ပြင်သစ် လေယာဉ်တင် သင်္ဘော ချားလ်စ် ဒီဂေါပေါ်က  အမှုထမ်း ထက်ဝက်နီးပါးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ကာကွယ်ရေး ဝန်ကြိးက ဧပြီလ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

စစ်ဆေးခဲ့တဲ့ အမှုထမ်း ၂,၀၁၀ မှာ ၁,၀၈၁ ယောက်က ပိုးတွေ့တယ်လို့  ကာကွယ်ရေးဝန်ကြီး ဖလော့စ်ပါလီက ပြောခဲ့တာပါ။

စုစုပေါင်း အမှုထမ်း ၅၄၅ ယောက်ဟာ ရောဂါလက္ခဏာပြခဲ့ပြီး ၂၄ ယောက်ကို ဆေးရုံတင်ခဲ့ရတယ်လို့ ကာကွယ်ရေး ဝန်ကြီး ပါလီက ထပ်လောင်း  ပြောခဲ့ပါတယ်။

ဗိုင်းရပ်စ်ဟာ မတ်လလယ်မတိုင်မီကတည်းက သင်္ဘောပေါ်မှာ ရှိနေခဲ့လားဆိုတာ ပြောလို့ မဖြစ်နိုင်ဘူးလို ပါလီက ပြောခဲ့ပါတယ်။

ချားလ်စ် ဒီဂေါလေယာဉ်တင် သင်္ဘောဟာ မတ်လလယ်တုန်းက  အတ္တလန္တိတ် သမုဒ္ဒရာအတွင်း ဘဟတ်စ် ဆိပ်ကမ်းမှာ ခေတ္တရပ်နားခဲ့ပါတယ်။  အဲဒီလို ခေတ္တရပ်နားချိန်မှာ သင်္ဘာကပ္ပတိန်က မစ်ရှင်ကို ရပ်နားလိုတယ်ဆိုတဲ့  သတင်းတွေကိုတော့ ပါလီက မှားယွင်းတယ်လို့ ပြောခဲ့ပါတယ်။

လေယာဉ်တင် သင်္ဘောပေါ် ဗိုင်းရပ်စ်ရောက်ရှိလာစေတဲ့ ကွင်းဆက်ဖြစ်စဉ်တွေကို ကူးစက်ရောဂါ စုံစမ်းရေးအဖွဲ့က လေ့လာစုံစမ်းနေတယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ပါလီက သတင်းစာရှင်းလင်းပွဲအတွင်း  ပြောခဲ့ပါတယ်။

ယခုဖော်ပြပါသတင်းကို DVB Multimedia Group  တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Ads