ကံတွေစွတ်ကောင်းလွန်းနေတဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စက်တင်ဘာလ အလယ်လောက်က ကင်းပါဝါကွင်းထဲမှာ လက်စတာ စီးတီး အသင်းကို 4 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့သလို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ လီဗာပူး အသင်းကို 0 – 5 ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ပါတယ် ။

ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ််ပေး ဖလား ပြိုင်ပွဲမှာ 4 ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ရပြီး ပွဲစဥ် 9 ပွဲ ကစားပြီးချိန် ရမှတ် 14 မှတ်သာ စုဆောင်းနိုင်မှု နဲ့ အတူ အမှတ်ပေး ဇယား အဆင့် 7 နေရာမှာ ချဲလ်ဆီး အသင်းအောက် 8 မှတ်အကွာ ရပ်တည်ခဲ့ရပါတယ် ။

ထို့အတူ ယူနိုက်တက်နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားဟာလည်း ရာထူးမှ အထုတ်ပယ်ခံရဖို့ အရမ်းကို နီးစပ်သွားခဲ့ရပါတယ် ။ အဆိုပါ ကာလအတွင်း ယူနိုက်တက် တို့ဟာ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်သွားဖို့ ရှိကြောင်း သတင်းတွေ ကျယ်လောင်ခဲ့သလို အီတလီသား နည်းပြ ကလည်း ဒီရာထူးကို လက်ခံဖို့ စိတ်အားထက်သန်နေတယ််လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ ယူနိုက်တက်အသင်းရဲ့ ​တာဝန်ရှိသူတွေဟာ ဆိုးလ်ရှားဖက်မှ ဆက်လက် ရပ်တည်ပေးခဲ့ကြသလို နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန် ဟာလည်း အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာရောက်ခဲ့ပြီး ဆိုးလ်ရှား ဖက်မှ ရပ်တည် ပေးခဲ့တဲ့ အတွက် နော်ဝေသားဟာ နောက်ထပ် အခွင့်အရေး ပိုင်ဆိုင်ခဲ့ရပါတယ် ။

အခုတော့ ထွက်ပေါ် နေခဲ့တဲ့ သတင်းတွေက ယူနိုက်တက််အသင်းရဲ့ တာဝန်ရှိသူတွေဟာ တော့တင်ဟမ် ၊ အတ္တလန္တာ ၊ မန်စီးတီး နဲ့ ပွဲစဥ်ကို စောင့်ကြည့် သွားကြဖို့ ရှိနေတယ်လို့ သိရပါတယ် ။ အကယ်လို့ ဒီပွဲစဥ်တွေမှာ ဆိုးလ်ရှားသာ ရလဒ်ကောင်း မယူနိုင်ခဲ့ရင် နိုင်ငံတကာ အားလပ််ရက်တွေ အတွင်း ယူနိုက်တက်တို့ နည်းပြသစ်ကို ခေါ်ယူသွားလိမ့်မယ်လို့ သတင်းတွေပါ ကြီးခဲ့ပါသေးတယ် ။

ဒါ့ကြောင့် လာမဲ့ ပွဲစဥ် 3 ပွဲဟာ ဆိုးလ်ရှား အတွက်တော့ အသက်နဲ့ တမျှ အရေးကြီးတဲ့ ပွဲစဥ်မျိုး ဖြစ်လာခဲ့ရပါပြီ ။ ဒီလို ပွဲစဥ်တွေကို အနိုင် ကစားနိုင်ဖို့ အတွက် ဆိုးလ်ရှား လိုအပ်နေတာ ဒဏ်ရာ ကင်းစင်တဲ့ ၊ အင်အား ပြည့်ဝတဲ့ ကစားသမား အင်အားပဲ ဖြစ်ပါတယ် ။ အခုတော့ ကံတွေ ကောင်းနေခဲ့တဲ့ ဆိုးလ်ရှားဟာ ဆက်လက် ကံကောင်းခဲ့ပြန်ပြီလို့ ဆိုရပါတော့မယ် ။

ဘာဖြစ်လို့လဲဆိုတော့ ဆိုးလ်ရှား ကိုယ်တိုင်က လီဗာပူး နဲ့ ပွဲမှာ တိုက်ရိုက် အနီကဒ် နဲ့ ပွဲပယ်ခံခဲ့ရတဲ့ ပေါလ် ပေါ့ဂ်ဘာမှ လွဲရင် ဒဏ်ရာ ရရှိနေခဲ့သူ နောက်ခံလူ ရာဖေးလ် ဗာရန်း အပါအဝင် ကစားသမား အားလုံးဟာ တော့တင်ဟမ် နဲ့ ပွဲစဥ်မှာ ပါဝင်ဖို့ အဆင်သင့်ရှိနေကြောင်း ပြောကြားသွားခဲ့လို့ပဲ ဖြစ်ပါတယ် ။

” ပေါလ် ဟာ ပွဲပယ် ခံနေရ ပါတယ် ။ ဒါပေမဲ့ အဲ့တာက လွဲရင် ကျွန်တော်တို့ လုံးဝ ကြံ့ခိုင်နေတဲ့ ကစားသမား စာရင််းကို ပိုင်ဆိုင်ထားကြပါတယ် ။ ဒါက တကယ့်ကို ထူးဆန််းတဲ့ ရက်သတ္တပါတ်ပါပဲ ။ ကစားသမား 25 ဦးအပြင် ဂိုးသမား 5 ဦးလုံး အသင့်ရှိနေကြတယ်လေ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် တော့တင်ဟမ်နဲ့ ကစားရမဲ့ ပွဲစဥ်အတွက် ယူနိုက်တက် ဗဟိုခံစစ်နေရာမှာ ဗာရန်းဟာ မက်ဂွားယား (သို့) လင်ဒီလော့ဖ် နဲ့ တွဲဖက် ကစားသွားရဖို့ ရှိနေပြီး နီမန်ဂျာ မာတစ် ကတော့ လီဗာပူး နဲ့ ပွဲမှာ ရုန်းကန်ခဲ့ရတဲ့ ဖရက်ဒ် ၊ တော်မီနေး တို့ရဲ့ နေရာကို ဝင်ရောက် သွားနိုင်ဖွယ် ရှိနေပါတယ် ။

ဒါ့အပြင် ဒီလို ပွဲစဥ်မျိုးမှာ ညာ တိုက်စစ် နေရာ အတွက် ဆန်ချို အစား ဂျက်စီ လင်ဂတ် ပါဝင်နိုင်ခြေ ရှိနေသလို ပရိသတ်တွေ မေ့ပျောက်နေကြတဲ့ ဒွန်နီ ဗန်ဒီ ဘိခ် ဟာလည််း ပွဲကစားခွင့် မိနစ်တွေကို ပိုင်ဆိုင်သွားနိုင်ဖွယ် ရှိနေပါတယ် ။ ဒါဟာ ဖိအားတွေအောက် ရောက်နေခဲ့တဲ့ ဆိုးလ်ရှား အတွက်တော့ ကံတွေ ဆက်တိုက် ကောင်းနေခြင်းပါပဲ ။

ဒါကို အခွင့်အရေးယူနိုင်မလား ဆိုတာတော….

#Sports_Myanmar