ကချင်ပြည်နယ်၊  ဖားကန့်မြို့နယ်မှာ မြေပြိုကျခဲ့ပြီး လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ များစွာဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တပ်မတော်အနေနဲ့ လိုအပ်တဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ကူညီဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ဇူလိုင် ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီနေ့မနက် ၈ နာရီလောက်က  ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး လုပ်ငန်းတွေ ယာယီရပ်နားထားတဲ့ ရတနာကြယ် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်ရှိ အမြင့် ၁၀၀၀ ပေ အလျား ၇၀၀ ပေခန့် မြေသားတွေ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေတူးဖော်သူတွေ မျောပါသေဆုံးခဲ့တာ ဖြစ်ပါတယ်။

 

ဒီနေ့ ညနေ ၆ နာရီအထိ   သေဆုံးသူ ၁၂၃ ဦးနဲ့ ဒဏ်ရာရသူ ၃၁ ဦးရှိတယ်လို့ တပ်မတော်က ထုတ်ပြန်ထားပြီး မီးသတ်တပ်ဖွဲ့ကတော့  သေဆုံးသူ ၁၂၆  ဦးနဲ့ ဒဏ်ရာရသူ ၂၃ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-CINCDS

ယခုဖော်ပြပါသတင်းကို DVB Multimedia Group  တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Ads