အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီကို သတ်ဖြတ်မှုအတွက် အီရန် အစိုးရက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အပေါင်းအပါ ၃၅ ယောက်ကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ဖမ်းဝရမ်းတွေကို အီရန်အစိုးရရှေ့နေ အလီအယ်လ်ကာစီမီဟာက ကြေညာပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ဆီမှာ အကူအညီတောင်းခဲ့တယ်လို့ အီရန်အခြေစိုက် ဖှားသတင်းဌာနက ဖော်ပြပါတယ်။

ဝရမ်းကို လူသတ်မှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် ထုတ်ထားတာလို့လည်း အီရန် အစိုးရရှေ့နေက ပြောပါတယ်။

ဒါဟာ ဝါဒဖြန့်ချိရေး စွန့်စားခန်းတရပ်သာ ဖြစ်တယ်လို့ အီရန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန်က ဇွန် ၂၉ ရက်မှာ ပြောပါတယ်။

“ဒါဟာ နိုင်ငံရေး သဘောသဘာဝပါပဲ။ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံတကာ ငြိမ်းချမ်းရေး၊ ဒါမှမဟုတ် တည်ငြိမ်မှုမြှင့်တင်ရေးတွေနဲ့ ဘာမှ မပတ်သက်ဘူး။ ဒါဟာ ဘယ်သူမှ အရေးတယူ လုပ်မှာ မဟုတ်တဲ့ ဝါဒဖြန့် စတန့်ထွင်မှုတရပ်ပဲ”လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒီဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရကရော အင်တာပိုကပါ ပယ်ချခဲ့ပါတယ်။

အမေရိကန်ဟာ အီရန်တော်လှန်ရေး အစောင့်တပ် အထူးတပ်ဖွဲ့ဖြစ်တဲ့ ကာ့ဒ်စ်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီကို အီရတ်နိုင်ငံအတွင်း ဇန်နဝါရီ ၃ ရက်က ဒရုန်းယာဉ်နဲ့ တိုက်ခိုက် သတ်ဖြတ်ခဲ့ပါတယ်။

ယခုဖော်ပြပါသတင်းကို DVB Multimedia Group  တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Ads