ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇွန်လ ၂၆ တရက်တည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၀ နဲ့ ကူးစက်ခံရသူ ၃၆၈၆ ယောက်ရှိတယ်လို့ worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့ညနေပိုင်းအထိ နိုင်ငံတဝန်း ကူးစက်သူ ၁၃၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၆၆၁ ယောက်ရှိပြီလို့ ဆိုပါတယ်။

မြို့တော် ဒါကာက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ထောင်နဲ့ချီတဲ့ ပုဂ္ဂလိက လူနာ တင်ယာဉ်တွေက အဓိက အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရဆေးရုံလူနာတင်ယာဉ် စီးရေ ၅၀၀ နဲ့ ပုဂ္ဂလိက လူနာ တင်ယာဉ် ၆၀၀၀ ဝန်းကျင်လောက်ရှိပြီး ထက်ဝက်က ဒါကာက ဖြစ်ပါတယ်။

ပုဂ္ဂလိက လူနာတင်ယာဉ်တွေဟာ လူနာပို့ဆောင်တာနဲ့ မြို့တွင်းမြို့ပြင်က သေဆုံးသူတွေ ကို ပို့ဆောင်တာလို ခက်ခဲတဲ့ အလုပ်တွေကို လုပ်ပေးနေပါတယ်။

သူရဲ့ တရားဝင် အရေးပေါ်ဖုန်းလိုင်း ၉၉၉ ဟာ ဖုန်းခေါ်ဆိုသူတွေကို ပုဂ္ဂလိက လူနာ တင်ယာဉ်တွေနဲ့တိုက်ရိုက် ချိတ်ဆက်ပေးပါတယ်။

အရေးပေါ် ဖုန်းလိုင်းနဲ့ အလုပ်လုပ်တဲ့ လူနာတင်ယာဉ် ၄၉၀ လောက်ရှိပြီး အော်ပရေတာတွေဟာ တခြားလူနာတင်ယာဉ်တွေကိုလည်းခေါ်ဆိုနိုင်ပါတယ်။

မကြာသေးခင်က ၉၉၉-ဟာ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် ဖုန်းလိုင်း ဖြစ်လာပါတယ်။ ပုဂ္ဂလိက လူနာတင်ယာဉ်တစ်စီးရဲ့ ကုန်ကျစရိတ်ဟာ ဒါကာမြို့တွင်းမှာဆိုရင် တစ်ကီလိုမီတာကို အမေရိကန် ၁ ဒသမ ၂ ဒေါ်လာ ကျသင့်ပြီး မြို့ပြင်ဆိုရင်တော့ တစ်ဒေါ်လာအောက် လျော့နည်း တယ်လို့ ဘင်္ဂလားဒေ့ရှ်လူနာတင်ယာဉ်များ ဥက္ကဋ္ဌက ပြောပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Ads