ဆာလာ အမှတ်ပြည့် ရပြီး လီဗာပူး အညံ့ဆုံးက ယူနိုက်တက် အကောင်းဆုံးထက် ပိုကောင်းနေသေးတဲ့ Players’ Rating များ

အဲလစ်ဆွန် ဘက်ကာ – ၈

မေဆင် ဂရင်းဝုဒ် နဲ့ ရိုနယ်ဒို တို့ရဲ့ အခွင့်အရေးတွေ ကို ကာကွယ်နိုင် ခဲ့သလို ရှေ့တက် ရှင်းထုတ်မှု ၁ ကြိမ်လည်း ပြုလုပ် နိုင်ခဲ့ ပါတယ် ။ ယူနိုက်တက် ဘက်က အခွင့်အရေး အချို့ ရှိခဲ့ပေမယ့်လည်း အဲလစ်ဆွန် ရဲ့ စွမ်းဆောင်မှုကြောင့် ၁ ဂိုးတောင် ပြန်မရခဲ့ ပါဘူး ။

အလက်ဇန်းဒါး အာနိုး – ၈

ပွဲချိန် တလျောက်လုံး လီဗာပူး ရဲ့ ညာခြမ်း ကနေ တိုက်စစ်ကို လိုက်ပါရင်း ဒုတိယဂိုး ကိုပါ ဖန်တီးပေး နိုင်ခဲ့ ပါတယ် ။

ကိုနာတေး – ၉

ဒီပွဲကတော့ ကိုနာတေး ရဲ့ လီဗာပူး ကစားသမားဘ၀ မှာ အကောင်းဆုံး ပွဲလို့တောင် ဆိုနိုင်မှာပါ ။ ပွဲချိန်တလျောက်လုံး ရိုနယ်ဒို ကို ထိန်းချုပ် ကစားသွားခဲ့ပြီး အထူးသဖြင့် ပေါ်တူဂီသားကို သူ အားသန်တဲ့ အမြင့်ဘောတွေ အသုံးပြုလို့ မရအောင် လုပ်ပြ သွားခဲ့ ပါတယ် ။

ဗန်ဒိုက် – ၈

တည်ငြိမ်တဲ့ခြေစွမ်း ၊ ကောင်းမွန်တဲ့ ဦးဆောင်မှုတွေကို ပေးခဲ့သလို လီဗာပူး ဖိ ကစားနေချိန် မှာဆိုရင် ကွင်းလယ်ထိ တက်ကာ အကူအညီ ပေးသွားခဲ့ ပါတယ် ။

အန်ဒီရောဘတ်ဆန် – ၈

ဘယ်ခြမ်း ကနေတောက်လျောက် တိုက်စစ်ကို လိုက်ပါ ကစားသွားခဲ့ ပါတယ် ။ ခံစစ် ပိုင်းမှာလည်း ကောင်းမွန်တဲ့ ဖျတ်ထုတ်မှုတွေ ကို ပြုလုပ် ပေးခဲ့ ပါတယ် ။

ဟန်ဒါဆင် – ၈

လီဗာပူး ရဲ့ ခံစစ်-တိုက်စစ် ဟန်ချက် ကို အကောင်းဆုံး ထိန်းညှိပေးခဲ့သူပါ ။ ဆာလာ ကို ဟက်ထရစ် ရပေမယ့် ဘောလုံး ကိုလည်း ဟန်ဒါဆင် က ပဲ ဖန်တီးပေးခဲ့ ပါတယ် ။

ဂျိမ်းစ် မေနာ – ၇

လီဗာပူး ရဲ့ Pressing ဗျူဟာမှာ အသက် အရွယ် နဲ့ မလိုက်အောင် ကစားပေးခဲ့ ပါတယ် ။ ဒဏ်ရာ ကြောင့် လူစားလဲ မခံခဲ့ ရဘူးဆိုရင် ဒီထက် အမှတ်ပိုရမှာ အသေအချာပါပဲ ။

