အီကွေဒေါနိုင်ငံ ဂွါယာကေးမြို့မှာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ အမြန်ကူးစက်နေလို့ ခရိုင်တွင်း ကျန်းမာရေးစနစ် ပြိုလဲကျခဲ့တယ်။

မြို့တွင်းဆေးရုံတွေမှာ ဆရာဝန်တွေ၊ သူနာပြုတွေကို သက်ရောက်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဧပြီ ၈ ရက်မှာ အစီရင်ခံပါတယ်။

ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးစောင့်ရှောက်သူ လုပ်သားတွေ အယောက် ၁၆၀၀ လောက် ဗိုင်းရပ်စ်ကူးစက်ခံရလို့ ရောဂါခြေချုပ်နဲ့ သီးခြားစီ ခွဲနေရတယ်လို့ အီကွေဒေါ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

ကျန်ခဲ့တဲ့သီတင်းပတ်တွေအတွင်း ဆေးဘက်ဝန်ထမ်း အယောက် တဒါဇင် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဒုဝန်ကြီးက ပြောခဲ့တာပါ။

ဗိုင်းရပ်စ်ကူးစက်မှုကနေ ကာကွယ်ဖို့ အထောက်အပံ့မရှိဘူးလို့ သူနာပြုတွေက ပြောရင်း ကျန်းမာရေးဝန်ထမ်းတွေ နေမကောင်းမဖြစ်အောင် ကာကွယ်ပေးရေး အမြန်လုပ်ဆောင်ဖို့လည်း သမ္မတကို တောင်းဆိုခဲ့ကြပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ်ကြောင့် နိုင်ငံတွင်း ဆေးရုံတွေ၊ ရင်ခွဲရုံတွေ၊ ဈာပန ဝန်ဆောင်မှုတွေနဲ့ သင်္ချိုင်းတွေ ဝန်ပိကုန်ကြပါတယ်။

ကူးစက်ခံအလောင်းတွေကို ဖယ်ရှားဖို့ အာဏာပိုင်တွေက ရုန်းကန်လှုပ်ရှားနေရပါတယ်။  သေဆုံးသူ အရေအတွက် တိုးလာတာကို ကိုင်တွယ်ဖြေရှင်းဖို့ ယာယီရင်ခွဲရုံတွေကို ဆေးရုံပြင်ပမှာ တပ်ဆင်နေပါတယ်။

သစ်သားခေါင်းတလားတွေ ကုန်ကျစရိတ် ကြီးမြင့်နေတဲ့အတွက် ကတ္ထူ ခေါင်းတလားတွေကို အစိုးရက ဖြန့်ချိပေးနေရပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )