နေမာရဲ့ အကူအညီကို ရယူပြီး လီဗာပူး ပစ်မှတ်ကို ကြားဖြတ် ခေါ်ယူဖို့ ကြံရွယ်နေတဲ့ PSG

ပြင်သစ်မြေမှာ ထွက်ပေါ် နေခဲ့တဲ့ သတင်းတွေအရတော့ လီဂူးဝမ်း ထိပ်သီး PSG အသင်းဟာ လိဒ်စ် ယူနိုက်တက် အသင််းရဲ့ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်သူ ရာဖင်ဟာကို ခေါ်ယူဖို့ စိတ်အားထက်သန် နေတယ်လို့ သိလိုက်ရပါတယ် ။

အသက် 24 နှစ် ရှိနေပြီဖြစ်တဲ့ တောင်ပံတိုက်စစ် ကစား သမားဟာ ဒီရာသီ မာဆယ်လို ဘီလ်ဆာရဲ့ အသင်းအတွက်် ပုံစံကောင်းတွေကို ပြသထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 8 ပွဲ ကစားပြီးချိန် ကိုယ်တိုင် 3 ဂိုးထိ သွင်းယူပြထားနိုင်ခဲ့ ပါတယ် ။

 

ဒါ့ကြောင့် ဥရောပ ထိပ်သီးကလပ်တွေက သူ့ကို စိတ်ဝင််စား နေခဲ့ကြပြီး အင်္ဂလန်မြေမှ သတင်းသုံးသပ်သူတွေကလည်း လီဗာပူး အသင်းဆီ ပြောင်းရွှေ့ဖို့ ဘရာဇီး ကြယ်ပွင့် ဖြစ်သူကို အသီးသီး တိုက်တွန်း နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ကစားသမားရဲ့ အေးဂျင့် ဖြစ်သူ ဘာစီလိုနာ ကစားသမားဟောင်း ဒေကို ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက ယာဂင်ကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ သူ့ရဲ့ ကစားသမားကို စိတ်ဝင်စားခဲ့တယ်လို့ ဖွင့်ဟခဲ့ပါသေးတယ် ။

အခုတော့ Team Talk သတင်းရဲ့ ဖော်ပြချက်အရ လီဗာပူး အသင်း နည်းတူ PSG အသင်းကလည်း ဘရာဇီး ကြယ််ပွင့်ကို အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိလိုက််ရပြီး ဒီအတွက် လက်ရွေးစင် အသင်းဖော် နေမာ ဆီက အကူအညီ ရယူသွားဖို့ ရှိနေတယ်လို့ သိလိုက်ရပါတယ် ။

နေမာဟာ ဘရာဇီး လက်ရွေးစင် အသင်းမှာ ရာဖင်ဟာ နဲ့ အတူ ကစားနေခဲ့ရသူ ဖြစ်တဲ့ အတွက် ကစားသမား ရဲ့ အရည်အသွေးတွေကို သိရှိနေခဲ့ပြီး ကစားသမား နဲ့ ရင််းနှီးမှုတွေလည်း ရှိနေခဲ့တဲ့ အတွက် PSG ဆီ ခေါ်ယူရေးမှာ အရေးပါသူ ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ် ။

အသက် 24 နှစ် အရွယ် ရာဖင်ဟာ ဟာ ဘရာဇီး တို့ ဗင်နီဇွဲလား အသင်းကို 3 – 1 နဲ့ ပြန်နိုင်ခဲ့တဲ့ ပွဲစဥ်မှာ 2 ဂိုး ဖန််တီးပေးနိုင်ခဲ့ပြီး ဥရုဂွေးကို 4 – 1 နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်မှာလည်း လက်ရွေးစင် အသင်းအတွက် ကိုယ်တိုင် 2 ဂိုး သွင််းယူပေးနိုင်ခဲ့ပါသေးတယ် ။

ကစားသမားရဲ့ အေးဂျင့် ဖြစ်သူ ဒေကို ကတော့ လိဒ်စ် ယူနိုက်တက် အသင်းဟာ ကစားသမားကို နောက်တစ်နှစ်ထိ အသင်းမှာပဲ ဆက်ထားဖို့ ဆန္ဒရှိနေတယ်လို့ ပြောခဲ့ဖူးသေးပေမဲ့ ကစားသမားဟာ အသင်းမှာ ဘယ်လောက်ထိ ဆက်နေမလဲဆိုတာ သူလည်း မသိရှိကြောင်း ပြောခဲ့ပါသေးတယ် ။

” သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေ အများကြီးပဲရှိနေကြပါတယ် ။ လီဗာပူးက သူ့ကို စိတ်ဝင်စား နေခဲ့သလို ချဥ်းကပ်မှု အချို့လည်း ရှိခဲ့ပါသေးတယ် ။ ဒါပေမဲ့ တရားဝင််တော့ မချဥ်းကပ်ခဲ့သေးဘူးပေါ့ဗျာ ။ လိဒ်စ် ကတော့ သူ့ကို နောက်တစ်ရာသီ အသင်းမှာပဲ ဆက်ရှိစေနေလိုပါတယ် ”

” ရာဖင်ဟာ,ဟာ လိဒ်စ်မှာ ပျော်ရွှင်နေပါတယ် ။ ဒါပေမဲ့ သူ့ရဲ့ ကစားသမား ဘဝကို နောက်တစ်ဆင့် တက်စေဖို့ ၊ ရှေ့ဆက်ဖို့ သူ တွေးတောတဲ့ အချိန်တစ်ခုတော့ ရှိလာမှာ အသေအချာပါပဲ ။ သူဟာ အသင်းနဲ့ စာချုပ် သက်တမ်း 3 နှစ် ကျန်ရှိနေပါသေးတယ် ”

” ဒါပေမဲ့ သူ့ရဲ့ စာချုပ်ထဲ ဘယ်လောက်ထိ ကစားပေးရမလဲ ၊ အသင်း ပြောင်းလို့ မရဘူးဆိုတဲ့ အချက်အလက်တွေတော့ မပါဝင်ပါဘူး ” လို့ ဒေကို က ရာဖင်ဟာ,ဟာ စာချုပ်် သက်တမ်း ကျန်ရှိသေးပေမဲ့ အပြောင်းအရွှေ့ လုပ်နိုင်ခွင့် ရှိနေကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ရာဖင်ဟာ ဆိုတာ 2020 အောက်တိုဘာလ တုန်းက ပြင်သစ် ကလပ် ရင်းနစ် အသင်းကနေ လိဒ်စ် ယူနိုက်တက် အသင်းဆီကို ပေါင် 17 သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး လိဒ်စ် အသင်း အတွက် 38 ပွဲ ကစားပေးခဲ့တဲ့နောက် 9 ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ် ။

#Sports_Myanmar