ဇူလိုင်လအတွက် မီတာခတွေကို ၇၅ ယူနစ်အထိ အခမဲ့သုံးခွင့်ပေးမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကို ဇူလိုင် ၁၅ ရက် အထိ တိုးမြှင့်ခဲ့တာကြောင့် ဒီကာလအတွင်းမှာ ပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေရဲ့ အိမ်သုံးမီတာအမျိုးအစားအတွက် လျှပ်စစ်သုံးစွဲတာ ၁ ယူနစ်ကနေ ၇၅ ယူနစ် အထိ ကင်းလွတ်ခွင့်ပေးမယ်လို့ ထပ်မံ ကြေညာလိုက်တာပါ။

ဒီထဲမှာတော့ သံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမပါဘဲ နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တလုံးတခဲတည်းအိမ်သုံး၊ စီးပွားရေးလုပ်ငန်းမပါတဲ့ ဘာသာ သာသနာ အဆောက်အအုံတွေနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေအတွက်ပဲ ကင်းလွတ်ခွင့်ပေးတာပါ။

ပြီးခဲ့တဲ့ ဧပြီလကစလို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလတလျှောက် မီတာခတွေကို တလမှာ ယူနစ် ၁၅၀ အထိ ကင်းလွတ်ခွင့်ပေးလာတာဖြစ်ပြီး အရင်လတွေထက် မီတာခ ပိုများလာတယ်လို့လည်း ဝေဖန်တာတွေ ရှိနေပါတယ်။

ယခုဖော်ပြပါသတင်းကို DVB Multimedia Group  တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

 

 

Ads