ဂျပန်တောင်ပိုင်း ကူမာမိုတိုနဲ့ ကာဂိုရှီးမားပြည်နယ်တွေမှာ ညလုံးပေါက် မိုးကြီးခဲ့ပြီးနောက်  ဇူလိုင်လ ၄ ရက်မှာ  လူ ၂ ယောက် သေဆုံးပြီး ဒါဇင်ချီ ပျောက်ဆုံးနေတယ်လို့ TRT သတင်းမှာ ဖော်ပြပါတယ်။

ဆူနာဂီမာချီခရိုင်မှာ ရွှံမြေပြိုကျရာကနေ  ရုပ်အလောင်း နှစ်ခုကို တွေ့ရတယ်လို့ ကူမာမိုတို ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲ့ရေး တာဝန်ရှိသူတဦးက ပြောဆိုပါတယ်။

တချို့ဒေသခံတွေဟာ  အိမ်ခေါင်မိုးပေါ်ကနေ ကယ်ဆယ်ရေး အကူအညီ စောင့်ဆိုင်းခဲ့သလို ဒေသခံ ခုနှစ်သောင်းခွဲကျော်ကို ဘေးလွတ်ရာပြောင်းဖို့ ညွှန်ကြားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

NHK ရုပ်သံထုတ်လွှင့်ချက်မှာတော့ ကူမာမိုတိုပြည်နယ် ဟီတိုယိုရှီမြို့နေရာ အတော်များများ ရွှံရေတွေ လွှမ်းနေတာကို တွေ့ရပါတယ်။

ကူမာမြစ်ရေလျှံတာကြောင့်  ရေလွှမ်းပြီး  ကားအတော်များများဟာလည်း မှန်ပြတင်းတွေ အထိ နစ်မြုပ်နေတယ်လို့ TRT သတင်းမှာ ဖော်ပြထားပါတယ်။

ယခုဖော်ပြပါသတင်းကို DVB Multimedia Group  တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

 

 

 

Ads