မျိုးတုံးအန္တရာယ်ကြုံနေရတဲ့ ပင်လယ်လိပ် ၁၀၀နီးပါးလောက်ဟာ လူတွေအိမ်ပြင်မထွက်ပဲ ခြေချုပ်နေနေကြတာကြောင့် လူသူကင်းဆိတ်နေတဲ့ ဘရာဇီးကမ်းခြေ သဲသောင်ပြင်ပေါ်မှ လွတ်လွတ်လပ်လပ် ဥနေကြတယ်လို့ ဆိုပါတယ်။ဘရာဇီး အရှေ့မြောက်ပိုင်းပြည်နယ် ပါနန်ဘူကိုက ပေါ်လစ္စတာမြို့ကလေးရဲ့ ကမ်းရိုးတန်းဟာ အရင်တုန်းကဆိုရဥင် အပန်းဖြေသူတွေနဲ့ ပြည့်နှက်နေတတ်ပြီး လိပ်ကလေးတွေ ဥခွံထဲက ခွဲထွက်လာတဲ့ အံ့ဖွယ်သရဲမြင်ကွင်းကို ရှုစားနိုင်တဲ့ နေရာလေးလည်း ဖြစ်ပါတယ်။

ဒီနှစ်ကတော့ တမူထူးခြားတယ်လို့ ပြောရမှာပါ။ ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ အုပ်ချုပ်ရေးမှူး ပေါ်လို ကာမာရာက မြို့ကို တစ်စိတ်တစ်ပိုင်း ပိတ်ခိုင်းလိုက်ပြီး မြို့သူမြို့သားတွေကိုလည်း အိမ်မှာပဲ နေကြဖို့ တိုက်တွန်းလိုက်သလို၊ ကမ်းခြေတွေမှာ စုဝေးခွင့်ကိုလည်း ပိတ်ပင်လိုက်ပါတယ်။မတ်လ ၂၂ရက်နေ့မှာတော့ စွန်နှုတ်သီးပယ်လယ်လိပ် ၉၇ကောင်ဟာ ပထမဆုံးအကြိမ် သူတို့ပတ်လည်မှာ စောင့်ကြည့်နေသူတွေမရှိဘဲ ဥခွံထဲက လွတ်လွတ်လပ်လပ်ထွက်လာပြီး အတ္တလန္တစ်သမုဒ္ဒရာကို မျက်နှာမူခွင့် ရကြပါတယ်။

ဒါပေမယ့်လည်း အဲဒီနေရာမှာ တာဝန်ကျနေတဲ့ အစိုးရလုပ်သားတွေက လိပ်ပေါက်ကလေးတွေ ပင်လယ်ထဲဆင်းသွားပုံကို အမိအရ ဓာတ်ပုံရိုက်ယူထားကြပါတယ်။စွန်နှုတ်သီးပင်လယ်လိပ်တွေကို WWF အဖွဲ့ကြီးက အထူးစိုးရိမ်ရလောက်အောင် မျိုးတုံးအန္တရာယ်ကြုံနေရတဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ထားတာကြောင့် ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။စွန်နှုတ်သီးပင်လယ်လိပ်တွေဟာ အရှည် ၁၁၀စင်တီမီတာ၊ ၈၅ကီလိုဂရမ်အထိ ကြီးထွားနိုင်ကြပြီး သန္တာကျောက်တန်းထူထပ်တဲ့နေရာတွေမှာ အနေများကြလို့ လူတွေ ငါးဖမ်းကြတဲ့နေရာမှာ ဆွမ်းခံရင်း ငှက်သင့်ဆိုသလို ပိုက်ကွန်တွေထဲ ငြိပါလာတာမျိုး ရှိတတ်တယ်လို့ ဆိုပါတယ်။

ဥက အကောင်ပေါက်လာပြီးတဲ့နောက်မှာလည်း ငှက်သုတ်တဲ့ အန္တရာယ်ကို ကြုံရသလို၊ လူတွေနင်းမိတာလည်း ခံကြရတာကြောင့် အခုအချိန်မှာတော့ လူတွေ အပြင်ကိုမထွက်ကြတာကြောင့် အန္တရာယ်ကင်းလွတ်လပ်နေကြတယ်လို့ ဆိုပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : Elite Readers