အီတလီမှာ ၂၄နာရီအတွင်း သေဆုံးသူ လူ ၉၀၀ကျော် သေဆုံးပြီး စံချိန်သစ်ချိုးသွားပါတယ်။အီတလီမှာ တစ်ရက်ထဲကို အမြင့်မားဆုံး စံချိန်အသစ်နဲ့ လူ ၉ ၁၉ ဦး ထပ်မံသေဆုံးပြီး လူ ၆၀၀၀ နီးပါး ရောဂါထပ်မံ ကူးစက်ခံတယ်။ အခုဆိုရင် အီတလီမှာ စုစုပေါင်း ၈၆၄၉ ၈ဦး ရောဂါ ကူးစက်ခံနေရပြီး ၉ ၁၃၄ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။ အခြေအနေကို ထိန်းချုပ်ဖို့ အီတလီမှာ အစိုးရက တစ်နိုင်ငံလုံ lockdown ချထာပြီး အိမ်ပြင်မထွက်ရစည်းချမှတ်ထားကာ ကမ်းချိုးဖောက်သူကို ယူရို ၅၀၀၀ ဒဏ်ရိုက်မည်ဟု အမိန့်ထုတ်ထားပါတယ်။

ဥရောပတိုက်မှာ စပိန်နဲ့အီတလီပြီးရင် ဗိုင်းရဗ်စ်ကူးစက်မူဒဏ်ကို အဆိုးရွားဆုံးခံစားနေရတဲ့ အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့်လူပေါင်း ၇၅၉ ဦး သေဆုံးခဲ့ပြီး ပိုးတွေ့သူ ၁၅၀၀၀ နီးပါးအထိ ရှိလာပါတယ်။ မနေ့က သောကြာနေ့ တစ်ရက်ထဲသေဆုံးသူ ဦး ရေမှာ ၁၈၁ ဦးအထိမြင့်တက်လာခဲ့ပြီး အရင်ရက်တွေ ၃၁ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်မှာ ဗိုင်းရဗ်စ်ကူးစက်မူ လူနာ တွေဟာ အသက် ၂၉ နှစ်မှ ၉၈ နှစ်အတွင်းက အများဆုံးဖြစ်ကြပါတယ်။

ဒါ့အပြင် အသက် ၅၅ နှစ်အရွယ်ရှိဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ကိုရိုနာဗိုင်းရဗ်စ်ကူးစက်ခံရပြီဖြစ်ကြောင်း သူကိုယ်တိုင်အတည်ပြုပြောကြားလိုက်ပါတယ်။ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ဟာ အခုလိုဗိုင်းရဗ်စ်ကူးစက်ခံလိုက်ရတာကြောင့် နေအိမ်မှာသီးခြားခွဲနေပြီး လိုအပ်တဲ့ကျန်းမားရေစောင့်ရှောင့်မူတွေခံယူနေတယ်လို့သိရပြီး နိုင်ငံတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ သိရပါတယ် ။

အင်္ဂလန် ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမူအများဆုံးနိုင်ငံတွေထဲမှာ အီတလီ၊ စပိန်၊ တရုတ်၊ အီရန်၊ ပြင်သစ်နဲ့ အမေရိကန်ပြည်ထောင်စု တို့နောက် အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

Writer :HULK (XYZ News)