ငယ်ငယ်ရွယ်ရွယ်ဖခင်တစ်ယောက်ဟာ Covid-19 ကူးစက်ရောဂါကြောင့် အလုပ်ပြုတ်သွားပေမယ့်လည်း ပေါင် သန်းဂဏန်း ထီပေါက်သွားခဲ့တယ်လို့ The Mirror သတင်းမှာ ဖော်ပြထားပါတယ်။

အသက်၂၀တွင်း အမည်မဖော်လိုသူ အဆိုပါအမျိုးသားဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်ပြုတ်သွားလို့ ဘယ်လိုရပ်တည်ရမလဲ စိုးရိမ်နေရတဲ့ ကမ္ဘာပေါ်က လူသန်းပေါင်းများစွာထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

မိန်းမနဲ့ ကလေးတစ်ယောက်လည်း ရှိတာမို့ မိသားစုကို ဘယ်လိုထောက်ပံ့မလဲ သောကရောက်ပြီး စိတ်ဖိစိးနေသူပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သြစတြေးလျရဲ့ Lotts Set For Life ပြိုင်ပွဲမှာ အမြင့်ဆုံးဆုပေါက်သွားတဲ့အခါမှာတော့ အရာရာ ပြောင်းလဲသွားခဲ့ပါတယ်။
ပေါင်နဲ့တွက်ရင် ၂.၄သန်းနဲ့ ညီမျှတဲ့ သြစတြေးလျဒေါ်လာ ၄.၈သန်း အသားတင်ရလိုက်လို့ ဘ၀ဆိုတာ တသမတ်တည်းသွားမနေဘူးလို့တော့ ပြောလို့ရသွားပါပြီ။

လာမယ့်နှစ် ၂၀မှာ သူနဲ့ သူမိသားစုဟာ တစ်လကို ပေါင် ၁၀၂၀၀နဲ့ညီမျှတဲ့ သြစတြေးလျဒေါ်လာ ၂၀၀၀၀ ရရှိမှာပဲ ဖြစ်ပါတယ်။

ဒီသြစတြေးလျဖခင်ဟာ ထီလက်မှတ်ကို thelott.com မှ အွန်လိုင်းကတစ်ဆင့် ၀ယ်ယူခဲ့တာပဲ ဖြစ်ပြီး အာဏာပိုင်တွေကလည်း ထီပေါက်ကြောင်း အတည်ပြုလာခဲ့တယ်လို့ ဆိုပါတယ်။
သူက The Lott ကို ပြောကြားရာမှာတော့ “ကျနော့် အွန်လိုင်းအကောင့်ကို စစ်ကြည့်လိုက်တော့ ထီပေါက်နေတာ တွေ့လိုက်ရတယ်။ မိန်းမကိုနှိုးပြီး ပြောပြတော့ မိန်းမဆိုတာ အော်လိုက်တာ”လို့ ဆိုပါတယ်။

“ကျနော့်မှာ မယုံနိုင်အောင်ဖြစ်နေပြီး ဟုတ်မှဟုတ်ရဲ့လားဆိုပြီး အွန်လိုင်းအကောင့်ကို အကြိမ်ကြိမ်အခါခါ စစ်ကြည့်မိတယ်”လို့လည်း ၄င်းက ပြောပါတယ်။

Writer_နေဇင်ထွန်း ( XYZ News )
Source : The Mirror