တရုတ်နိုင်ငံအရှေ့ပိုင်းမှ ‘ဝမ်’ ဆိုသည့် အမျိုးသမီးကြီးက သမီးဖြစ်သူ အသက် ၃၀ အရွယ် အမျိုးသမီးအား သွေးထွက်သံယိုနဲ့ ဒဏ်ရာများရသည်ထိ အကြိမ်ကြိမ် ရိုက်နှက်ခဲ့ကြောင်း South China Morning Postသတင်းမှာ ဖော်ပြထားပါတယ်။ သမီးဖြစ်သူ အသက် ၃၀ ကျော်တဲ့ထိ အိမ်ထောင်မပြုသေးတဲ့အတွက် မိခင်ဖြစ်သူက ဒေါသထွက်ပြီး အခုလိုရိုက်ခဲ့တာပါ။

ဒီပြဿနာရဲ့အစက သမီးဖြစ်သူက သူမ အိမ်သန့်ရှင်းရေးလဲမလုပ် အသက် ၃၀ အထိအိမ်မှာ အိယောင်ဝါးလုပ်နေတာကို မိခင်ဖြစ်သူကဒေါ်သထွက်ပြီး “နင်အခုချိန်ထိ မိဘလုပ်စာထိုင်စားနေမှာလား ယောကျားမယူတော့ဘူးလား” လို့ ပြောခဲ့ရာမှ သားအမိတွေ စကားများခဲ့ပြီးနောက် ‘ဝမ်’ က အနီးနားမှာရှိတဲ့ သံတုတ်နဲ့ လိုက်ရိုက်ခဲ့တာဖြစ်ပါတယ်။

သမီးဖြစ်သူဟာ အလုပ်ကိုလဲ မယ်မယ်ရရမလုပ် ရတဲ့လစာကလည်း နည်းတာကြောင့် သမီးကို ပြစ်တင်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ လက်ရှိမှာ အလုပ်က ထွက်ထားပြီး မိခင်ရဲစားသောက်ဆိုင်မှာ ဝင်ကူနေပါတယ်။ သမီးဖြစ်သူရဲ့ပြောဆိုချက်အရ ယခင်တုန်းကလည်း မကြာခဏဆိုသလို အသက်ကကြီးနေပြီ နင် ယောကျားမယူသေးဘူးလား ဆိုပြီးပြောဆိုပြီး ခဏခဏရိုက်နှက်မှုခံရကြောင်းပြောပြပါတယ်။

အခုတစ်ခါမှာတော့ မိခင်ရဲ့ရိုက်နှက်မူ့တွေကိုမခံနိုင်လို့ ရဲကိုဖုန်းဆက်တိုင်ခဲ့ပါတယ်။ ရဲတွေရောက်လာချိန်မှာ ရိုက်ခံထားရတဲ့ သမီးဟာ သူမရဲ့ လက်မောင်း၊ တင်ပါး နဲ့ ခြေထောက်တို့မှာ အညိုမည်းဒဏ်ရာတွေ တွေ့ရသလို သွေးထွက်နေတဲ့ ဒဏ်ရာတွေကိုလည်း တွေ့ရပါတယ်။ ရဲတွေက ‘ဝမ်’ ကို ရဲစခန်းလိုက်ခဲ့ဖို့ ပြောပေမယ့် “ငါ့သမီး ငါရိုက်တာ ဘာဖြစ်လဲ၊ တခြားလူကို သွားရိုက်တာမှ မဟုတ်တာ” လို့ ပြောဆိုပြီး ငြင်းဆန်နေတဲ့ အတွက် ရဲတွေက ခက်ခက်ခဲခဲဖမ်းဆီးခဲ့ရပါတယ်။

Ref : South China Morning Post
Writer_HULK ( XYZ News )

Ads