ကီတာ – ၉

လီဗာပူး အတွက် အဖွင့်ဂိုး ကို သွင်းပေးခဲ့တယ် ၊ ဒုတိယဂိုး မှာလည်း ပါဝင် ပတ်သက်ခဲ့တယ် ၊ တတိယ ဂိုးကို အကွက်ဆင် ပေးခဲ့တယ် ၊ ပွဲချိန် တလျောက်လုံး အန္တရာယ် ဖြစ်စေတဲ့ ပေးပို့မှုတွေ နဲ့ လီဗာပူး ရဲ့ နည်းစနစ် ပြောင်မြောက်တဲ့ ကွင်းလယ်လူ အဖြစ် ပါဝင် အသုံးတော် ခံပေးသွားခဲ့ ပါတယ် ။

မိုဟာမက် ဆာလာ – ၁၀

ဘရာဇီး ရိုနယ်ဒိုကြီး နောက်ပိုင်း အိုးထရက်ဖိုဒ့်မှာ ပထမဆုံး ဟက်ထရစ် သွင်းနိုင်တဲ့ ပြိုင်ဘက် ကစားသမား ဖြစ်လာခဲ့ ပါတယ် ။ ၃ ဂိုး စလုံးကို သာသာယာယာ သွင်းယူ နိုင်လောက်အောင် ဆာလာ ရဲ့ တည်ငြိမ်မှု နဲ့ အဆုံးသတ် စွမ်းရည် က ထိပ်တန်း အဆင့်မှာ ရှိနေခဲ့ပါပြီ ။ ကီတာ ရဲ့ အဖွင့်ဂိုး ကို ဖန်တီးပေးခဲ့သလို ပွဲချိန် တလျောက်မှာလည်း ကစားကွက်မှာ များစွာပါဝင် ကူညီ ပေးခဲ့ ပါတယ် ။

ဖာမီနို – ၈

ယူနိုက်တက် ခံစစ် အလဲလဲ အပြိုပြို ဖြစ်အောင် ၊ မက်ဂွဲယား နဲ့ လင်ဒီလော့ဖ် တို့ နေရာတွေ တလွဲတွေ ဖြစ်အောင် အဓိက လုပ်ဆောင်ခဲ့သူကတော့ ဖာမီနို ပါပဲ ။ ၁ ဂိုးမှ မသွင်းခဲ့ပေမယ့် ဘရာဇီးသားရဲ့ အခန်း ကဏ္ဍ ကတော့ များစွာ အရေးပါခဲ့ ပါတယ် ။

ဂျိုတာ – ၈

တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသပြီး ကိုယ်တိုင် ၁ ဂိုးသွင်း ခဲ့သလို မိုဆာလာ ရဲ့ ဒုတိယ မြောက် ဂိုးကိုလည်း ဖန်တီးပေး သွားခဲ့ ပါတယ် ။ မနေ့ညက ပွဲမှာ ခြေစွမ်းအပြဆုံး ပေါ်တူဂီသားလို့ ဆိုရမှာပါ ။

လူစားဝင် ကစားသမားများ – ကာတစ်ဂျုံးစ် ၇ ၊ ချန်ဘာလိန် ၇ ၊ မာနေး ၇

 

မန်ချက်စတာ ယူနိုက်တက် အသင်းက ကစားသမားတွေရဲ့ Rating တွေကတော့ –

 

ဒီဂီယာ – ၅

အလက်ဇန်းဒါး အာနိုးလ် နဲ့ ဆာလာ ရဲ့ ကန်ချက်တွေကို ကာကွယ် နိုင်တာ တခုတည်းနဲ့ ၅ မှတ် ရခဲ့ တာပါ ။ စပိန်သား အတွက်တော့ စိတ်ပျက်စရာ ညတခု ဖြစ်ခဲ့မှာ သေချာပါတယ် ။

 

ဘစ်ဆာကာ – ၁

တိုက်စစ်လိုက်ပါမှု မကောင်းပေမယ့် ခံစစ်ဆို စိတ်ချရတယ် ဆိုတဲ့ စကားသံတွေ ပျောက်ကွယ် ခဲ့တဲ့ ညလို့ ဆိုရမှာပါ ။ ဒီညမှာတော့ ဘစ်ဆာကာ ရဲ့ ခံစစ် အရည်အသွေးက အနိမ့်ဆုံးကို ရောက်ခဲ့ပါတယ် ။ တိုက်စစ် စွမ်းရည်ကတော့ အရင်အတိုင်းပါပဲ ။

လင်ဒီလော့ဖ် – ၂

နောက်တန်း ၄ ယောက်ထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံးပါ ။ ဒါပေမယ့် အရူးက တမူးသာ ဆိုသလိုပါပဲ ။

