အမေရိကန်ဆေးကုမ္ပဏီ နိုဗာဗက်စ် Novavax Inc ဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး လူသားနဲ့စမ်းသပ်မှုကို လာမယ့်မေလလယ် စတင်တော့မယ်လို့ ဧပြီ ၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။

Matrix-M အကူဆေးကို စေတနာ့ဝန်ထမ်း အစမ်းသပ်ခံပေးမယ့်လူတွေနဲ့ အသုံးပြုစမ်း သပ်မှာဖြစ်ပြီး ဒီဆေးက လူရဲ့ ကိုယ်ခံအားစနစ်တုံ့ပြန်မှုကို တိုးပွားစေတယ်လို့ ဆိုပါတယ်။

ဒီဆေးက လူခန္ဓာကိုယ်မှာ ပဋိပစ္စည်းတွေ ထုတ်လုပ်မှု ပိုအားကောင်းစေပြီး ဘက် တီးရီးယားနဲ့ ကူးစက်ပိုးတွေကို ရေရှည်ကာကွယ်မှုပေးနိုင်မှာ ဖြစ်ပါတယ်။

နိုဗာဗက်စ်ကုမ္ပဏီကတော့ ဆေးရဲ့ကနဦးရလဒ်ပိုင်းကို ဇူလိုင်လထဲ ထုတ်ပြန်နိုင်မယ်မျှော်မှန်း ထားတယ်လို့ ပြောပါတယ်။

လူအများအပြားနဲ့ စမ်းသပ်ထားတဲ့ Gilead  ( ဂီးလီယက် ) Sciences ကုမ္ပဏီရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဆေးစမ်းသပ်ချက်က အချက်အလက်တွေလည်း ဒီလကုန်ပိုင်း ထွက်လာမယ်လို့ သိရပါ တယ်။

ကျွမ်းကျင်သူတွေက အတည်ပြုသုံးစွဲလို့ရမယ့် ကိုရိုနာဗိုင်းရပ်စ် ကုသဆေးပေါ်ထွက်ဖို့ အနည်းဆုံး ၁ နှစ်လောက် ကြာမယ် မှန်းဆထားပြီး ငှက်ဖျားတိုက်ဖျက်ရေးမှာသုံးတဲ့ ဟိုက်ဒရိုစီ ကလိုရိုကွင်းဆေးကို စမ်းသပ်သုံးစွဲမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အခုအခါ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သန်းခွဲကျော်၊ သေဆုံးသူကတော့ ၈၈၀၀၀ ကျော်ပြီလို့ သိရပါတယ်။