အပြင်လောကမှာ မကောင်းတဲ့ တရားသူကြီးတွေကြောင့် တရားခွင်မှာ လက်စားမူ့တွေ မတရားမူ့တွေ မကြာခဏဆိုသလိုဖြစ်နေကြတာပါ။ ဒီလိုမျိုးအဖြစ်တွေရဲ့ အကျိုးဆက်က လူတွေ တရားစီရင်မူ့အပေါ် ယုံကြည့်မူ့တွေကင်းမဲ့လာကြပါတယ်။ တရုတ်နိူင်ငံမှာတော့ ဒီလိုမျိူးအဖြစ်မျိုးတွေ တရားခွင်မှာ မဖြစ်အောင် ဉာဏ်ရည်တုနည်းပညာ (AI) ဖြင့်ပြုလုပ်ထားသည့် စက်ရုပ်တရားသူကြီးတွေကို စတင်အသုံးပြုတော့မှာပါ။

ဒါကိုဖန်တီးခဲ့တဲ့ တာဝန်ရှိသူများကတော့ သရုပ်ပြသည့်အနေဖြင့် ဖန်သားပြင်ပေါ်၌ အမှုသည်များနှင့် ဉာဏ်ရည်တု (AI) စက်ရုပ်တရားသူကြီးတို့ video chat ဖြင့် အမှုအကြောင်း ဆွေးနွေးမှုကို ပြသခဲ့ပြီး ဟန်ကျိုးအင်တာနက်တရားရုံး၏ လုပ်ဆောင်ပုံများကို တာဝန်ရှိသူများ က ရှင်းပြခဲ့ကြသည်။

တရုတ်နိုင်ငံရဲ့ လူမှုမီဒီယာပလက်ဖောင်းတစ်ခုဖြစ်သည့် WeChat တွင် မိုဘိုင်းတရားရုံးကိုထည့်သွင်းထားပြီး မတ်လကတည်း ကစ၍ ဥပဒေရေးရာနှင့် တရားစီရင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းကိစ္စပေါင်း သုံးသန်းကျော်ကို ကိုင်တွယ်ဖြေရှင်း ပေးခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ ပထမဆုံးအနေနဲ့ ၂၀၁၇ ခုနှစ်က ဟန်ကျိုးမြို့တွင် ဒစ်ဂျစ်တယ်ကဏ္ဍနှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာအငြင်းပွားမှုများကို ဖြေရှင်းပေးခဲ့ပါတယ်။

ဟန်ကျိုးတရားရုံးသည်အနေနဲ့ အမှုသည်များသည် မကျေနပ်ချက်များကို အွန်လိုင်းတွင် မှတ်ပုံတင်စာရင်းသွင်းကာ တိုင်ကြားနိုင်ပြီ အွန်လိုင်းကုန်သွယ်ရေးအငြင်းပွားမှုများ၊ မူပိုင်ခွင့်ကိစ္စများနှင့် ထုတ်ကုန်တာဝန်ယူမှု ပြသနာများကို ကိုင်တွယ်ဖြေရှင်းပေးနေတယ်လို့သိရပါတယ်။

Ads