ခန့်မှန်းချင်ပါတယ်။

၅~နယူးကာဆယ် vs တော့တင်ဟမ်
ပိုင်ရှင်သစ် ပြောင်းလဲပြီးတဲ့ အချိန်မှာ နယူးကာဆယ်ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည် ဘယ်လို ဖြစ်လာမလဲဆိုတာ ကျွန်တော် စိတ်ဝင်စားနေပါတယ်။ စပါးကတော့ ဒီရာသီ ခြေစွမ်းတည်ငြိမ်မှု မရှိ ဖြစ်နေပေမယ့် နောက်ဆုံးပွဲစဉ်မှာ ဗီလာကို အနိုင်ယူထားခဲ့ပါတယ်။ ဒါဟာ နူနိုအတွက် အရေးပါတဲ့အချိန်ဖြစ်ပြီး နိုင်ပွဲတွေ ရယူသွားဖို့ လိုအပ်နေပါတယ်။

မိုက်အက်ရှ်လေ လက်အောက်ကနေ လွတ်မြောက်ခဲ့တဲ့ အတွက် ပျော်ရွှင်နေတဲ့ နယူးကာဆယ် ပရိတ်သတ်တွေကြောင့် ဒီပွဲရဲ့ atmosphere ကတော့ တကယ့်ကို စပယ်ရှယ် ဖြစ်နေမှာပါ။ ကွင်းလုံးပြည့် လာရောက် အားပေးကြမှာ ဖြစ်ပြီး ကျွန်တော်ကတော့ ရင်ခုန်နေပါတယ်။ နယူးကာဆယ်ဟာ ဒီပွဲကို အနိုင်ရလောက်တဲ့ စွမ်းရည်မရှိပေမယ့် သရေတစ်မှတ်တော့ ရယူနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ၁-၁ ဖြစ်မယ့်ပွဲပါ။

 

၆) အာဆင်နယ် vs ခရစ်စတယ်ပဲလေ့စ်
လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ အတွက် အာတီတာနဲ့ အာဆင်နယ်ကို ချီးကျူးသွားရမှာ ဖြစ်ပါတယ်။ ကစားပုံက အရမ်း အကောင်းကြီး မဟုတ်ပေမယ့် သူတို့ဟာ နောက်ဆုံး ၄ ပွဲမှာ ၁၀ မှတ်ထိ ရယူထားခဲ့ပါတယ်။ ဒီကနေ အာဆင်နယ် တို့ top 6 ဝင်အောင် စတင်တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။

ပဲလေ့စ်ဟာ နောက်ဆုံးပွဲစဉ် ၂ ပွဲမှာ သရေကျခဲ့ပေမယ့် လက်စတာနဲ့ပွဲမှာ ၂-၀ ကနေ သရေကျအောင် ကစားနိုင်ခဲ့ပြီး သူတို့ရဲ့ character ကို ပြသနိုင်ခဲ့ပါတယ်။ ဗီအဲရာဟာ ကောင်းကောင်း လုပ်ပြလျက် ရှိနေပေမယ့် နိုင်ပွဲတွေ ရယူပေးသွားဖို့တော့ လိုနေဆဲပါ။ အသင်းဟောင်း အာဆင်နယ်ကို မန်နေဂျာ အဖြစ် ပြန်လည် ရင်ဆိုင်ရတဲ့ အတွက် ဒါဟာ ဗီအဲရာ အတွက် စပယ်ရှယ်နေ့ ဖြစ်နေမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူ့ရဲ့ အသင်းဟာ လုံလောက်တဲ့ အရည်အသွေး ရှိမနေပါဘူး။ ကျွန်တော် ကတော့ အာဆင်နယ်တို့ ၂-၁ နဲ့ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။

 

အခြားပွဲစဉ်များ
ဆောက်သမ်တန် ၁-၁ လိဒ်
နော့ရစ်ချ် ၁-၂ ဘရိုက်တန်
အက်စတွန်ဗီလာ ၁-၁ ဝုဖ်
အဲဗာတန် ၂-၁ ဝက်ဟမ်း

SPORTS MYANMAR