အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်က ကားပါကင်ကြီးတစ်ခုမှာ မီးလောင်တာကြောင့် ကားစီရေ ထောင်ပေါင်းများစွာ မီးလောင်ပျက်စီးပါတယ်။
ဖို့မိုင်ယားက အနောက်တောင်ပိုင်း ဖလော်ရီဒါအပြည်ပြည်ဆိုင်ရာလေဆိပ်က ကားပါကင်ကြီးမှာ မီးလောင်ကျွမ်းတာဖြစ်ပြီး ကားစီးရေပေါင်း ၃၅၀၀ ကျော် မီးလောင်ခဲ့တာပါ။

ဌာနေရဲတပ်ဖွဲ့က အွန်လိုင်းပေါ်တင်တဲ့ ခြောက်ခြားဖွယ်ပုံရိပ်တွေမှာ ကားတွေကို မီးလောင်ကျွမ်းလို့ မီးခိုးလုံးတွေ လွှင့်တက်လာတာကို တွေ့မြင်ရပြီး မီးကို ငြှိမ်းနိုင်ရေး အရေးပေါ် တုံ့ပြန်ငြှိမ်းသတ်နေတာကိုပါ မြင်တွေ့ရပါတယ်။

၁၅ ဧကအကျယ်အထိ ကားတွေမှာ မီးလောင်တာဖြစ်ပြီး မီးသတ်အဖွဲ့ဟာ ရဟာတ်ယာဉ်တွေကနေ ရေပက်ဖျန်းတာနဲ့အတူ မီးသတ်ကားတွေပါ အားဖြည့်လို့ မီးကို ၁၈ နာရီကြာ ငြှိမ်းသတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို မီးလောင်ချိန်မှ ကားထဲ လူရှိနေတာမျိုး မရှိဘဲ ကားစီးရေနောက်ထပ် ၃၈၅၀ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ရာ ကားပါကင်ကနေ ပေါက်ကွဲသံငယ်တွေကို ကြားရတယ်လို့ အနီးဝန်းကျင်က လူတွေက ပြောပါတယ်။

ကားပါကင်ပတ်လည်က ခြုံတွေကြောင့် မီးဟာ ပိုမိုကူးစက်ပြန့်နှံ့ခဲ့ပေမယ့် လေဆိပ်အဆောက်အအုံတွေတော့ ပျက်စီးခြင်း မရှိဘူးလို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုလို ကားပါကင်မီးလောင်တာကြောင့် လေယာဉ်တွေ ပျံသန်းမှု အနှောင့်အယှက်ဖြစ်တာနဲ့ လေဆိပ်လည်ပတ်မှု အမျှင်ပြတ်တာတွေလည်း မရှိခဲ့ဘူးလို့ ယင်းတာဝန်ရှိသူက ပြောခဲ့ပါတယ်။

Rf; Lad Bible
Writer_မောင်သံဆင့်(XYZ News)