နယူးကာဆယ် ရဲ့ ပေါင် ၁၁ သန်းတန် နည်းပြ ၊ အကျိုးပြုတဲ့ ဂျီရူး ၊ နာဒယ် ရွေးတဲ့ ရွှေဆုရှင်တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

နယူးကာဆယ် အသင်းဟာ နယ်သာလန် ကလပ် အိုင်ယက်စ် အသင်းကို ကိုင်တွယ် နေတဲ့ နည်းပြ အဲရစ် တန် ဟတ် ကို ခေါ်ယူ ခန့်အပ်ဖို့ စိတ်ဝင်စား နေတယ်လို့ သိရ ပါတယ် ။ ဗြိတိန်က လာတဲ့ သတင်းတွေ အရ နယူးကာဆယ် ဟာ အဲရစ် တန်ဟတ် ကို တနှစ် ပေါင် ၁၁ သန်း စာချုပ် နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ် လို့ ကြားသိရ ပါတယ် ။

အဲဗာတန် ကွင်းလယ်လူ ဒိုကူရေး ရဲ့ ဒဏ်ရာ ဟာ အလျှင် အမြန် ကောင်းမွန် သက်သာ လာပြီး မျှော်လင့် ထားတဲ့ အချိန်ထက် စောကာ ပြန် ကစားနိုင်ချေ ရှိတယ်လို့ ကြားသိရ ပါတယ် ။

ကာတာ လိဂ် ကို ပြောင်းရွှေ့ သွားခဲ့တဲ့ အဲဗာတန် ကွင်းလယ်လူဟောင်း ဟာမက်စ် ရိုဒရီဂွက် ကတော့ မနေ့က ကစားတဲ့ ပွဲမှာ အယ်လ် ရေယန် အသင်းအတွက် ဂိုး စတင် သွင်းယူ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

စပါး နည်းပြ နူနို ဆန်းတိုစ့် ဟာ ဒီနေ့ည ကစားမယ့် ကာရာဘောင်ဖလား ပွဲမှာ တောင့်တင်းတဲ့ လူစာရင်း နဲ့ ယှဉ်ပြိုင် သွားမှာ ဖြစ်ပေမယ့် ကွင်းလယ်လူ ဒယ်လီ အလီ တော့ ပါဝင် လာခဲ့ခြင်း မရှိဘူး လို့ သိရ ပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင် ဖလား ပွဲတွေ မှာတော့ ချဲလ်ဆီး ၊ အာဆင်နယ် နဲ့ ဆန်းဒါးလန်း အသင်းတို့ အနိုင် ရရှိပြီး နောက်တဆင့်ကို တက်လှမ်း သွားခဲ့ ကြပါတယ် ။ အာဆင်နယ် ဟာ အိမ်ကွင်းမှာ လိဒ် ယူနိုက်တက် အသင်း ကို ၂ – ၀ နဲ့ အနိုင် ကစားခဲ့တာ ဖြစ်ပြီး ချဲလ်ဆီး က ဆောက်သမ်တန် ကို ပင်နယ်တီ နဲ့ အနိုင် ရ ကျော်ဖြတ် လာခဲ့တာပဲ ဖြစ် ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ အေစီမီလန် ဟာ တိုရီနို အသင်း ကို တိုက်စစ်မှူးကြီး ဂျီရူး ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရပြီး စီးရီးအေ အမှတ်ပေး ဇယား ကို ဦးဆောင် သွားနိုင်ခဲ့ ပါတယ် ။

ကမ္ဘာကျော် တင်းနစ် ကစားသမားကြီး ရာဖေး နာဒယ် ကတော့ ရီးရဲ မက်ဒရစ် တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီးမား ကို ၂၀၂၁ ခုနှစ် အတွက် ရွှေဘောလုံးဆု နဲ့ ထိုက်တန်သူ ဖြစ်တယ်လို့ ညွှန်းဆို ထောက်ခံ သွားခဲ့ ပါတယ် ။

 

ရီးရဲ မက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ က တောင်ပံ ကစားသမား ဂါရတ်ဘေးလ် ဟာ တံကောက်ကြော ဒဏ်ရာ ကနေ ပြန်လည် သက်သာ လာပြီး လာမယ့် အပတ် မှာ ပြန်လည် လေ့ကျင့် နိုင်လိမ့်မယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် နဲ့ ဆီဗီးလား အသင်းတို့ ဟာ အာဂျင်တီးနား ကလပ် ရေးဗား ပလိတ် မှာ ကစားနေတဲ့ ဟူလီယန် အယ်လ်ဗာရက် ကို အပြိုင် ကင်းထောက် နေတယ်လို့ သိရ ပါတယ် ။

 

SPORTS MYANMAR