ပထမပိုင်းအပြီး “ရှုံးမှာပဲ” လို့ အပိုင်တွက်ခဲ့တဲ့ကြားက အံ့ဖွယ် comeback နဲ့ အနိုင်ယူသွားခဲ့တဲ့ ယူနိုက်တက် 3 – 2 အတ္တလန္တာ ပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ

ဒီပွဲမှာတော့ မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်လာပြီ ဖြစ်တာကြောင့် ပွဲစဥ် စတင်တာနဲ့ ယူနိုက်တက် ကစားသမားတွေဟာ ဆက်တိုက်ဆိုသလို ဖိအားပေး တိုက်စစ်ဆင်ခဲ့ကြပြီး အခွင့်အရေးကောင််းတွေလည်း ရယူနိုင်ခဲ့ကြတဲ့အတွက် ဒီပွဲကတော့ မြိုင်ပြီပဲဟေ့လို့ တွေးချင်စရာ ဖြစ်သွားခဲ့ရပါတယ် ။

ဒါပေမဲ့ ဂိုးသမားနဲ့ တစ်ဦးချင်း တွေ့တဲ့အခါ အဆုံးသတ် ညံ့ခဲ့တဲ့ ရပ်ရှ်ဖို့ ၊ ပြိုင်ဖက် ဂိုးသမား အရှေ့တက်နေခဲ့ချိန် ခပ်လှမ်းလှမ်းကနေ ဂိုးပေါက်ကန်သွင်းလိုက်တာကို လူမကျော်ခဲ့တဲ့ ရပ်ရှ်ဖို့ ၊ အခွင့်အရေး ရနိုင်ခဲ့ပေမဲ့ နံပါတ် 9လို စွမ်းရည် မပြနိုင်ခဲ့တဲ့ ရော်နယ်ဒို တို့ကြောင့် အစောပိုင်းမိနစ််တွေမှာ ယူနိုက်တက် ပရိသတ်တွေ စိတ်ညစ်ခဲ့ကြရပါတယ် ။

အဲ့ဒီ စိတ်ညစ်မှုတွေကို စိတ်ပျက်စရာ အဖြစ် ပြောင်းလဲ ပေးလိုက်တာကတော့ အခွင့်အရေး ရရှိတာနဲ့ ချက်ချင်းပဲ ဂိုးတွေ သွင်းပြနိုင်ခဲ့ကြတဲ့ ပွဲချိန် 15 မိနစ် ၊ 29 မိနစ်မှ ပါဆာလစ် ၊ ဒီမီရယ် တို့ရဲ့ သွင်းဂိုးတွေပဲ ဖြစ်ပါတယ် ။ ဒီပွဲရဲ့ ပထမ ပေးဂိုးမှာတော့ တော်မီနေးဟာ လူကပ် ကစားပုံ ညံ့ခဲ့ပြီး မက်ဂွားယားကတော့ ရှိသင့်တဲ့နေရာမှာ ရှိမနေခဲ့ပါဘူး ။

ဒါ့အပြင် ဒုတိယ ပေးဂိုးမှာလည်း တော်မီနေး ၊ မက်ဂွားယား နဲ့ လုခ်ရှော တို့ သုံးဦးလုံး အမှား မကင်းခဲ့ကြတဲ့အတွက်် ကွင်းလယ် ခံစစ် ကစားသမားနှစ်ဦးထားပြီ ကစားတာကလည်း အလုပ်မဖြစ်လောက်ဘူးလို့ ထင်စရာ ဖြစ်သွားခဲ့ရပါတယ် ။ ထို့အတူ ယူနိုက်တက်တို့လဲ ပထမပိုင်း ဂိုးပြန်မသွင်းနိုင်ပဲ 2 – 0 နဲ့ ရှုံးခဲ့တဲ့အတွက် ဒီပွဲလည်း ရှုံးပြီပဲလို့ တွက်ဆစရာ ဖြစ်သွားခဲ့ရပါတယ် ။

ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ပွဲချိန်တစ်လျှောက် ဂိုးပေါက်် ကန်ချက်တွေ လွဲပြီးရင်း လွဲနေခဲ့တဲ့ ရပ်ရှ်ဖို့က တစ်ဂိုး ပြန်လည် သွင်းယူလိုက်ခဲ့တဲ့နောက် ယူနိုက်တက် အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ ထွက်ပေါ်လာခဲ့ရပါတယ် ။ ဒါပေမဲ့ ဒီဂိုးသွင်းပြီး နောက်ထပ် မိနစ် 20 အတွင် ဘာမှ မထူးခြားခဲ့တဲ့ အတွက် ပြန်လာနိုင်ပါ့မလားလို့ ဇဝေဇဝါ ဖြစ်ခဲ့ကြရပါတယ် ။

 

