အိန္ဒိယလေတပ်ဟာ တရုတ်နယ်စပ်နားက လေတပ်အခြေစိုက်စခန်းမှာ ဇူလိုင်လ ၄ ရက်က စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

၂ နိုင်ငံလုံးက စစ်တပ်တွေဟာ ရှေ့မတိုး နောက်မဆုတ်သာ အနေအထားမှာ ပိတ်မိ နေတာပါ။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက လာဒက်ခ်ဒေသကို လာရောက် လည်ပတ်အပြီး နောက်နေ့မှာ စစ်ရေးလေ့ကျင့်တာလည်း ဖြစ်ပါတယ်။

အရင်လက ဒီဒေသမှာ တရုတ်တပ်တွေနဲ့ အိန္ဒိယတပ်တို့ ရိုက်ပွဲဖြစ်အပြီး အိန္ဒိယ စစ်သည် အယောက် ၂၀ သေဆုံးခဲ့ပါတယ်။

တရုတ်နဲ့အိန္ဒိယ ၂နိုင်ငံ အစိုးရတွေဟာ ဇွန်လ ၁၅ ရက်မှာ ၂ နိုင်ငံနယ်စပ် ဂယ်ဝမ် တောင်ကြားမှာ ပဋိပက္ခဖြစ်ခဲ့ပြီး အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။

ဒါပေမယ့် ၂ နိုင်ငံအစိုးရတွေဟာ တင်းမာမှု ဖြေလျှော့ရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၃ရက်မှာ ပြောပါတယ်။

ယခုဖော်ပြပါသတင်းကို DVB Multimedia Group  တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Ads