အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဧပြီလ ၁၅ရက်နေ့ကပဲ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ဓာတ်ခွဲခန်းက ထွက်လာသလားဆိုတာကို သူ့အစိုးရက ကွဲကွဲပြားပြားသိဖို့ ကြိုးစားနေပြီး နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုကလည်း ဘေကျင်းအနေနဲ့ သူတို့သိထားသမျှကို ဖုံးကွယ်မထားဖို့လိုတယ်လို့ ပြောကြားလိုက်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်က အခုထိ လျှို့ဝှက်ဆန်းကြယ်နေတုန်းပါပဲ။ စစ်ဦးစီးချုပ်ရုံးရဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး မိုက် မီလေးကလည်း အင်္ဂါနေ့ကပဲ အမေရိကန်ထောက်လှမ်းရေးဌာနကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံက ဓာတ်ခွဲခန်းမှာ ဖန်တီးခဲ့တာနဲ့စာရင် သဘာဝအလျောက်ဖြစ်လာဖို့က များပေမယ့် သေတော့မသေချာဘူးလို့ ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က Fox News သတင်းမှာတော့ ဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းမှာ ဇီဝလက်နက်အနေနဲ့ မြစ်ဖျားခံလာတာမဟုတ်ဘဲ တရုတ်နိုင်ငံက ်၎င်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ စွမ်းရည်နဲ့ ညီမျှ (သို့မဟုတ်) ပိုမာကြီးမားတဲ့ တိုက်ပွဲဝင်ဗိုင်းရပ်စ်တွေ ဖော်ထုတ်တိုက်ခိုက်နိုင်စွမ်းကို ပြသဖို့ကြိုးစားမှုရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ အလားတူသတင်းတွေကတော့ ဗိုင်းရပ်စ်စမ်းသပ်မှုတွေ လုပ်ဆောင်နေတဲ့ ဝူဟန်ဓာတ်ခွဲခန်းမှာ လုံခြုံရေးစံတွေ ချို့တဲ့တာကနေတစ်ယောက် ယောက်ကူးစက်ခံရပြီး အနီးအနားက အကောင်ရှင်ဈေးမှာ ပေါ်လာပြီး စတင်ပျံ့ပွားသွားတယ်လို့ ယူဆကြပါတယ်။အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းက လွတ်ထွက်လာတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ ထရမ့်က သူသိတယ်လို့ ပြောကြားခဲ့ပါတယ်။  “ဒီကြောက်စရာအခြေအနေကြီးကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးနေပါတယ်”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

တရုတ်သမ္မဆ ရှီကျင့်ဖိန်နဲ့ စကားပြောကြတဲ့အခါ ဒီအကြောင်းအရာကို ပြောဖြစ်သလားလို့ မေးမြန်းတဲ့အခါမှာတော့ ထရမ့်က “ဓာတ်ခွဲခန် အကြောင်းတော့ မဆွေးနွေးချင်သေးဘူး။ အချိန်မကျသေးဘူး”လို့ ပြန်ပြောခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုဟာ ၎င်းရဲ့ကျန်းမာရေးလုပ်သားတွေ အသည်းအသန်လိုအပ်နေတဲ့ တစ်ကိုယ်ရေကာကွယ်ရေးကိရိယာတွေအတွက် တရုတ်ကို မှီခိုနေရသေးလို့ ကူးစက်ရောဂါကာလမှာတော့ အမေရိန်နဲ့ တရုတ်ရဲ့ ခိုင်မာအားကောင်းလာတဲ့ ဆက်ဆံရေးကိုပဲ ဇောင်းပေးလိုပုံ ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်တုန်းကတော့ တရုတ်နိုင်ငံပိုင် ဝူဟန်ဗိုင်းရပ်စ်အင်စတီကျုကတော့ ဗိုင်းရပ်စ်ဟာ ၎င်းတို့ရဲ့ ဓာတ်ခွဲခန်းတစ်ခုမှာ ပြုပြင်ဖန်တီးထားရာက ဓာတ်ခွဲခန်းထဲက လွတ်ထွက်လာတာဖြစ်နိုင်တယ်ဆိုတဲ့ ကောလဟဠတွေကို ငြင်းဆန်ခဲ့ပါတယ်။ ထရမ့်ရဲ့ သတင်းစာရှင်းလင်းပွဲအပြီး Fox News နဲ့ အင်တာဗျူးရာမှာတော့ ပွန်ပီယိုက ဗိုင်းရပ်စ်ဟာ ဝူဟန်က စတင်လာတာကို ကျနော်တို့သိထားတယ်။ ဗိုင်းရပ်စ်အင်စတိကျုကလည်း အကောင်ရှင်ဈေးနဲ့ တစ်မိုင်နှစ်မိုင်လောက်ပဲ ဝေးတယ်လို့ ပြောကြားခဲ့ပါတယ်။

“တရုတ်အစိုးရက ပွင့်ပွင့်လင်းလင်း ပြောလာစေချင်တယ်။ ဒီဗိုင်းရပ်စ် ဘယ်လိုပျံ့ပွားလာသလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပြောလာဖို့ လိုအပ်ပါတယ်”လို့ ပွန်ပီယိုက ပြောကြားခဲ့ပါတယ်။  “တရုတ်အစိုးရက မကွယ်မဝှက်ပဲ အရှိအရှိအတိုင်းပြောလာဖို့ လိုအပ်ပါတယ်”လို့လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : Reuters

Ads