အဲ့ဒီနောက် ပေါ့ဂ်ဘာ ၊ ဆန်ချို ၊ ကာဗာနီ တို့ ဝင်ရောက််လာမှုနဲ့အတူ ယူနိုက်တက်ရဲ့ ကစားပုံက ပိုမြိုင်ခဲ့ပြီး ပြိုင်ဖက် ခံစစ်ကို မကြာခန ဖိအားပေးနိုင်ခဲ့ပါတယ် ။ ဒါ့အပြင်် ယူနိုက်တက် ခံစစ်ကြောင်းကလည်း ပထမပိုင်း ကစားပုံနဲ့ လုံးဝခြားနားသွားခဲ့ပြီး အမှားတွေ နည်းသထက် နည်းအောင် ကစားပြသွားနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ပထမဂိုးကို ဖန်တီးပေးသွားခဲ့တဲ့ ဘရူနို ဖာနန််ဒက်စ် ကပဲ ဆန်ချိုဆီက ရတဲ့ ဘောလုံးကို ဂိုးဧရိယာထဲ ပေးပို့ခဲ့လိုက်ရာ မက်ဂွားယားဆီ ကွက်တိ ရောက်ရှိသွားခဲ့ပြီး အလိုက်သင့် ကန်သွင်းလိုက်ရာကနေ ယူနိုက်တက်တို့ ခြေပဂိုး ရရှိသွားနိုင်ခဲ့ကြပါတယ် ။ အဲ့ဒီနောက်ရုတ်ချည်း တိုးတက်ပြောင်းလဲသွားတာက ယူနိုက်တက်အသင်းသားတွေရဲ့ စိတ်ဓါတ်ပါပဲ ။

အနိုင်မကန်နိုင်ရင်တောင် အနည်းဆုံး သရေရလဒ်တော့ အရယူမယ် ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ အတူ အစွမ်းကုန် ပြန်ကစားခဲ့ကြပြီး ရော်နယ်ဒို ၊ ကာဗာနီ တို့လည်း ခံစစ်အထိ မရမက ဆင်းကူခဲ့ကြတာကို အံ့ဖွယ် မြင်တွေ့ခဲ့ရပါတယ် ။ ရော်နယ်ဒိုလို တိုက်စစ်မှာပဲ နေရတာ ပျော်မွေ့တဲ့ အသက်် 36 နှစ်အရွယ် ကစားသမားက ခံစစ်ဆင်းကူဖို့ အားကုန်် ပြေးလာတာတွေက အရှုံးရလဒ်ကို ဘယ်လောက်တောင်် မလိုချင်သလဲဆိုတာ ထင်ပေါ်စေခဲ့ပါတယ် ။

အဲ့ဒီနောက် 6 မိနစ် အကြာမှာပဲ မီးကုန်ယမ်းကုန် ကစားပေးနေခဲ့တဲ့ ရော်နယ်ဒိုက ဖြတ်တင်ဘောတွေ ညံ့လှတဲ့ လုခ်ရှော ပေးပို့မှုကို ခေါင်းတိုက်ပြီး အဖိုးတန်အနိုင်ဂိုး သွင််းယူပေးသွားနိုင်ခဲ့ပါတယ် ။ ဒီပွဲက ယူနိုက်တက် ကစားသ မားတွေရဲ့ သရဲနီ စိတ်ဓါတ်ကိုပါ ပြန်လည် မြင်တွေ့ခဲ့ရတဲ့ ပွဲစဥ် ဖြစ်သွားခဲ့ရတဲ့အတွက် အနိုင် သုံးမှတ်က ပရိသတ်တွေအတွက် ချိုမြိန်လွန်းခဲ့ရပါတယ် ။

ဒီပွဲမှာတော့ တိုက်စစ်ပိုင်းကို အတော်လေး တက်ရောက် ကစားပေးခွင့် ရရှိခဲ့တဲ့ ဖရက်ဒ်ရဲ့ ကစားပုံ ၊ ဘောလုံးပေးပို့မှု စွမ်းရည်တွေ တိုးတက်လာမှုကလည်း ချီးကျူးစရာ ဖြစ်သွားခဲ့ရပါတယ် ။ ဒီပွဲမှ ယူနိုက်တက် ကစားသမားတွေရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည် (rating) တွေကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (7)

ဒီနှစ် ယူနိုက်တက် အသင်းရဲ့ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး ကစားသမား ဖြစ်တယ်ဆိုတာကို ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု ၊ နှစ်ချက်ဆင့် ပုတ်ထုတ်မှုတွေနဲ့ ဆက်လက် သက်သေပြနိုင်ခဲ့ပါတယ် ။

ဘစ်ဆာကာ (6)

သူ့ဖက်က ခံစစ်ပေါက်တာမျိုး တော်ရုံမရှိစေခဲ့ပေမဲ့ တိုက််စစ်ကိုတော့ လိုက်ပါ ဖြည့်စွက်ရုံသာ ကစားပေးနိုင်ခဲ့ပြီး ထူးခြားမှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး ။ ပြနေကျ သာမန် စွမ်းဆောင်ရည်ကိုပဲ ဆက်ပြသနိုင်ခဲ့ပါတယ် ။

ဗစ်တာ လင်ဒီလော့ဖ် (5.5)

