အာဖရိကးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုရဲ့ နောက်ထပ်ဗဟိုချက်တစ်ခု ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က သတိပေးလိုက်ပါတယ်။ ကူးစက် ရောဂါ ဟာ  အာဖရိကမှာ လူပေါင်း ၃၀၀၀၀၀ လောက်ကို သေဆုံးစေနိုင်ပြီး လူပေါင်း သန်း၃၀နီးပါးကိုလည်း ဆင်းရဲခြွတ်ခြုံကျသွားစေနိုင်တယ်လို့ ကုလသမဂ္ဂက ပြောကြားပါတယ်။  အာဖရိကမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် တရှိန်ထိုး မြင့်တက်လာခဲ့ပါတယ်။ အာဖရိကတစ်လွှားမှာ ကူးစက်ခံရသူပေါင်း ၁၉၀၀၀နီးပါးရှိပြီး ၁၀၀၀နီးပါး သေဆုံးခဲ့ပြီဖြစ်ပေမယ့် အခုအချိန်ထိတော့ ဥရောပနဲ့ အမေရိကန်တို့နဲ့စာရင် နိမ့်နေပါသေးတယ်။

ကုလ အာဖရိကစီးပွားရေးကော်မရှင်ကတော့ လူပေါင်း ၃၀၀၀၀၀လောက် သေဆုံးနိုင်တယ်လို့ သတိပေးထားပြီး တိုက်ကြီးအတွက် လူမှုဖူလုံရေးငွေ ကန်ဒေါ်လာ ၁၀၀ဘီလျံ ဆောင်ထားဖို့ တိုက်တွန်းလိုက်ပြီး ပြင်ပကြွေးမြီတွေကိုလည်း ဆိုင်းထားလိုက်ပါတယ်။ WHOကတော့ ဗိုင်းရပ်စ်ဟာ အာဖရိကမြို့ကြီးတွေကနေ ကူးစက်ပျံ့နှံ့လာဖွယ်ရှိတယ်လို့ ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း တိုက်ကြီးမှာ ကူးစက်ရောဂါကို ကိုင်တွယ်ဖို့ အသက်ရှူကိရိယာတောင် မရှိဘူးလို့ ဆိုပါတယ်။ အာဖရိကလူဦးရေရဲ့ သုံးပုံတစ်ပုံကျော်လောက်က ရေလုံလုံလောက်လောက် မသုံးစွဲနိုင်ကြဘဲ ၆၀%ကျော်က ထူထပ်ကျပ်ပိတ်တဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ နေထိုင်ကြရလို့ ကူးစက်လွယ်တဲ့အခြေအနေတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အာဖရိကမှာ အခုအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၀၀၀ရှိရာမှာ အနည်းဆုံး ၉၇၀ဦး သေဆုံးခဲ့ပြီဖြစ်ပြီး လူဦိးရေက ၁.၃ဘီလျံလောက်ရှိတယ်လို့ ဆိုပါတယ်။ မြောက်အာဖရိကဟာ အဆိုးရွားဆုံး ကူးစက်ခံနေရတတဲ့ ဒေသပဲဖြစ်ပါတယ်။ အယ်လ်ဂျီးရီးုယား၊ အီဂျစ်နဲ့ မော်ရိုကိုတို့မှာ ကူးစက်ခံရသူ ၂၀၀၀ရှိနေပြီး လူ ၁၀၀ဦးထက်မနည်း သေဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။ အယ်လ်ဂျီးရီးယားမှာ သေဆုံးမှုအများဆုံးဖြစ်ပြီး ၃၄၈ယောက်အထိ သေဆုံးခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ တောင်အာဖရိကမှာလည်း လူ ၂၀၀၀ကျော် ကူးစက်ခံနေရပြီး ၄၈ဦး သေဆုံးခဲ့ပြီဖြစ်ကာ တိုက်ကြီးရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ နိုင်ဂျီးရီးယားမှာတော့ လူဦးရေ သန်း ၂၀၀လောက်မှာ ၄၄၂ဦး ကူးစက်ခံနေရပြီး ၁၃ဦး သေဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : BBC

Ads