ဝေဘာဂီဆေးရုံရှိ COVID -19 လူနာ အသက် ၆၃ နှစ်အရွယ်အမျိုးသမီးသေဆုံး ၊ စုစုပေါင်း သေဆုံးသူ ၃ ဦးရှိလာ

မြောက်ဥက္ကလာပ ဆေးရုံ တက်ရောက်ကုသနေတဲ့ အသက် ၆၃ နှစ်အရွယ် ကိုဗစ် ၁၉ အတည်ပြုလူနာ အမှတ် (၁၆) သေဆုံးသွားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂိုလ်က မကွေးတိုင်းက ပြည်သူတွေနဲ့ ဆွေးနွေးတဲ့ ဒီမနက် ၁၀ နာရီ အစီအစဉ်မှာ ထည့်ပြောသွားပါတယ်။

ဒီမနက် အစောပိုင်းကလဲ ပြည်ဆေးရုံ အထူးကြပ်မတ်ဆောင်မှာရှိတဲ့ ပေါက်ခေါင်းမြို့က ကိုဗစ် ၁၉ အတည်ပြုလူနာ အမှတ်(၁၇)ဟာလည်း ကွယ်လွန်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ Covid19 ရောဂါ ပိုးတွေ့ရှိအတည်ပြူလူနာ (၂၂) ဦး ရှိပီး (၃) ဦးသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ယခုဖော်ပြပါသတင်းကို DVB Multimedia Group  တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Type keyword to search