အိန္ဒိယမှာ ရိုက်ယူထားခဲ့ပြီး အင်တာနတ်ပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုမှာ မျောက်တစ်ကောင်ဟာ သူတို့မျိုးစိတ်တွေ လုပ်လေ့လုပ်ထမရှိတဲ့ အံ့ဖွယ်သရဲအမှုတစ်ခုကို လုပ်ဆောင်နေပါတယ်။ အဲဒါကတော့ စွန်လွှတ်နေတာပါပဲ။

အိန္ဒိယ သစ်တောဌာနအရာရှိ ဆူဆန်တာ နန္ဒာက တွစ်တာပေါ်တင်လိုက်တဲ့ ဗီဒီယိုထဲမှာတော့ မျောက်ကလေးတစ်ကောင်ဟာ လေထဲမှာ ဝဲနေတဲ့စွန်ကို ကြိုးကနေ ဆွဲယူနေတာပဲ ဖြစ်ပါတယ်။

မျောက်ဟာ ခေါင်မိုးပေါ်မှာ နားနေရင်းနဲ့မှ စွန်ကို မိလိုက်တာပဲ ဖြစ်ပါတယ်။
“ပိတ်သိမ်းမှုကြောင့် ဆင့်ကဲတိုးတက်ပြောင်းလဲမှုဖြစ်စဉ် မြန်လာတယ်”လို့ နန္ဒာက သူ့ပို့စ်မှာ ပြက်လုံးထုတ်ထားပါတယ်။
ဗီဒီယိုရိုက်ကူးထားတဲ့ နေရာအတိအကျကိုတော့ ကွဲကွဲပြားပြားမသိရပါဘူး။

Wirter_နေဇင်ထွန်း ( XYZ News )
Source : UPI
(မှတ်ချက်- မူရင်း ဗီဒီယိုဖိုင်ရှိပါသည်။)

Ads