ဟယ်ရီ မက်ဂွဲယား – သုည

Manchester Evening News ရဲ့ အဆင့် သတ်မှတ်ချက်မှာ မက်ဂွဲယား ကို တမှတ်မှ ပေးမထားပါဘူး ။

သစ်ငုတ်တို တခုကတောင် မက်ဂွဲယားထက် ပိုပြီး အကျိုးပြုကောင်း ပြုနိုင်ချေ ရှိခဲ့မှာပါ ။

 

လုခ်ရှော – ၁

ကစားသမားဘ၀ ရဲ့ အကောင်းဆုံး ရာသီကို မနှစ်က ပိုင်ဆိုင် ခဲ့တဲ့ ရှော တယောက် ဒီရာသီမှာတော့ အဆိုးဆုံး ခြေစွမ်းတွေ နဲ့ ဖြတ်သန်း လို့ နေပါတယ် ။ ဒီညပွဲမှာလည်း အမှားတွေ တောက်လျောက် လုပ်ခဲ့ပြီး ၁ မှတ် ရတယ် ဆိုတာက မက်ဂွဲယားထက်တော့ တော်ပါသေးတယ်ဆိုတဲ့ သဘောလို့ မှတ်ယူရမှာပါ ။

တော်မီနေး – ၂

လီဗာပူး ကွင်းလယ်ကို ဖျက်တောက်ဖို့ ရည်ရွယ်ချက် နဲ့ ထည့်ခဲ့တာ ဖြစ်ပေမယ့် တော်မီနေး တယောက် ဟန်ဒါဆင် ၊ ကီတာ တို့ ကို လုံး၀ မယှဉ် နိုင်ခဲ့ ပါဘူး ။

ဖရက် – ၃

မနေ့ညက ယူနိုက်တက် ကွင်းလယ် ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်ခဲ့သူပါ ။ အကောင်းဆုံးရဲ့ ရမှတ် က ၃ ဖြစ်နေတယ် ဆိုကတည်းက ဒီအသင်းဘယ်လောက်ထိ ဆိုးရွားနေပြီ ဆိုတာ မှန်းကြည့်လို့ ရနိုင်ပါတယ် ။

ဖာနန်ဒက်စ် – ၂

ဝ-၀ အနေအထားမှာ ဦးဆောင်ဂိုး ရမယ့် အခွင့်အရေးကို တကိုယ်ကောင်း ဆန်စွာ ကန်သွင်းပြီး ဖြုန်းတီး ခဲ့တာက ဖာနန်ဒက်စ် ရဲ့ မနေ့ညက ပွဲအတွက် အကြီးမားဆုံး အမှားပါပဲ ။

 

ဂရင်းဝုဒ် – ၃

ပထမပိုင်းမှာ အဲလစ်ဆွန် ဘက်ကာ ကို ၁ ကြိမ် အလုပ်ပေး နိုင်ခဲ့တာက လွဲရင် ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ ပါဘူး ။

ရက်ဖိုဒ့် – ၂

ဖာနန်ဒက်စ် လိုပဲ အခွင့်အရေးကောင်း တခု ရခဲ့ပေမယ့် မဂိုးနိုင်လောက်တဲ့ အနေအထားကနေ လှမ်းကန် ခဲ့သလို ပေါ့တီးပေါ့ပျက် နိုင်လွန်းတဲ့ နောက်ပြန် ပေးချက် တခုကလည်း ဆာလာ ကို စောစော ဟက်ထရစ် ရဖို့ နီးစပ် သွားစေခဲ့ ပါတယ် ။

ရိုနယ်ဒို – ၂

၁ ဂိုးသွင်းခဲ့ ပေမယ့် လူကျွံ နေတာက ရိုနယ်ဒို အတွက် စိတ်မကောင်းစရာ ဖြစ်စေခဲ့ပါတယ် ။ ဒါပေမယ့် ကာတစ် ဂျုံးစ် ကို ဘောလုံးနဲ့ ကန်ခဲ့တဲ့ လုပ်ရပ် ကတော့ ပရိုမပီသတဲ့ လုပ်ရပ် အစစ် အမှန်ပါပဲ ။

လူစားဝင် ကစားသမားများ –

ပေါ့ဘာ – ၁

ကာဗာနီ – ၄

ဒါးလော့ – ၄

 

SPORTS MYANMAR