ကိုရိုနာဗိုင်းရပ်ကြောင့် ပိတ်သိမ်းထားလို့ လေထုအရည်အသွေးတိုးတက်ကောင်းမွန်လာတဲ့အတွက် အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်က ပြည်သူတွေဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဟိမ၀န္တာတောင်တန်းကြီးကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားမြင်ကြရတယ်လို့ ဆိုပါတယ်။

တင်းကျပ်ကန့်သန်မှုတွေ မပြဌာန်းခင်က အခြေအနေနဲ့ နှိုင်းယှဉ်ချက်အရ မတ်လ ၂၂ရက်နေ့က စတင်အကောင်အထည်ဖော်ခဲ့တဲ့ တစ်နိုင်ငံလုံး အပြင်မထွက်ရအမိန့်နဲ့ နောက်နှစ်ရက်အကြာမှာ ၀န်ကြီိးချုပ် နရင်ဒရာ မိုဒီက ပိတ်သိမ်းမိန့်ကို ထုတ်ပြန်လိုက်တာတွေကြောင့် နိုင်ငံအတွင်းမှာ လေထုအရည်အသွေးဟာ သိသိသာသာ တိုးတက်လာတယ်လို့ ညစ်ညမ်းမှုထိန်းချုပ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ပြောကြားထားပါတယ်။

အကျိုးဆက်အနေနဲ့ ဟိမ၀န္တာရဲ့ အစိတ်အပိုင်းအချို့ကို မိုင်၁၀၀အကွာကတောင် မြင်နိုင်လာကြတယ်လို့ စီအင်အင်သတင်းမှာ ဖော်ပြထားပါတယ်။
ပန်ဂျပ်ပြည်နယ်ကလူတစ်ယောက်က အိမ်ခေါင်မိုးပေါ်က ရိုက်ယူထားတယ်လို့ဆိုတဲ့ တောင်ထွတ်ပုံတွေကို မျှဝေလိုက်ရာမှာ အိန္ဒိယရဲ့ ပိတ်သိမ်းမှုက လေထုကို ကြည်လင်သွားစေလို့ နှစ်ပေါင်းသုံးဆယ်အတွင်းမှာ ပထမဆုံးအကြိမ်ဖြစ် ဟိမ၀န္တာတောင်တန်းကြီးကို ကြည်ကြည်လင်လင်မြင်ရတယ်လို့ ပုံစာရေးထားပါတယ်။

အခြားသူတွေကလည်း တောင်တန်းကြီးရဲ့ပုံတွေကို တွစ်တာမှာ မျှဝြေကတယ်တယ်လို့ ဆိုပါတာ်.
ညစ်ညမ်းမှုထိန်းချုပ်ရေးအဖွဲ့ရဲ့ ပြောကြားချက်အရ ဒေလီတစ်မြို့တည်းမှာကိုပဲ အပြင်မထွက်ရအမိန့်ကို အကောင်အထည်ဖော်လိုက်တဲ့ ပထမဆုံးရက်မှာပဲ အမှုန်ညစ်ညမ်းပစ္စည်း ၄၄%လောက် ယုတ်လျော့ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။
လမ်းပေါ်မှာ ယာဉ်အသွားအလာ သိသိသာသာနည်းသွားတာကြောင့်လည်း မတ်လ ၂၁ရက်နေ့ကနဲ့ နှိုင်းယှဉ်ရင် မတ်လ ၂၂-၂၃ရက်များမှာ NOx အဆင့်ဟာ ၅၁% လျော့ကျသွားပြီး ကာဗွန်ဒိုင်အောက်ဆိုက်အဆင့်ဟာလည်း ၃၂% လျော့သွားတယ်လို့ ဆိုပါတယ်ယ။

ကြာသပတေးနေ့အထိ ကမ္ဘာနဲ့အ၀န်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူ ၁.၅သန်းနီးပါးရှိပြီး အိန္ဒိယမှာတော့ ၆၂၀၀ဦး ကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။ အခုအချိန်အထိ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၈၀ဦး သေဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။

Writer_နေဇင်ထွန်း ( XYZ News )
Source : The Hill

Ads