ဇွန် ၂၇ ရက်က အိန္ဒိယ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ နိုင်ငံထဲမှာ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၁၇,၀၀၀ ကျော်ရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း ဦးရေဟာ ၅ သိန်းကျော်လာပြီလို့ သိရပါတယ်။

သေဆုံးသူကလည်း ဒီနေ့ ၁ ရက်တည်း  ၂၃ ဦးအထိ ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူက ၁၅၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။

အဓိကကူးစက်နှုန်းမြင့်တဲ့ မြို့ကြီးတွေထဲမှာ မြို့တော် နယူးဒေလီလည်း ပါဝင်နေပါတယ်။

အိန္ဒိယဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပျံ့နှံ့မှုမှာ ကမ္ဘာ့စတုတ္ထအများဆုံးနိုင်ငံ ဖြစ်ပြီး သူ့အထက်မှာ အမေရိကန်၊ ဘရာဇီးနဲ့ ရုရှားတို့ပဲ ရှိတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။အိန္ဒိယမှာ ကူးစက်နှုန်းဟာ ဆက်တိုက် ဆက်လက်မြင့်တက်နေဖို့ရှိတယ်လို့ မျှော်လင့်ထားကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် သေဆုံးမှုနှုန်းကို အခု လျှော့ချသင့်တယ်လို့ ဖက်ဒရယ် အစိုးရကို အကြံပေးထားပါတယ်။
 

Ads