စပါးနဲ့ နိုင်ပွဲမှ စူပါစတား နှစ်ဦးရဲ့ အရည်အသွေးတွေကို ချီးကျုးရင်း ပွဲစဥ်အပေါ် မှတ်ချက်ပေးလိုက်တဲ့ ရပ်ရှ်ဖို့

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက မဖြစ််မနေ အနိုင် ကစားရမဲ့ တော့တင်ဟမ် ဟော့ စပါး အသင််းနဲ့ ပွဲစဥ်မှာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ 3-4-1-2 ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်နေရာအတွက် ဝါရင့် ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ ရော်နယ်ဒို နဲ့ ကာဗာနီ တို့ကို ပွဲထွက် ကစားစေခဲ့ပါတယ် ။

ဒီပွဲမှာတော့ အဆိုပါ တိုက်စစ်မှူး နှစ်ဦးလုံးဟာ ပုံစံကောင််း ပြသနိုင်ခဲ့ကြပြီး အသင်းအတွက် လိုအပ်နေတဲ့ အဖွင့်ဂိုး နဲ့ ဒုတိယမြောက် ဦးဆောင်ဂိုး တွေကို သွင်းယူပေးနိုင်ခဲ့ကြ ပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက် အတွက် နောက််ဆုံးပိတ် သွင်းဂိုး လူစားဝင် ကစားပေးခဲ့တဲ့ ရပ်ရှ်ဖို့ က သွင််းယူပေးခဲ့ ပါတယ် ။

အဆိုပါ နိုင်ပွဲကြောင့် ယူနိုက်တက် တို့ဟာ အမှတ်ပေး ဇယား အဆင့် 5 နေရာအထိ ပြန်လည် တက်လှမ်း နိုင်ခဲ့ကြသလို ပရီးမီးယားလိဂ် နိုင်ပွဲ ပျောက်ဆုံးနေခဲ့တဲ့ နည်းပြ ဆိုးလ်ရှားလည်း ဖိအား အနည်းငယ် လျှော့ကျ သွားခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက် တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ က အဆိုပါ ပွဲစဥ်မှ အသင်းဖော်တွေရဲ့ အဆုံးသတ် စွမ်းရည် ကောင်းမွန်မှု ၊ တိုက်စစ်ပိုင်း ချိတ််ဆက် ကစားပုံ ကောင်းမွန်မှုတွေကို ထုတ်ဖော် ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” ထိပ်တန်း အဆုံးသတ်မှုတွေ ပါပဲ ။ ခရစ္စတီယာနို ဟာ ပြိုင်ဖက် ဧရိယာထဲ အမြဲလို ရှိနေခဲ့ပြီး အီဒီ နဲ့ အကောင်းဆုံး ချိတ်ဆက် ကစားနိုင်ခဲ့ ပါတယ် ။ ဒါဟာ ကျွန်တော်တို့ တိုက်စစ် ကစားသမားတွေဆီက မြင်လိုတဲ့ ထိပ်တန်း အဆုံးသတ် စွမ်းရည် ဖြစ်သွားခဲ့ရပါတယ် ”

” ဒုတိယပိုင်း မှာတော့ နေရာလွတ် ရရှိလိုက်တာနဲ့ အဲ့ဒီ နေရာမှာ ရောက်နေဖို့ ၊ စိတ်ရှည်ရှည်ထားဖို့ ကျွန်တော့်ကို မှားကြားခဲ့ကြ ပါတယ် ။ အဲ့တာကြောင့်လည်း ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တာပါ ။ ပြေးတာရပ် ၊ ဘောလုံးစောင့် ၊ ဂိုးပေါက်် အရှေ့မှာ တည်ငြိမ်နေခဲ့တာပေါ့ဗျာ ”

” ဒါဟာ ခမ်းနားတဲ့ ခံစားချက် ပါပဲ ။ 2 – 0 နဲ့ နိုင်နေရတဲ့ ပွဲစဥ် နောက်ဆုံး 10 မိနစ် ၊ 15 မိနစ်လောက်မှာ လူတွေက စိတ်လှုပ််ရှားလေ့ ရှိတတ်ကြ ပါတယ် ။ အကယ်လို့ ပြိုင်ဖက်် အသင်းကသာ တစ်ဂိုး ပြန်ရသွားရင် ဖိအားတွေအောက််က ချက်ချင်း လွတ်လာကြမှာလေ ”

” ဒါပေမဲ့ ကျွန်တော်တို့ ကောင်းမွန်စွာ ကစားရင်း ကျစ်လျစ််တဲ့ ကစားဟန် နဲ့ အတူ Clean Sheet ရယူနိုင်ခဲ့ကြပါတယ် ” လို့ ရပ်ရှ်ဖို့က ပြောကြားလိုက်ပြီး လီဗာပူးကို 5 ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတဲ့ ပြီးခဲ့တဲ့ ရက်သတ္တပါတ် တုန်းက ပွဲစဥ်နဲ့ ပတ်သက်လို့…

” ကျွန်တော်တို့ ဘယ်လို ရှုံးခဲ့လဲဆိုတာ ပြောခဲ့ပါသေးတယ်် ။ ဒါဟာ ရှက်စရာပါပဲ ။ ဒီအတွက် တုန့်ပြန်လို့ ရနိုင်တဲ့ အကောင်းဆုံး နည်းလမ်းက မိမိကိုယ်ကို နှိမ့်ချ ၊ အကောင််းဆုံး ဆက်လက် ကြိုးစားရင်း နိုင်ပွဲ ပြန်လည် ရရှိအောင်် လုပ်ဆောင်ရေး ပါပဲ ”

” ပြိုင်ဖက် အသင်းတွေကို နာကျင်အောင် လုပ်နိုင်တဲ့ အရည််အသွေးမျိုး ကျွန်တော်တို့ဆီမှာ ရှိနေမှန်း သိကြတယ်လေ ။ ဒီအတွက် လီဗာပူး ပွဲကထက် အလုပ်တွေ အများကြီး ပိုကြိုးစားခဲ့ရပါတယ် ။ ဒီနေ့ ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပြီး ရလဒ် ရယူနိုင်ခဲ့ကြပါတယ် ” လို့ ရပ်ရှ်ဖို့ က ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar