ကလပ် ရဲ့ နှစ် ၁၀၀ နီးပါးရှိပြီဖြစ်တဲ့ အရှုံးမှတ်တမ်းဟောင်းကို လိုက်မီသွားခဲ့တဲ့ ရော်နယ်ကိုးမန်း

ဘာစီလိုနာ နည်းပြကြီး ရော်နယ်ကိုးမန်း ဟာ မနေ့ညက ကစား ခဲ့တဲ့ ရီးရဲ မက်ဒရစ် နဲ့ ပွဲစဉ် အပြီးမှာတော့ ၁၉၃၅-၃၆ ရာသီ ကတည်းက ထပ်မံ မမြင်တွေ့ ရတော့တဲ့ အရှုံး မှတ်တမ်းဟောင်း တခုကို ပြန်လည် တူးဆွမိခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ရီးရဲ မက်ဒရစ် အသင်းကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံ ကစားခဲ့ပြီး ၂-၁ နဲ့ အရေးနိမ့် ခဲ့ရ ပါတယ် ။

ဘာစီလိုနာ ဟာ ပွဲအစ မှာတင် ရွှေရောင် အခွင့်အရေး ရရှိခဲ့ ပေမယ့် ဆာဂျီယို ဒက်စ် က အံ့အားသင့်ဖွယ် ကောင်းလောက်အောင် လွဲချော် ခဲ့ပါတယ် ။

အဲ့ဒိ နောက်မှာတော့ ရီးရဲ အတွက် နောက်ခံလူ ဒေးဗစ် အလာဘာ က ၃၂ မိနစ်မှာ အဖွင့်ဂိုး စသွင်းပေး ခဲ့သလို ၉၀+၃ မိနစ် မှာလည်း လူးကပ် ဗက်ဇ်ကွက် က ဒုတိယဂိုး ကို သွင်းယူသွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ အတွက် ချေပဂိုး ကိုတော့ ၉၀+၇ မိနစ်မှာ တိုက်စစ်မှူးကြီး အဂွေရို က သွင်းယူပေးခဲ့တာပါ ။

ကိုးမန်း ဟာ ဘာစီလိုနာ ကို စတင် ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီ တုန်းကလည်း ရီးရဲ မက်ဒရစ် ကို ၂ ကျော့စလုံး အရေးနိမ့် ထားခဲ့ ပါတယ် ။

ဒါကြောင့် ဒီပွဲ အပြီးမှာတော့ ကိုးမန်း ဟာ El Clasico ( Real VS Barcelona ) ၃ ပွဲဆက်တိုက် ရှုံးနိမ့်သူ အဖြစ် နည်းပြဟောင်း အိုကွန်နယ်လ် ရဲ့ ၈၅ နှစ် ရှိပြီ ဖြစ်တဲ့ အရှုံး မှတ်တမ်းဟောင်းကို လိုက်မီ သွားခဲ့ပြီ ဖြစ်ပါတယ် ။

အကယ်၍သာ ကိုးမန်း အနေနဲ့ ရီးရဲ နဲ့ ကစားမယ့် နောက်တကျော့ အထိ ဘာဆာ နည်းပြ အဖြစ် ဆက်ရှိနေပြီး ထပ်ရှုံးခဲ့ဦးမယ် ဆိုရင်တော့ မဟာပြိုင်ဘက် ရီးရဲမက်ဒရစ် ကို ၄ ကြိမ်ဆက်တိုက် ရှုံးနိမ့်ဖူးတဲ့ ပထမဆုံးသော ဘာစီလိုနာ နည်းပြ ဆိုတဲ့ ဂုဏ်ထူး ဘွဲ့ထူးကြီးကို ရရှိ ပိုင်ဆိုင် သွားမှာပဲ ဖြစ်ပါတယ် ။

ဒီရှုံးပွဲကြောင့် ဘာစီလိုနာ ဟာ ၉ ပွဲ ကစားအပြီးမှာ ၁၅ မှတ် နဲ့ ၁၀ ပွဲ ကစားထားပြီး အဆင့် ၁ နေရာကို ရောက်နေတဲ့ ရီးရဲ ဆိုဆီဒက် နဲ့ ၆ မှတ်ထိ ကွာဟ နေခဲ့ပြီ ဖြစ်ပါတယ် ။

ဘာစီလိုနာ ပရိသတ်တွေ အတွက်တော့ ဒီရှုံးပွဲ ဟာ ၃ မှတ်တင် ဆုံးရှုံး ခဲ့ရတာ မဟုတ်ဘဲ ဂုဏ်သိက္ခာပိုင်း အရပါ ဆုံးရှုံး ခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် စိတ်ပျက် ဒေါသထွက် နေကြတဲ့ ပရိသတ်တွေဟာ ပွဲပြီးလို့ ကွင်းထဲကနေ ပြန်ထွက်လာတဲ့ ရော်နယ်ကိုးမန်း ရဲ့ ကားကို ဝိုင်းပြီး ဖုန်းတွေ နဲ့ ဓါတ်ပုံရိုက်ကာ အော်ဟစ် ပြောဆို ခဲ့ကြတာကို သတင်းမီဒီယာတွေထက် မှာ မြင်တွေ့ လာခဲ့ရ ပါတယ် ။

ဘာစီလိုနာ ရဲ့ ရှုံးပွဲကို ထပ်ဆင့်တိုး စေခဲ့တာကတော့ ကွင်းလယ်လူ ဖရန်ကီ ဒီယွန် ဒဏ်ရာ ရရှိ သွားခဲ့တာပဲ ဖြစ်ပါတယ် ။

နယ်သာလန် ကွင်းလယ်လူ ဒီယွန် ဟာ ပွဲချိန် ၇၇ မိနစ် မှာ လူစားလဲ ခံခဲ့ရပြီး တံကောက်ကြော ဒဏ်ရာ ရရှိခုံပုံ ရတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဒီဒဏ်ရာ ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ အနားမရဘဲ ကလပ်-နိုင်ငံ ဆက်တိုက် ကစားရမှုရဲ့ အကျိုးဆက် ဖြစ်နိုင်ပြီး ဘယ်လောက်ထိ အနားယူရမလဲ ဆိုတာ အတပ် မပြောနိုင်သေးဘူးပါဘူး ။

ဘာစီလိုနာ ဟာ ကြားရက် နဲ့ လာမယ့် ပိတ်ရက်တွေမှာ ဗယ်လက်ကာနို နဲ့ အာလာဗက်စ် အသင်းတို့ ကို ရင်ဆိုင် ရမှာ ဖြစ်ပြီး အဲ့ဒိ နောက်မှာတော့ အမှားခံလို့ မရတော့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ကို ပြန်လည် ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR