ကွန်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ကို သတိပေးလိုက်တဲ့ ပီတာ ရှမိုက်ကယ်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ် ပွဲစဥ် 8 ပွဲ ကစားထားခဲ့ပြီး 4 ပွဲ နိုင် ၊ 2 ပွဲ သရေ ၊ 2 ပွဲ ရှုံး ရလဒ် ထွက်ပေါ်ထားခဲ့ကာ အမှတ်ပေးဇယား အဆင့် 6 နေရာမှာသာ ရပ်တည် နေခဲ့ရ ပါတယ် ။

ဒါ့အပြင် ယူနိုက်တက်တို့ဟာ ပြီးခဲ့တဲ့လတုန်းက ကာရာဘောင် ဖလား ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း အဖွင့်ပွဲက စိတ်ပျက်စရာ ဖြစ်ခဲ့ရပါသေးတယ် ။ ဒါ့​အပြင် ယူနိုက်တက်ရဲ့ ကစားပုံတွေလည်း စိတ်ပျက်ဖွယ် ဖြစ်နေခဲ့ပါသေးတယ် ။

ဆိုးလ်ရှားဟာ ယူနိုက်တက် အသင်းဆီ ရောက်လာတာ မကြာခင် 3 နှစ် ပြည့်ပါတော့မယ် ။ အဆိုပါ ကာလတွေ အတွင်းမှာ ဆိုးလ်ရှားဟာ ကစားသမားတွေကိုလည်း စိတ််ကြိုက််နီးပါး ခေါ်ယူခွင့်တွေ နှစ်စဥ်ဆိုသလို ရရှိထားခဲ့ပါသေးတယ် ။

ဒါပေမဲ့ အခုထိ ယူနိုက်တက်အသင်းဟာ ကောင်းမွန်တဲ့ ကစားကွက် တစ်ခု မပိုင်ဆိုင်ခဲ့သေးသလို ရလဒ်လည်း တည်ငြိမ်မှု မရှိခဲ့ပါဘူး ။ ဒါ့ကြောင့် ယူနိုက်တက် ပရိသတ််တွေက နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ အသင်းကို ဖိအားပေးနေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်ဆီ ရောက်လာဖို့ အင်တာ နည်းပြဟောင်း ကွန်တီဟာ နာမည်ကြီးလာခဲ့ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက် ဂိုးသမားဟောင်း ပီတာ ရှမိုက်ကယ်က ကွန်တီဟာ ယူနိုက်တက် အသင်းနဲ့ ကိုက်ညီနိုင်မဲ့ နည်းပြမျိုး မဟုတ်ကြောင်း ပြောရင်း ဆိုးလ်ရှားကို အချိန်ဆက်ပေးဖို့ တောင်းဆိုသွားခဲ့ပါတယ် ။

” ကွန်တီဟာ အရမ်းတော်တဲ့သူပဲလို့ ခင်ဗျားတို့ ပြောလို့ရနိုင်ပါတယ် ။ ဒါပေမဲ့ သူဟာ ဘယ်အသင်းမှာမှ နှစ်နှစ်ထက် ပိုပြီး မနေခဲ့ရသူ တစ်ဦးပါ ။ ကျွန်တော်တို့က အဲ့ဒီလို အသင်းမျိုး မဟုတ်ပါဘူး ။ ကျွန်တော်တို့ ဒါမျိုးကိုလည််း စမ်းကြည့်ခဲ့ပြီးကြပါပြီ ။ အလုပ် မဖြစ်ခဲ့ပါဘူး ”

” လူးဝစ် ဗန်ဟားလ် က ပရီးမီးယားလိဂ် ဖလားကို မယူပြနိုင်ခဲ့သလို ဟိုဆေး မော်ရင်ဟိုလည်း မလုပ်ပြနိုင်ခဲ့ပါဘူး ။ ခင်ဗျားတို့ကတော့ ကွန်တီ (သို့မဟုတ်) အခြား နာမည်် တစ်ခုခု ပြောကြပါလိမ့်မယ် ။ ဒါပေမဲ့ အဲ့တာက ခြားနားမှုကို ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး ”

” ပြောချင်တာ သူတို့တွေရဲ့ အကြောင်းပါ ။ သူတို့တွေက မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြီးမားတဲ့ သမိုင်းကြောင်းထဲမှာ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုအဖြစ်မျှသာ ခနလောက်ပါဝင်ပေးပြီး ဘာတွေကို လုပ်ပြသွားနိုင်ကြမလဲ ဆိုတာပါပဲ ”

” အိုလီရဲ့ အဓိကပြသနာက အမြန်ဖြေရှင်းပေးရမဲ့ ကမ္ဘာထဲ ရောက်ရှိနေခြင်းပါပဲ ။ ပရိသတ်တွေက ဖြစ်နိုင်ရင် မ​နေ့ထဲက အောင်မြင်မှုတွေကို ရရှိချင်နေကြတာပါ။ သူတို့တွေကတော့ အခုချက်ချင်းတောင်မှ ဖလားတွေကို ရယူချင်နေကြသူတွေ ပါပဲ ”

” အဲ့တာက စစ်မှန်တဲ့ ကမ္ဘာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ အသင်းဟာ တိုးတက်မှုတွေ နှစ်အနည်းငယ် ရပ်တန့် သွားခဲ့ကြပါတယ် ။ အဲ့ဒီအချိန်မှာ ပြိုင်ဖက် အသင်းတွေဟာ ကျွန်တော်တို့ကို လိုက်မီခဲ့ကြပြီး အခုတော့ ကျော်တောင် ​ကျော်တက်သွားကြပါပြီ ” လို့ ပြောရင်း ပြိုင်ဖက်တွေလည််း အချိန်တစ်ခု ယူပြီးမှ အောင်မြင်ခဲ့ကြတာ ဖြစ်ကြောင််း ရှမိုက်ကယ်က ​နှိုင်းယှဥ်ပြခဲ့လိုက်ပါတယ် ။

#Sports_Myanmar