သူ့နေရာအတွက်တော့ တာဝန်ကျေခဲ့ပေမဲ့ ဘေးနားက အသင်းဖော် ညံ့နေခဲ့တဲ့ အချိန်တွေမှာ ဖြည့်စွက် ကစားပေးနိုင်စွမ်း ကင်းမဲ့နေခဲ့ပါတယ် ။ ဇာပါတာကို ထိန်းချုပ်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ် ။

မက်ဂွားယား (6)

ပေးဂိုး နှစ်ဂိုးလုံးအတွက် အမှားမကင်းသူ ဖြစ်ခဲ့ရပေမဲ့ နောက်ပိုင်း ကစားပုံ ပြန်လည် တည်ငြိမ်လာခဲ့သလို ခြေပဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ် ။

လုခ်ရှော (7)

သူ့ဖက်ခြမ်း ခံစစ်ပိုင်း အားနည်းချက်တွေ ဖြစ်ပေါ်ခဲ့သလို ဒုတိယပေးဂိုးအတွက်လည်း အမှား မကင်းသူ ဖြစ်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ တိုက်စစ်ပိုင်း တာဝန် ကျေပွန်ခဲ့ပြီး ရော်နယ်ဒိုရဲ့ အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

တော်မီနေး (5)

ကွင်းလယ်ပိုင်းရော ခံစစ် ကစားပုံ စွမ်းရည်ပါ သာမန်အောက် ကျဆင်းနေခဲ့ရပါတယ် ။ ဂိုးပေါက် ခြိမ်းခြောက်မှုတစ်ကြိမ် လုပ်ဆောင်နိုင်ခဲ့ပေမဲ့ ဂိုးတိုင်ထိပြီး ပြန်ထွက်ခဲ့ပါတယ် ။

ဖရက်ဒ် (6)

ဘောလုံး ပေးပို့မှု အနည်းငယ် မှားခဲ့တာက လွဲရင် သူ့ရဲ့ ကစားအား ၊ ပြိုင်ဖက်တွေကို စိတ်အနှောက်အယှက် ပေးနိုင်မှု အရည်အသွေးက ဒီပွဲမှာ ပိုမို ပေါ်လွင်ခဲ့ ပါတယ် ။ တိုးတက်လာပြီလို့ ဆိုရမဲ့ အရည်အသွေး အချို့ ပြသနိုင်ခဲ့ပါတယ် ။

ဂရင်းဝုဒ် (5)

တော်မီနေး နည်းတူ ဒီပွဲမှာ ညံ့ခဲ့သူ နောက်ထပ် တစ်ဦးကတော့ မေဆွန် ဂရင်းဝုဒ် ပါပဲ ။ အသင်းလိုက် ကစားဟန်တွေမှာ ပါဝင်ပတ်သက်နိုင်စွမ်း နည်းပါးနေခဲ့သလို တစ်ကိုယ်တော် စွမ်းရည်တွေလည်း မျှော်လင့်သလောက် မပြသနိုင်ခဲ့ပါဘူး ။

ဘရူနို (7)

ပထမပိုင်းမှာတော့ အတော်လေး ညံ့ခဲ့ပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ကစားပုံ လုံးဝ ပြောင်းလဲသွားခဲ့ရပြီး အခွင့်အရေးတွေ ဖန်တီးပေးနိုင်ခဲ့သလို ရပ်ရှ်ဖို့ ၊ မက်ဂွားယား တို့ရဲ့ ဂိုးတွေကိုလည်း ဖန်တီးပေးခဲ့ပါတယ် ။

 

ရပ်ရှ်ဖို့ (6)

အစောပိုင်း မိနစ်တွေမှာ အခွင့်အရေး အချို့ကို ဖြုန်းတီးခဲ့တာက လွဲရင် ကစားပုံ ၊ ပြိုင်ဖက် ခံစစ်မှူးတွေကို ဖိအားပေးပုံ ကောင်းခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ အသင်းမှ လိုအပ်နေခဲ့တဲ့ အဖွင့်ဂိုးကို အစပြုပေးနိုင်ခဲ့ပြီး ဒဏ်ရာ မရခင်အထိ ကောင်းကောင်း ကစားပေးနိုင်ခဲ့ပါတယ် ။

ရော်နယ်ဒို (7)

2-0 နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲချိန်တွေမှာ ကစားပုံ အားရစရာ မရှိခဲ့ပေမဲ့ ဖရက်ဒ် အတွက်တော့ အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့ပါသေးတယ် ။ ရပ်ရှ်ဖို့ရဲ့ ဂိုး ရရှိခဲ့တဲ့နောက်တော့ စစ်မှန်တဲ့ ရော်နယ်ဒိုကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ဆာလောင်မှု အပြည့်နဲ့ တိုက်စစ်ဆင်မှု ၊ ခံစစ်ကိုပါ အားတက်သရော ဆင််းကူမှုတွေကို မြင်တွေ့ခဲ့ရပါတယ် ။

 

လူစားဝင် ကစားသမားများ…

ကာဗာနီ (5.5)
ပေါ့ဂ်ဘာ (6)
ဆန်ချို (6)

#Sports_Myanmar