ဆိုးလ်ရှားရဲ့ ပြင်ဆင်မှုအကြောင်း ပြောပြရင်း ပရိသတ်တွေကို ကတိပေးစကား ပြောကြားလိုက်တဲ့ ရပ်ရှ်ဖို့

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညကတော့ ပရီးမီးယားလိဂ် ပွဲစဥ် 10 အဖြစ် တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ အဝေးကွင်း ပွဲစဥ် ကစားခဲ့ရပြီး 0 – 3 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် နိုင်ပွဲ ရယူသွားနိုင်ခဲ့ကြ ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ရော်နယ်ဒို ၊ ကာဗာနီနဲ့ ရပ်ရှ်ဖို့ တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြပြီး ဘရူနို ၊ ရော်နယ်ဒို နဲ့ မာတစ် တို့က တစ်ဂိုးစီ ဖန််တီး ပေးသွားခဲ့ကြ ပါတယ် ။

အဆိုပါ နိုင်ပွဲကြောင့် ယူနိုက်တက် တို့ဟာ ပရီးမီးယားလိဂ် 4 ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့် နိုင်ခဲ့ပြီး အမှတ်ပေး ဇယား အဆင့် 5 နေရာကို ပြန်လည် တက်လှမ််း သွားနိုင်ခဲ့ကြ ပါတယ် ။

အခြားတဖက်မှာတော့ ဒါဟာ ဒဏ်ရာ ပြသနာမှ ပြန်လည်် သက်သာ ကောင်းမွန်ခဲ့ပြီးနောက် အသင်းအတွက် 4 ကြိမ် ပါဝင် ကစားပေးခဲ့တဲ့ တိုက်စစ် ကစားသမား ရပ်ရှ်ဖို့ အတွက် ဒီရာသီရဲ့ တတိယမြောက် သွင်းဂိုး ဖြစ်သွားခဲ့ရ ပါတယ် ။

ဒါဟာ ရပ်ရှ်ဖို့ အတွက်တော့ မိနစ်ပေါင်း 183 မိနစ်သာ ကစားပေးခဲ့ရတဲ့ အချိန် 3 ဂိုး သွင်းယူနိုင်ခြင်း ဖြစ်သွားခဲ့တဲ့ အတွက် သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးသင့်ပြီ ဖြစ်ကြောင််း ဆိုးလ်ရှားအတွက် သတိချပ်စရာ ဖြစ်သွားခဲ့ရပါတယ် ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ ရပ်ရှ်ဖို့ က ခက်ခဲတဲ့ ရက်သတ္တပါတ် ပိုင်ဆိုင်ခဲ့ရကြောင်း ၊ ယူနိုက်တက် အတွက် ကစားရတာ အမြဲ ဖိအားရှိကြောင်း ၊ နည်းပြ ဆိုးလ်ရှားဟာ ပြိုင်ဖက်အသင်းကို လေ့လာပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ကြောင်း ၊ ဒီထက်ပိုပြီး လုပ်ပြသွားဖို့ ရှိသေးကြောင်း ပြောကြား သွားခဲ့လိုက်ပါတယ် ။

” ဒါဟာ ခက်ခဲတဲ့ ရက်သတ္တပါတ် တစ်ခုဖြစ်သွားခဲ့ရတာ သိသာထင်ရှားလှပါတယ် ။ နိုင်ပွဲ မရရင် အသင်းတိုင်းက ဒီလို ဖြစ်ကြမှာပဲလေ ။ ဒါကို ဘယ်လို တုန့်ပြန်ရမလဲဆိုတာ ကျွန်တော်တို့ သိနေခဲ့ပြီး အဲ့ဒီ့အတိုင်းပဲ ပြန်လည် တုန့်ပြန်ခဲ့ကြ ပါတယ် ”

” ဝန်ထမ်းတွေ ၊ ကစားသမားတွေ အားလုံးက ဒီလိုပွဲကို အနိုင်လိုချင်ခဲ့ကြပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အတွက် ကစားပေးရတာက အမြဲတမ်း ဖိအားရှိပါတယ် ။ ဒါကို ပျော်ရွှင် ခံစားတတ်ဖို့ အတွက် ခင်ဗျားတို့ သင်ယူနိုင်ဖို့ လိုအပ်ပါတယ် ”

” ဒီအသင်းအတွက် ကစားပေးစဥ်အတွင်း သိရှိခဲ့ရတာ တစ်ခုက အခက်အခဲတွေထဲကနေ ရုန်းထွက်နိုင်ဖို့ ပါပဲ ။ ယူနိုက်တက် အသင်းဟာ ခက်ခဲတဲ့ ရက်စွဲတွေ ၊ ရလဒ်ဆိုးတွေ ကနေ အမြဲတမ်း ရုန်းထွက််် ၊ ပြန်လာပြနိုင်ခဲ့ပါတယ် ”

” အိုလီဟာ ကျွန်တော်တို့ ဘယ်လို အသင််းနဲ့ ယှဥ်ပြိုင် ကစားရမလဲ ဆိုတာနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်လို့ ထင်မိပါတယ် ။ ကျွန်တော်တို့တွေ အနေနဲ့ နည်းပြ ပြောတာတွေကို အသေအချာ လိုက်လုပ်ဖို့ပဲ လိုအပ်ခဲ့တာပါ ”

” ဒီနေ့တော့ အဲ့တာက အဝေးကွင်းမှာ ရမှတ် သုံးမှတ်နဲ့ ကျွန်တော်တို့ ပြန်လာနိုင်အောင် အကူအညီ ဖြစ်စေနိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ဆီက နောက်ထပ် ရောက်လာဦးမယ့် အရာတွေ အများကြီး ရှိနေပါသေးတယ် ”

” ကျွန်တော်တို့ ဆက်လက် တိုးတက်နေသရွေ့ ၊ အမှတ်တွေ ရယူနေသရွေ့ ဒါတွေ လုပ်နိုင်မှာပါ ။ အဆုံးသတ်မှာတော့ ကျွန်တော်တို့ ဘယ်နေရာထိ ရောက်လာမလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့ဗျာ ” လို့ ရပ်ရှ်ဖို့ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar