မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၆ လမ်း ၇၈ လမ်း နဲ့ လမ်း ၈၀ ကြားမှာ ဆိုင်ကယ်စီးလာတဲ့ သမီးရည်းစားစုံတွဲအားသေနတ်နဲ့ ပစ်တဲ့ဖြစ်စဉ်မှာ ကျူးလွန်သူအပါအဝင် လေးဦးကို ၂၄ နာရီအတွင်း ဖမ်းဆီးမိပြီလို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ဇွန်လ ၂၇ ရက် နာရီလောက်က မိုးဟိန်းကို (၁၇) နှစ်နဲ့ သူ့ရဲ့ကောင်မလေးဟာ ၂၆ လမ်း အတိုင်း အရှေ့ကနေအနောက်ကို ဆိုင်ကယ်နဲ့ မောင်းလာတာဖြစ်ပြီး မီးပွိုင့် ရပ်စောင့်နေတဲ့အချိန်မှာ အမည်မသိအမျိုးသား ဦး ကပ်လာကာသေနတ်နဲ့ ပစ်ခဲ့တာလို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အမှုမှာ အဓိက ပါဝင်သူဟာ နှစ်ယောက်ဖြစ်ပြီး ဆက်စပ်တဲ့သူ နှစ်ဦးကိုပါ ဖမ်းဆီးထားကာ ဥပဒေအကြံတောင်းတင်ပြီးဆက်လက်ဆောင်ရွက်မယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သေနတ် ဘယ်က ဘယ်လိုရတယ်နဲ့ ဘယ်လိုအကြောင်းကြောင့် ပစ်တယ်ဆိုတာကို စစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။

အမှုဖြစ်စဉ်မှာ ပါဝင်ခဲ့ကြတဲ့ လမင်းနိုင်()ဝမ်းဝမ်း၊ စိုင်းသူရဦး၊ မင်းသူရိန်ခန့်တို့ကို မဟာအောင်မြေမြို့နယ်အတွင်းမှာဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သေနတ်နဲ့ ပစ်ခဲ့သူ ရဲမာန်()ဝေယံကျော်ကို စစ်ကိုင်းမြို့နယ်ထဲက ဒီပဲယင်းခွဲကျေးရွာမှာ ဖမ်းဆီးရမိခဲ့တာပါ။

သေနတ်နဲ့ ပစ်ခံရတဲ့ မိုးဟိန်းကိုမှာ ဝဲဘက်နံဘေး ပေါက်ထွက်ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးကို ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျူးလွန်သူနဲ့ ဆက်စပ်သူ () ဦး ကို အမှတ် () နယ်မြေစခန်းမှာ () ၁၁၆/၂၀၂၀ ပုဒ်မ၃၀၇/၃၂၆ တို့နဲ့ အမှုဖွင့်ထားပါတယ်။

ယခုဖော်ပြပါသတင်းကို DVB Multimedia Group  တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Ads