ဆိုးရှားရဲ့ နေရာမှာ အန်တိုနီယိုကွန်တီနဲ့ အစားမထိုးသင့်တဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ဂယ်ရီနဗီး

ဂယ်ရီနဗီးက မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ အိုလီဂန်နာဆိုးရှားကို ရာထူးကနေ ထုတ်ပယ်ပြီး ၎င်းရဲ့ နေရာမှာ အန်တိုနီယိုကွန်တီနဲ့ အစားထိုးခြင်း မပြုရန် တိုက်တွန်းသွားခဲ့ပါတယ်။ မန်ယူနိုက်တက်ဟာ မနေ့ညက အိုးထရပ်ဖို့ဒ်မှာ မဟာပြိုင်ဘက် လီဗာပူးကို ၅-၀ နဲ့ ဂိုးပြတ် ခြေပြတ်ရှုံးနိမ့်ခဲ့တာကြောင့် အိုလီဂန်နာဆိုးရှား အတွက် ဖိအားတွေ တအား များပြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲထိ ရှုံးနိမ့်ထားခဲ့ပြီး ဆိုရှားရဲ့ အသင်းဟာ ပရီးမီးယားလိဂ် title race မှာ ချဲလ်ဆီး လီဗာပူး မန်စီးတီး တို့ရဲ့ နောက်မှာ ကျန်နေခဲ့ပြီ ဖြစ်ပါတယ်။ ပရိတ်သတ် တစ်ချို့ ၊ မီဒီယာတွေ နဲ့ pundit တစ်ချို့ဟာ ဆိုးရှားကို ရာထူးကနေ ထုတ်ပယ်ရန် တောင်းဆိုနေကြပေမယ့်လည်း နဗီးက ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ်ဖလား ရခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက အင်တာကို စီးရီးအေဖလား ရယူပေးခဲ့တဲ့ ကွန်တီဟာ ယူနိုက်တက် အတွက် မှန်ကန်တဲ့ မန်နေဂျာ မဟုတ်ဘူးလို့ ဆိုသွားပါတယ်။

နဗီးက “ခက်ခဲတဲ့ အချိန်ကို ရောက်နေပေမယ့်လည်း ကလပ်ဟာ တည်တည်ငြိမ်ငြိမ် ရှိနေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ ဒီရာသီမှာ မန်နေဂျာသစ် အတွက် စီစဉ်နေလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ အနည်းဆုံးတော့ သူတို့ဟာ ရာသီကုန်ထိ အိုလီဂန်နာဆိုးရှားနဲ့ပဲ ခရီးဆက်သွားမှာပါ။ ပရိတ်သတ်တွေ မီဒီယာတွေ အပြင် လူတွေအားလုံးဟာ အိုလီဂန်နာဆိုးရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ အကြီးအကြယ် တောင်းဆိုနေကြတာကို ကျွန်တော်သိပါတယ်။ ဒီပွဲအပြီးမှာ ကျွန်တော် ဒါကို နားလည်ပါတယ်။ ခြေစွမ်းဟာ လုံးဝကို လုံလောက်မှု မရှိပါဘူး။

ဒါဟာ ဆိုးရွားတဲ့ နေ့တစ်နေ့ ဖြစ်ပြီး recovery လုပ်ဖို့ အချိန်တစ်ခု ယူသွားရမှာပါ။ ownership ပိုင်းမှာတော့ ကလပ်ဟာ အများကြီး ပိုမို တည်ငြိမ်မှုရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဂျိုဆေးမော်ရင်ညို နဲ့ လူးဝစ်ဗန်ဟား တို့လို ထိပ်တန်းနည်းပြတွေ အသင်းကို ရောက်လာကာ စိတ်ပျက်စရာတွေ ကြုံခဲ့ရတာကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဘုတ်အဖွဲ့ဟာ အနည်းဆုံး ရာသီကုန်ထိ ဆိုးရှားနဲ့ပဲ ခရီးဆက်သွားမယ့် အကြောင်းရင်းဟာ မော်ရင်ညို ၊ ဗန်ဟား တို့ ဒီမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကြောင့် ပါပဲ။

သူတို့ဟာ ရေတိုအတွက် လုပ်သွားမှာ မဟုတ်ပါဘူး။ အသင်းကို ရောက်လာပြီး ၂ နှစ်လောက်ပဲ အလုပ်လုပ်သွားမယ့် သူကို ပြောတာပါ။ ကလပ်ဟာ ဒါမျိုးကို ထပ်မံလုပ်ဆောင်သွားမှာ မဟုတ်ပါဘူး။ သူတို့ဟာ ရာသီကုန်ထိ အိုလီနဲ့ပဲ ခရီးဆက်သွားမှာပါ။ ဒီရာသီ အိုလီ ဆုဖလား ရခဲ့မယ်ဆိုရင် သူတို့ဟာ နောက်ထပ် ရာသီကုန်ထိ ဆက်ခန့်သွားမှာပါ။ ဒါပေမယ့် ဒီရှုံးပွဲကတော့ နာကျင်စရာပါပဲ။”

ကွန်တီကို ယူနိုက်တက် နည်းပြသစ် အဖြစ် မခန့်အပ်သင့်တဲ့ အကြောင်းရင်းကို နဗီးက “ကျွန်တော် ထောက်ပြချင်တဲ့ အချက်က ဂျိုဆေးမော်ရင်ညို မန်ချက်စတာယူနိုက်တက်ကို ရောက်လာတဲ့ အချိန်တုန်းက သူဟာ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာပါ။ သူ ဒီမှာ ထင်သလောက် မလုပ်ပြနိုင်ခဲ့ပါဘူး။ ကွန်တီဟာ လက်ရှိမှာ available ဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်သာဆိုရင် သူ့ကို မန်ချက်စတာယူနိုက်တက်ကို ခေါ်ယူသွားမှာ မဟုတ်ပါဘူး။

ကွန်တီဟာ မန်ယူနိုက်တက်နဲ့ အံဝင်တဲ့ နည်းပြလို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော် မှားရင် မှားနိုင်ပါတယ်။ အကယ်၍ နောက်နေ့မှာ သူတို့ ခေါ်ယူသွားခဲ့မယ် ဆိုရင်လည်း ကျွန်တော် ကွန်တီကို ထောက်ခံသွားမှာပါ။ ကိုယ်ပိုင်ဟန် ရှိတဲ့ လူးဝစ်ဗန်ဟား ကလည်း ဒီမှာ အလုပ်မဖြစ်ခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ကွန်တီဟာ မန်ယူနိုက်တက်ကို ရောက်လာပြီး ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး။

အိုလီဟာ တစ်နေ့နေ့မှာတော့ ယူနိုက်တက် ကနေ ထွက်သွားမှာပါ။ ဒါပေမယ့် ဒီအချိန်မှာတော့ အိုလီ့ကို ရာထူးကနေ ထုတ်ပယ်တာ မှားယွင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ပွဲစဉ် ၆ အပြီးမှာ ကျွန်တော် မန်နေဂျာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဒါဟာ မှားယွင်းခဲ့ပြီး ကျွန်တော့်ဘက်က တည်တည်ငြိမ်ငြိမ် ရှိခဲ့သင့်ပါတယ်။ ရာသီကုန်ထိ ကျွန်တော် စောင့်ဆိုင်းခဲ့သင့်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကလည်း ဒါမျိုးကို လုပ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။”

SM