ဟောင်ကောင်က အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးဟာ ညတွင်းချင်း ဘီလျှံနာသူဌေးဖြစ်သွားရတဲ့အတွက် မိသားစုကုမ္ပဏီ ရှယ်ယာရဲ့ လေးပုံတစ်ပုံ အမွေလွှဲပေးတဲ့ မိဘဖြစ်သူတွေကို ကျေးဇူးတွေ အထူးတင်နေပါတယ်။ပင်ဆယ်ဗေးနီးယားတက္ကသိုလ် စီးပွားရေးဘွဲ့ရ အဲရစ်ဆီးဟာ အင်္ဂါနေ့က ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၉၈ ဘီလီယံခန့် တန်ဖိုးရှိ ရှယ်ယာတွေ မိဘဆီက အမွေရလိုက်တာဖြစ်ပြီး Sino Biopharmaceutical ကုမ္ပဏီမှာ အများဆုံးရှယ်ယာရှင် ဖြစ်လာခဲ့တာပါ။

သူဟာ ကုမ္ပဏီရဲ့ အမှုဆောင်ဒါရိုက်တာနဲ့ ဘုတ်ကော်မတီရဲ့ အဖွဲ့ဝင်လည်း ဖြစ်တယ်လိုပ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
ကုမ္ပဏီမှာ ခပ်ရိုးရိုးကုပ်ကုပ် နေနေပေမယ့် လူမှုမီဒီယာပေါ်မှာတော့ Rihanna တို့ Bella Hadid တို့လို ဆယ်လီတွေနဲ့ ပါတီပေးတဲ့ ဓာတ်ပုံတွေ တင်ရင်း တက်တက်ကြွကြွ ရှိသူဖြစ်ပါတယ်။
သူဟာ NBA ဘတ်စကပ်ဘောစတား Yao Ming နဲ့ အိုလံပစ်ရွှေတံဆိပ်ဆုရ ရေကူးမယ် Sun Yang တို့နဲ့လည်း ဓာတ်ပုံတွေ တွဲရိုက်ပြီး လူမှုမီဒီယာပေါ် တင်တတ်သူပါ။

နောက်ပြီး တရုတ်ပြည်မကြီးက နိုင်ငံရေးသမားတွေနဲ့ ထဲထဲဝင်ဝင် သိကျွမ်းပုံရပြီး မိုနာကိုမင်းသမီး ချာလန်းနဲ့ ပြင်သစ် သမ္မတကတော်ဟောင်း ကာလာဘရန်နီတို့လို တော်ဝင်တွေနဲ့လည်း တွေ့ဆုံသူပါ။
ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ Biopharmaceutical မိသားစုကုမ္ပဏီရဲ့ အများဆုံးသော ရှယ်ယာတွေကို ပိုင်ဆိုင်လိုက်တာဟာ သူ အိပ်ရာက နိုးထချိန်မှ မိဘတွေက ရှယ်ယာတွေ လွှဲပြောင်းပေးပြီ ပြောလိုက်တော့မှာ သိလိုက်တော့တာ ဖြစ်ပြီး အိပ်ယာအထမှ ညတွင်းချင်း ဘီလျှံနာသူဌေးဖြစ်သွားတဲ့ ဘဝကို ရောက်ရှိသွားတော့တာပဲ ဖြစ်ပါတယ်။
Rf; Daily Record
မောင်သံဆင့်( XYZ NEWS )

Ads