ဆိုးလ်ရှားဆီမှာ အချိန်သိပ်မရှိတော့ဘူးလို့ ​ဟောကိန်းထုတ််လိုက်တဲ့ အသင်းဖော်ဟောင်း

အက်စတွန် ဗီလာ ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ချဲလ်ဆီး အသင်းတို့ရဲ့ ဂိုးသမားဟောင်း တစ်ဦး ဖြစ်သူ မာ့ခ် ဘော့စ်နစ်ချ် က ဆိုးလ်ရှား အနေနဲ့ ရာထူး တည်မြဲဖို့ အတွက်် သက်သေပြရန် ပွဲစဥ် 3 ပွဲသာ ကျန်ရှိတော့ကြောင်း သုံးသပ် သွားခဲ့လိုက် ပါတယ် ။

လက်ရှိ ဘောလုံးရာသီအတွင်းမှာ တည်ငြိမ်တဲ့ ရလဒ်ကောင်းတွေ ပိုင််ဆိုင်ဖို့ ရုန်းကန် နေခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 5 ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ပါတယ် ။

အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် တို့ဟာ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 4 ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး သွားခဲ့ရပြီပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှားလည်း ရာထူးမှ အထုတ်ကယ်ခံရရေး ဖိအားတွေအောက် ကျရောက် နေခဲ့ရပါပြီ ။

ယူနိုက်တက်တို့ဟာ လာမဲ့ ရက်သတ္တပါတ်တွေမှာ တော့တင်ဟမ် ဟော့ စပါး ၊ အတ္တလန္တာ (ချန်ပီယံလိဂ်) ၊ မန်စီးတီး အသင်းတွေနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် အသင်းကောင်း ဟုတ်ရဲ့လား ဆိုတာ အစမ်းသပ် ခံရမဲ့ ပွဲစဥ်တွေပဲ ဖြစ်ပါတယ် ။

အခုတော့ ဆိုးလ်ရှားရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်ခဲ့သလို သတင်းသုံးသပ်သူ တစ်ဦးအဖြစ်ပါ တာဝန်ထမ်းဆောင်နေတဲ့ ယူနိုက်တက် ဂိုးသမားဟောင်း မာ့ခ် ဘော့စနစ်ချ် က အဆိုပါ ပွဲစဥ်တွေဟာ ဆိုးလ်ရှားရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့လိုက််ပါတယ် ။

 

” ဒါက ပျက်ကပ်ဆိုက်ခြင်းပါပဲ ။ ဒီလို ရလဒ်တွေ ထွက်နေမှုအပေါ် သုံးစွဲစရာ အခြားစကားလုံး မရှိတော့ပါဘူး ။ ယူနိုက်တက်တို့ (လီဗာပူးနဲ့ပွဲ) ဖွတ်ဖွတ်ညက်ညက် ကြေခဲ့ကြပါတယ် ။ ပထမပိုင်း ကြည့်ရဆိုးတဲ့ ပွဲစဥ်တွေ အရင်တုန်းကလည်း ရှိခဲ့ဖူးပါသေးတယ် ”

” ဒါပေမဲ့ ဒီတစ်ပွဲကတော့ 6 ၊ 7 ၊ 8 ဂိုး အထိတောင် ပေးရလိမ့်မယ်လို့ ထင်ချင်စရာ ဖြစ်သွားခဲ့ရပါတယ် ။ ဒါဟာ တကယ့်ကို အမှောင်ဖုံးသွားတဲ့ ညတစ်ညပါပဲ။ ဒီအတွက် သံသယ ဖြစ်စရာ အကြောင်းကို မရှိပါဘူး ။ သူ (အိုလီ) က သူငယ်ချင်းဟောင်း ဖြစ်တဲ့အတွက် သူ ကောင်းစေဖို့ ကျွန်တော် အလိုရှိခဲ့ပါတယ် ”

” သူ့ဟာ အသင်းအတွက် ထိုက်တန်တဲ့ နည်းပြဖြစ်တယ်ဆိုတာကို ပြောရုံထက် ပိုပြီး ရွေးချယ်စရာ စကားလုံး မရှိတော့ပါဘူး ။ အကယ်လို့ ဒီတိုင်းသာ ရှေ့ဆက်ဖြစ်နေရင် ဘုတ်အဖွဲ့ဝင်တွေမှာလည်း ရွေးချယ်စရာ အခြားနည်းလမ််းကောင်း ရှိတော့မှာ မဟုတ်တော့ပါဘူး ”

” သူတို့က မန်ချက်စတာ ယူနိုက်တက်ဖက်က အသင်းကို ကိုင်တွယ််စေဖို့ နည်းပြသစ် ရွေးချယ်ထားပြီလား၊ ချဥ်းကပ်ပြီးပြီလား ဆိုတာ ကျွန်တော်တို့လည်း မသိသေးကြပါဘူး ။ ရှေ့ဆက် ခက်ခဲတဲ့ ပွဲစဥ် 3 ပွဲကို ကစားရပါဦးမယ် ။ တော့တင်ဟမ် (အဝေး) ၊ အတ္တလန္တာ (အဝေး) နဲ့ မန််စီးတီး အသင်းတို့နဲ့ ပွဲတွေပါ ”

” သူတို့ အဲ့ဒီပွဲတွေကိုသာ ရှုံးနိမ့်သွားကြမယ်ဆိုရင် (အဲ့ဒီလို ဖြစ်နိုင်ခြေများနေပါတယ်) အသင်းရဲ့တာဝန်ရှိသူတွေဖက်မှာ ရွေးချယ်စရာ အခြားနည်းလမ်း ရှိသွားမှာမဟုတ်တော့ဘူးလို့ ကျွန်တော် မြင်နေပါတယ် ” လို့ ဘော့စ်နစ်ချ် က ပြောလိုက်ပြီး ယူနိုက်တက် အသင်းရဲ့ ကစားကွက် နဲ့ ပတ်သက်လို့…

” ခင်ဗျားတို့ နည်းစနစ် နဲ့ အမှတ်တံဆိပ်တွေအကြောင်း ပြောဆိုနိုင်ပါတယ် ။ ဒါပေမဲ့ ကစားသမားတွေက ထပ်တူကျအောင် မကစားပြနိုင်ရင် ၊ အခြေခံကျတဲ့ အလုပ်တွေကိုတောင် မလုပ်ပြနိုင်ကြရင် ၊ နည်းပြအတွက် မကစားပေးလိုကြဘူးဆိုရင်…. စသဖြင့် ဖြစ်နိုင်တာတွေ အများကြီး ရှိပါတယ် ”

” ဒီမေးခွန်းကိုတော့ အားလုံး မေးပြီးသားပါ ၊ ‘ ယူနိုက်တက််မှာ ဘာဖြစ်နေတာလဲ ? ‘ ပေါ့ ၊ ဒါပေမဲ့ အဖြေတော့ မသိရသေးပါဘူး ” လို့ မာ့ခ် ဘော့စနစ်ချ် က သူ့ရဲ့ အတွေးတွေကို ချပြပြောဆို သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar