ကာဗာနီဟာ ဘာကြောင့် ရော်နယ်ဒိုနဲ့ အတူ ပွဲထွက် ကစားခွင့် ရရှိခဲ့တာလဲဆိုတာ ​ရှင်းပြလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဥ် 10 အဖြစ် တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ အဝေးကွင်း ပွဲစဥ် ကစားခဲ့ရပြီး 0 – 3 ဆိုတဲ့ ရလဒ် နဲ့ အတူ နိုင်ပွဲ ပျောက်ဆုံးနေမှုတွေကို ရပ်တန့်ပြသွားနိုင်ခဲ့ ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက 3-4-1-2 ကစားကွက်ကို ခင်းကျင်းသွားခဲ့ပြီး ခံစစ်နေရာမှာ လင်ဒီလော့ဖ် ၊ ဗာရန်း နဲ့ မက်ဂွားယား တို့ကို ထည့်သွင်း ကစား စေခဲ့ပါတယ် ။ 4 ယောက်တန်း နေရာမှာတော့ ဘစ်ဆာကာ ၊ ဖရက်ဒ် ၊ တော်မီနေး နဲ့ ရှော တို့ကို သုံးခဲ့ပါတယ် ။

အဲ့ဒီနောက် ကွင်းလယ်တိုက်စစ် နေရာမှာ ဘရူနို ဖာနန်ဒက်စ် ကို သုံးခဲ့ပြီး တိုက်စစ်မှူး နေရာမှာတော့ အသင်းရဲ့ အသက်အကြီးဆုံး ကစားသမားတွေ ဖြစ်ကြတဲ့ ရော်နယ်ဒို နဲ့ ကာဗာနီ တို့ကို ထူးထူးခြားခြား တွဲဖက်ရင်း အသုံးပြု သွားခဲ့လိုက် ပါတယ် ။

 

ဒါပေမဲ့ အဆိုပါ တိုက်စစ်မှူး နှစ်ဦးကတော့ ဆိုးလ်ရှား နဲ့ ပရိသတ်တွေကို စိတ်မပျက်စေခဲ့ပဲ တစ်ယောက် တစ်ဂိုးစီ သွင်းယူပေးခဲ့ကြ ပါတယ် ။ ယူနိုက်တက်အတွက် နောက််ဆုံးဂိုး ကိုတော့ လူစားဝင် ကစားပေးခဲ့တဲ့ ရပ်ရှ်ဖိို့က သွင်းယူပေးသွားခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ လေ့ကျင့်ရေး ကွင်းထဲမှာ လွန်ခဲ့တဲ့ 4 ရက်အတွင်း ကာဗာနီ ရဲ့ စွမ်းဆောင်ရည်က မြင်ခဲ့ဖူးသမျှထဲ အကောင်းဆုံး ဖြစ်နေခဲ့တဲ့ အတွက် အခုလို ပွဲထုတ်ခဲ့တာ ဖြစ်ကြောင်း အမွှမ်းတင် သွားခဲ့လိုက် ပါတယ် ။

” သူတို့ နှစ်ဦးလုံး (ရော်နယ်ဒို နဲ့ ကာဗာနီ) အရမ်း အရမ်းကို ကောင်းခဲ့ကြ ပါတယ် ။ အင်္ဂါနေ့ မနက်ခင် တုန်းက အသင််းရဲ့ လေ့ကျင့်ရေး ကွင်းထဲမှာ ကာဗာနီ လေ့ကျင့်ခဲ့တဲ့ ပုံစံက ကျွန်တော် ဒီကိုရောက်ခဲ့တဲ့နောက် မြင်ဖူးသမျှတွေထဲ အကောင်းဆုံး ဖြစ်ခဲ့ရပါတယ် ”

” သူက စိတ်ခံစားချက်တွေ ဘယ်လို ပြောင်းလဲရမလဲ ၊ စွမ်းဆောင်ရည်တွေကို ဘယ်လို ပြောင်းလဲရမလဲ ဆိုတာနဲ့ ပတ်သက်လို့ အားလုံးအတွက် ဥပမာကောင်း ဖြစ်နိုင်ခဲ့ပါတယ် ။ ပွဲစဥ်မတိုင်ခင် ကတည်းက သူတို့ နှစ်ဦး အတူ တွဲကစားရလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ပါသေးတယ် ”

 

” အဲ့တာက ဒီနေ့တော့ အလုပ်ဖြစ်သွားခဲ့ပါတယ် ။ အရမ််းကိုကောင်းတဲ့ သွင်းဂိုး 2 ဂိုးကို မြင်တွေ့ခဲ့ရတယ်လေ ။ သူတို့ နှစ်ဦး အရမ်း ကြံ့ခိုင်သူတွေ ဖြစ်ကြပြီး သူတို့တွေရဲ့ အတွေ့အကြုံ ကြွယ်ဝမှုက အင်္ဂါနေ့က လေ့ကျင့်ရေးကွင်းမှ အခုပွဲအထိ အကောင်းဆုံး ဦးဆောင်စေနိုင်ခဲ့ ပါတယ် ”

” ကျွန်တော်တို့ အလုပ်တစ်ခု လုပ်တဲ့အခါတိုင်း ဒါဟာ အလုပ်ဖြစ်နိုင်မယ်လို့ တွေးပြီး လုပ်ခဲ့တာချည်းပါပဲ ။ ဒီတစ်ကြိမ်တော့ တကယ်ပဲ အလုပ်ဖြစ်သွားခဲ့ရ ပါတယ် ။ အသင်းသားတွေ အားလုံးပဲ အလုပ်ကို ကောင်းကောင်း လုပ်ပြ နိုင်ခဲ့ကြပြီး Clean Sheet လည်း ရရှိခဲ့ပါတယ် ”

” သူတို့ ဘောလုံးကို ဒေးဗစ် (ဒီဂီယာ) ဆီ မရောက်ခင်မှာပဲ ကန်ထုတ်နိုင်ခဲ့ကြပါတယ် ။ ဒီနေ့တော့ ဒေ့ဗ် ဂိုးပေါက်တောင် မကာကွယ်ခဲ့ရပါဘူး ။ ဒါက ပရိသတ်တွေနဲ့ အတူ အောင်ပွဲခံသင့်တဲ့ ပွဲစဥ်မျိုးပါပဲ ။ သူတို့တွေ ဒါနဲ့ ထိုက်တန််ခဲ့ ကြတယ်လေ ”

” နိုင်ပွဲရရင် ကျွန်တော်တို့ အရမ်းကို ပျော်ရွှင်ရပါတယ် ။ ပြီးရင် တစ်ပါတ်လုံး အလုပ်ကောင်းကောင်း လုပ်နိုင်ကြပါတယ် ။ အင်္ဂါနေ့ မနက်ထဲက နည်းစနစ်ပိုင်း ပတ်သက်လို့ ကျွန်တော်တို့ အလုပ်တွေ အရမ်း ကြိုးစားခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ အဆင်သင့် ဖြစ်နေဖို့ လုပ်ခဲ့ရပါတယ် ”

” ဒီကစားသမားတွေနဲ့ အလုပ်လုပ်ရတာက တစ်ကယ့်ကို ကျေနပ်စရာပါပဲ ။ ကျွန်တော်တို့တွေ ဘာလုပ်ကြမယ်ဆိုပြီး meeting လုပ်ခဲ့ကြတိုင်း အကောင်းဆုံး အကောင်အထည်် ဖော်ပေးနိုင်ဖို့ သူတို့တွေ အမြဲလို နှိမ့်ချ ကြိုးစားခဲ့ကြတာချည်းပါပဲ ” လို့ ဆိုးလ်ရှား က အသင်းသားတွေကို ချီးကျူး သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar