ပါရာဂွေးနိုင်ငံသူ အမျိုးသမီးတစ်ယောက်ဟာ သေဆုံးပြီလို့ ကြေညာခံရပြီးမှ အလောင်းထည့်တဲ့အိတ်ထဲမှာ ပြန်နိုးလာတဲ့အခါ အံ့သြတုန်လှုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့မိသားစုက သူမသေဆုံးပြီဖြစ်ကြောင်း သတင်းကြားရတဲ့အခါမှာ ဂလက်ဒီ ရိုဒရီဂတ် ဒူအာတီကို ဈာပနအခမ်းအနားအတွက် ပြင်ဆင်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။ စနေနေ့ကပဲ လက်ထပ်ထားတဲ့မိခင် ရိုဒရီဂတ်ဇ် ဒူအာတီဟာ သွေးပေါင်တွေတက်နေတဲ့အတွက် ကိုရိုနယ် အိုဗီဒိုမြို့က ဆေးရုံကို သွားရောက်ခဲ့ပါတယ်။

သူမဟာ အသက် ၅၀ရှိပြီလို့ Mail Online သတင်းမှာ ဖော်ပြထားပေမယ့်လည်း အမှန်တကယ်က ၄၆နှစ်ပဲ ရှိပါသေးတယ်။ ရောက်လို့မှ ၂နာရီကြာပဲ ရှိသေး၊ ဆေးရုံက သူမရဲ့ ခင်ပွန်းသည်နဲ့ သမီးဖြစ်သူထံကို ရိုဒရီဂတ်ဇ် ဒူအာတီ သေဆုံးပြီဖြစ်ကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဈာပန်ခန်းမက ဝန်ထမ်းတစ်ယောကပ်က အလောင်းကို သယ်ချတဲ့အခါမှာ အလောင်းအိတ်ထဲမှာ လှုပ်ရှားနေတာကို တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

မစ္စစ် ရိုဒရီဂတ်ဖ် ဒူအာတီကို ဒေသစံတော်ချိန် နံနက် ၉နာရီခွဲလောက်က ဈေးရုံတင်ခဲ့တာဖြစ်ပြီး ဒေါက်တာ ဟာရီဘာတို ဗီရာက စစ်ဆေးပြီး နံနက် ၁၁နာရီကျော်လောက်မှာ သေဆုံးကြောင်း ကြေညာခဲ့တာဖြစ်တယ်လို့ ဆိုပါတယယ်။ သားအိမ်ကင်ဆာလူနာတစ်ယောက်ကို ဒေသတွင်းက ဈာပနဂေဟာကို ပို့ဆောင်ရာက ဝန်ထမ်းက သူမ အသက်ရှင်နေသေးကြောင်းကို သိရှိသွားတာပဲ ဖြစ်ပါတယ်။ မစ္စတာ ဒူအာတီက ပါရာဂွေးရုပ်သံကို ပြောကြားရာမှာတော့ “သူ (ဆရာဝန်)က သူသေပြီလို့ ယူဆပြီး သူမကို သေစာရင်းနဲ့တကွ တိရစ္ဆာန်တစ်ကောင်လို လွှဲပေးခဲ့တာပါ။ သူ့မကို အရေးပေါ် ကယ်ဆယ်ရေးတောင် လုပ်ခဲ့ပုံမရပါဘူး”လို့ ဆိုပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : Metro.co.uk

Ads