ထိုင်းနိုင်ငံ အပန်းဖြေကျွန်းတစ်ခုဖြစ်တဲ့ ဖူးခက်မှာ အမျိုးသားတစ်ယောက်ဟာ မသာဖီတမင်းဆေးပြား တစ်ပြားတည်းကို ကိုင်ဆောင်ပြီး ရဲစခန်းထဲကို လျှောက်လှမ်းဝင်လာကာ သူ့ကို ဖမ်းပါ၊ ဖမ်းမှသာ စားစရာရမှာပါလို့ ပြောလာတယ်လို့ ဆိုပါတယ်။ မူအန်းခရိုင်၊ ဝီချစ်ရဲစခန်းက လက်ထောက်စခန်းမှူး သမာဆန့် ဘွန်းဆောင်းကတော့ အသက်၂၀အရွယ် ချာယာဖိုး အက်ဒင်းဟာ ရဲစခန်းကိုရောက်လာပြီး ယာဘဆေးပြားတစ်ပြား အပ်နှံကာ သူ့ကို ဖမ်းဖို့ တောင်းဆိုလာတဲ့အတွက် သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေ အံ့သြခဲ့ကြရတယ်လို့ ဆိုပါတယ်။

မစ္စတာချာယာဖိုးဟာ Covid-19က ကျွန်းကို ရိုက်ခတ်လာလို့မို့ သူ့ရဲ့ မီးပြင်ဆရာအလုပ်ကို ဆုံးရှုံးလိုက်ရသလို ကျွန်းကို အဝင်အထွက်ပိတ်ထားတဲ့အတွက်လည်း ဖတ်တလန်းက သူ့အမေဆီကို မပြန်နိုင်ဖြစ်နေရှာတယ်လို့ ဆိုပါတယ်။ ချာယာဖိုးက တကယ်လို့ သူ့ကို ထောင်ချလိုက်မယ်ဆိုရင် ထမင်းတော့ နပ်မှန်အောင်စားရမယ်လို့ ပြောကြားကြောင်း လက်ထောက်စခန်းမှူးက ဆိုပါတယ်။

ရဲဌာနကတော့ ချာယာဖိုးကို တရားမဝင်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ တရားစွဲထားပြီး ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပြုနိုင်တဲ့ စိတ်ဝေဒနာများ ခံစားနေရသလားဆိုပြီး အနီးကပ် စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : Bangkok Post

Ads