ကစားသမား နှစ်ဦး မရွေးချယ်တဲ့ ဆိုးလ်ရှားကို မေးခွန််းထုတ် ဝေဖန်လိုက်တဲ့ အာဆင်နယ် ဂန္တဝင် အီယန်ရိုက်

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ ဆိုးလ်ရှားကတော့ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ 5 – 0 ဆိုတဲ့ ရလဒ် နဲ့ အရှက်တကွဲ ရှုံးနိမ့် သွားခဲ့တဲ့နောက် နည်းပြ ရာထူးကို ဆက်လက် ထိန်းသိမ််းနိုင်ဖို့ ရုန်းကန်နေရတဲ့ အနေအထားမျိုး ပိုင်ဆိုင်နေခဲ့ရပါတယ် ။

ဒါပေမဲ့ လီဗာပူး အသင်းကို ဂိုးပြတ် ရှုံးနိမ့်သွားကြခဲ့တဲ့ အဆိုပါ ပွဲစဥ်မှာတော့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ ဂျေဒန် ဆန်ချို နဲ့ ဂျက်စီ လင်ဂတ် တို့ဟာ ပွဲထွက် ကစားသမား စာရင်းထဲ မပါဝင် နိုင်ခဲ့ကြသလို လူစားဝင် ကစားသမားတောင် မဖြစ်နိုင်ခဲ့ကြပါဘူး ။

ဂျေဒန် ဆန်ချို ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေထဲက မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ အဓိက ပစ်မှတ် တစ်ဦး ဖြစ်ခဲ့ပြီး နွေတုန်းက ယူနိုက်တက်ဆီကို ပေါင် 73 သန်း နဲ့ ရောက်လာသူပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ သူဟာ အခုထိ 3 ပွဲသာ ပွဲထွက် ကစားခွင့် ရရှိထားနိုင်ခဲ့ပါသေးတယ် ။

အခြားတဖက်မှာတော့ ဂျက်ဆီလင်ဂတ်ဟာ ပြီးဆုံးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဝက်စ်ဟမ်းအသင်းဆီ အငှားသွားရောက်် ကစားပေးရင်း အထူးခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမဲ့ အခုထိ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ပွဲထွက် ကစားပေးခွင့်တွေကို မရရှိနိုင်ခဲ့သေးပါဘူး ။

အခုတော့ အာဆင်နယ် ဂန္တဝင် အီယန်ရိုက်က ယူနိုက်တက််အသင်း အနေနဲ့ ဆန်ချို ၊ လင်ဂတ် တို့ဟာ အခုထက်ပိုပြီး နေရာရရှိသင့်ကြောင်း ပြောကြားရင်း ဆိုးလ်ရှားဖက်မှ ဘိုင်လီ ၊ ပေါ့ဂ်ဘာ ၊ ဗန်ဒီ ဘိခ် တို့ကို ကိုင်တွယ် နေခဲ့ပုံ အပေါ် မေးခွန်းတွေပါ ထုတ်သွားခဲ့လိုက် ပါတယ် ။

” အသင်းမှာ ဒွန်နီ ဘန်ဒီ ဘိခ် လို ကစားသမား ရှိနေပါတယ် ။ ဆန်ချိုအတွက် ယူနိုက်တက်တို့ ပေါင် သန်း 70 ကျော် ပေးခဲ့ရပါတယ် ။ သူ (ဆန်ချို) က အသင်းသစ်မှာ အစပိုင်း အံမဝင်သေးခဲ့ဘူးဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမဲ့ ဘယ်တောင်ပံမှာ အဆင်ပြေနေသလောက် ညာတောင်ပံမှာ အဆင်မပြေသေးတာကို ဖန်တီးမှုတွေနဲ့ ပိုမို ကောင်းမွန်စေဖို့ သူ့ကို ထည့်သုံးသင့်ပါတယ် “

” ဒါပေမဲ့ သူကတော့ ပွဲထွက် ကစားခွင့်တွေကို ရရှိမနေခဲ့ပါဘူး ။ ပေါလ် ပေါ့ဂ်ဘာက ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမား ဖြစ်နေဆဲပါပဲ ။ ဒါပေမဲ့ သူကလည်း ပွဲထွက် ကစားခွင့်တွေ ပုံမှန် မရရှိပါဘူး ။ ဒီလိုမျိုး ကြုံလာရင်တော့ ‘ ဘာတွေ ဖြစ်ပျက်နေတာလဲ ၊ ဒါတွေက ဘယ်လောက်ထိ ဖြစ်နေဦးမှာလဲ ‘ ဆိုပြီး ခင်ဗျား တွေးနေမှာပါပဲ “

” ဂျက်စီ လင်ဂတ် ၊ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဝက်စ်ဟမ်း ယူနိုက်တက် အသင်းမှာ ဘယ်လို ရာသီမျိုး ပိုင်ဆိုင်ခဲ့သလဲ ? အခုတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြန်ရောက်လာခဲ့ပြီး ဘာဖြစ်လို့ မနှစ်ကလို ပွဲထွက် ကစားခွင့်တွေကို မပိုင်ဆိုင် နိုင်ခဲ့တော့တာလဲ ? “

” သူက ဖိအားပေး ကစားတာ ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်တယ်ဆိုတာ ခင်ဗျားတို့ မြင်ခဲ့ကြမှာပါ ။ သူဟာ အင်္ဂလန် ၊ ဝက်စ်ဟမ်း အသင်းတွေမှာ ပြိုင်ဖက်တွေကို သတ်နိုင်စွမ်း ရှိတဲ့ ဖိအားပေး တိုက်စစ်ဆင်မှုတွေကို အမြဲလို လုပ်ဆောင် ပြထားနိုင်ခဲ့တာ ခင်ဗျားတို့လည်း တွေ့မြင်ခဲ့ကြမှာပါ ” လို့ အီယန်ရိုက် က ယူနိုက်တက် နဲ့ ပတ်သက်လို့ သူ့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar