ကွင်းပိတ်ကစားရမယ့် အင်္ဂလန် ၊ ပရီးမီးယားလိဂ်ကို ပြန်လာချင်တဲ့ ထရစ်ပီယာ ၊ ရက်ဖိုဒ့် နဲ့ ဆိုးရှား ကြားက ပြဿနာတို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲက ပရိသတ်တွေ ခိုက်ရန် ဖြစ်ပွားမှု ၊ ကွင်းတွင်း ကွင်းပြင် သောင်းကျန်းမှုတို့နဲ့ ပတ်သက်ပြီး ဝင်ဘာလေကွင်း ရဲ့ အိမ်ရှင် အင်္ဂလန် လက်ရွေးစင် အသင်း ကို ယူရို ၁ သိန်း ဒဏ်ငွေ ပေးဆောင်စေခဲ့ပြီး ၁ ပွဲ ကွင်းပိတ် ကစားဖို့ ကိုလည်း ပြစ်ဒဏ် ချမှတ် ခဲ့တယ် လို့ သိရ ပါတယ် ။

ဒေါ့မွန် ရဲ့ အမေရိကန် လက်ရွေးစင် ကစားသမားလေး ဂျီယို ရေနာ ကတော့ တံကောက်ကြော ဒဏ်ရာ ကနေ ပြန်လည် သက်သာလာဖို့ အတွက် အားမွေး ရမှာ ဖြစ်တာကြောင့် နိုဝင်ဘာလထဲမှာ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ပါဝင် နိုင်ဖို့ အလားအလာ နည်းပါး နေတယ်လို့ ကြားသိရ ပါတယ် ။

ဆီဗီးလား ရဲ့ ပြင်သစ် နောက်ခံလူ ဂျူးလ် ကွန်ဒေ ဟာ အသင်း ပြောင်းရွှေ့ဖို့ စိတ်ကူး နေပြီး ရီးရဲ မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ သတင်းထွက်လာခဲ့တယ် လို့ ကြားသိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှု ကို ရရှိ နေပေမယ့် နည်းပြ ဆိုးရှား ဟာ ဖိအားတွေ စတင် ဝင်နေပြီလို့ သိရ ပါတယ် ။ လက်ရှိ ဖြတ်သန်းနေတဲ့ ပွဲကြပ်ကာလ မှာ ရလဒ်တွေ ဆိုးရွား ခဲ့ပါက ဆောင်းရာသီ အပြောင်းအရွှေ့ မတိုင်ခင် ထုတ်ပယ် ခံရနိုင်ချေ ရှိတာကိုလည်း ဆိုးရှား သတိပြုမိ နေပြီလို့ သတင်းတွေ ထွက်လာခဲ့ ပါတယ် ။

အကယ်၍ ဆိုးရှား ကိုသာ ထုတ်ပယ်ဖြစ်ခဲ့ပါက ရီးရဲ နည်းပြဟောင်း ဇီဒန်း ကို ယူနိုက်တက် နည်းပြ အဖြစ် မြင်တွေ့ရနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ထွက်ပေါ်နေပါတယ် ။

ယူနိုက်တက် ကစားသမားဟောင်းတွေ ကတော့ ခုချိန်ထိ ဆိုးရှားကို အကာအကွယ် ပေးနေဆဲ ဖြစ်ပြီး ဂယ်ရီ နဗီးလ် နဲ့ ရီယို ဖာဒီနန် တို့ဟာ လက်စတာ ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ ကစားသမားတွေကို အဓိက ဝေဖန် ပြောဆို အပြစ်တင် သွားခဲ့ကြပါတယ် ။

“ဘောလုံးကို ပိုပြီး အာရုံစိုက် ကစားသင့်တယ်” ဆိုတဲ့ ဆိုးရှား ရဲ့ မှတ်ချက် စကားနဲ့ ပတ်သက်ပြီးလည်း မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ရဲ့ မိသားစု အသိုင်းအဝိုင်းက သဘောမတွေ့ ဖြစ်နေခဲ့တယ်လို့ သိရ ပါတယ် ။

ရက်ဖိုဒ့် ဟာ လက်ရှိ ယူနိုက်တက် ကစားသမားတွေ ထဲမှာ သွင်းဂိုး + ဖန်တီးမှု စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား ဖြစ်ပြီး ကိုဗစ်ကာလ တုန်းက စွမ်းဆောင်ခဲ့တဲ့ လူမှုရေး လုပ်ငန်းတွေကြောင့် ဗြိတိန် ဘုရင်မကြီး ရဲ့ MBE ဂုဏ်ထူးဆောင်ဘွဲ့ ကို ချီးမြှင့် ခံထားရသူလည်း ဖြစ်ပါတယ် ။

နာမည်ကျော် ဂိမ်း ကုမ္ပဏီ တခု ဖြစ်တဲ့ EA Sports ဟာ ဆယ်စုနှစ် ၃ ခုကြာ လက်တွဲ လာခဲ့တဲ့ ဖီဖာ နဲ့ လက်တွဲဖြုတ်ကြတော့မယ်လို့ သိရ ပါတယ် ။ ဒါကြောင့် နာမည်ကျော် FIFA ဘောလုံးဂိမ်း ကို EA Sports ကနေ ဆက်လက် ဖြန့်ချီ ဖို့ မရှိနိုင်တော့ဘဲ သီးခြားစီ လုပ်ဆောင် သွားကြတော့မှာပဲ ဖြစ်ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ညာနောက်ခံလူ ကီရန် ထရစ်ပီယာ က သူဟာ ပရီးမီးယားလိဂ် ကို ပြန်လာ ကစားဖို့ ဆန္ဒ ရှိနေတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ စပါး ကစားသမားဟောင်း ထရစ်ပီယာ ကို မန်ချက်စတာ ယူနိုက်တက် က အပြောင်းအရွှေ့ ၂ ခုတိုင်း ချဉ်းကပ် ခဲ့ပေမယ့် မခေါ်ယူဖြစ်ခဲ့ပါဘူး ။

နယူးကာဆယ် အသင်းခေါင်းဆောင် လက်စ်ဆဲလက်စ် ဟာ စပါး ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီး ဥမင် အတွင်းမှာ အသင်းဖော် အိုင်ဆက် ဟေဒန် နဲ့ အချင်းများပြီး ခိုက်ရန် ဖြစ်ပွား ခဲ့ကြတယ်လို့ သိရ ပါတယ် ။

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ ဒီတပတ် အတွင်း ပြုလုပ်မယ့် အာဆင်ဝင်းဂါး နဲ့ နိုင်ငံ လက်ရွေးစင် နည်းပြများ တွေ့ဆုံပွဲ အတွက် ဖိတ်ကြားမှုကို တက်ရောက်မည်/မတက်ရောက်မည် အကြောင်း မပြန်သေးဘူးလို့ သိရ ပါတယ် ။

ဝင်းဂါး ဟာ အဆိုပါ တွေ့ဆုံပွဲမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ရဲ့ ကိုယ်စား ၂ နှစ် တကြိမ် ကမ္ဘာ့ဖလား အစီအစဉ် ကို လက်ရွေးစင် နည်းပြတွေကို ရှင်းလင်း ပြောပြ သွားမှာ ဖြစ်တယ်လို့ သိရ ပါတယ် ။

လာဇီယို ကစားသမား လူးဝစ် ဖိလစ်ပီ ဟာ ပြီးခဲ့တဲ့ စနေနေ့ တုန်းက ကစားခဲ့တဲ့ အင်တာမီလန် နဲ့ ပွဲက အဖြစ် အပျက် အတွက် ပြန်လည် တောင်းပန် သွားခဲ့ ပါတယ် ။

လာဇီယို က အင်တာ ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ဖိလစ်ပီ ဟာ အင်တာကို ပြောင်းသွားတဲ့ လာဇီယို က မိတ်ဆွေဟောင်း ဟွာကွင်း ကော်ရီယာ ကို နောက်ကနေ ကုန်းတက်ပိုး ရာကနေ ၂ ဘက်ကစားသမားတွေ အကြား အချင်းများမှု ဖြစ်ခဲ့ကာ ဖိလစ်ပီ ကိုယ်တိုင်နည်း အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရတာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR