ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်သိမ်းထားတဲ့ကြားက မင်္ဂလာပွဲကို ကျင်းပဖြစ်အောင်ကျင်းပတဲ့ စုံတွဲဟာ လင်နဲ့မယားအဖြစ် သူတို့ရဲ့ မင်္ဂလာဦးညကို ရဲအချုပ်ခန်းထဲမှာပဲ ကုန်ဆုံးလိုက်ကြရပါတယ်။ လူစုလူဝေးကို ပိတ်ပင်ထားတဲ့ကြားက ကွာဇူလာ နာတဲမှာ မင်္ဂလာပွဲကျင်းပနေတယ်လို့ သတင်းပေးလာလို့ တက်ရောက်လာတဲ့ဧည့်သည် ၅၀နဲ့ ဘုန်းတော်ကြီးကိုပါ ရဲက ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။စုံတွဲနဲ့ ဧည့်သည်တွေ ဘယ်သူဘယ်ဝါဆိုတာ မဖော်ပြမေယ့်လည်း သူတို့အားလုံးကို တနင်္လာနေ့မှာ ကြားနာစစ်ဆေးမှာပဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီစုံတွဲဟာ သူတို့ရဲ့ ပျားရည်ဆမ်းကာလကို တင်းကျပ်တဲ့ ခံဝန်စည်းမျဉ်းတွေနဲ့ နေထိုင်ရတော့မယ်လို့ ပြောကြားပါတယ်။

ရစ်ချတ်ဘေးမှာ အစုလိုက်အပြုံလိုက် ဖမ်းဆီးလိုက်တဲ့အခါမှာ ဗီဒီယိုထဲမှာတော့ မင်္ဂလာဝတ်စုံနဲ့ သတို့သမီးကို ရဲကားပေါ် တွဲတင်နေတာကို မြင်ကြရတယ်လို့ ဆိုပါတယ်။ တောင်အာဖရိကနိုင်ငံဟာ အာဖရိတိုက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အများဆုံးပဲဖြစ်ပြီး အခုအချိန်အထိ ကူးစက်ခံရသူ ၁၈၄၅ရှိပြီး သေဆုံးသူက ၁၈ယောက်အထိ ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အစိုးရက စမ်းသပ်မှုကို အရှိန်အဟုန်မြှင့်နေလို့ အရေအတွက်က မြင့်တက်လာဦးမယ့်သဘောရှိတယ်လို့ ဆိုပါတယ်။

စည်းမျဉ်းအရ လူတွေဟာ အစားအစာနဲ့ ဆေးဝါးလို မရှိမဖြစ်ပစ္စည်းတွေ ဝယ်ယူဖိုအတွက်ပဲ အိမ်အပြင်ကို ထွက်ခွင့်ပြထားတာဖြစ်တယ်လို့ ဆိုပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ပိတ်သိမ်းကာလရဲ့ ပထမဆုံးနေ့တွေမှာပဲ စည်းမျဉ်းချိုးဖောက်တဲ့အတွက် လူပေါင်း ၁၇၀၀၀ကျော်ကို ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : Metro.co.uk

Ads